စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်း ရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၁ ယောက်က သေနတ် ၁ လက်နဲ့ အလင်းဝင်လာတာကြောင့် ဆုငွေချီးမြှင့်ခဲ့တယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း ၄ ဆီက သိရပါတယ်။

ကန့်ဘလူမြို့နယ်၊ ဇီးကုန်းရဲစခန်းကနေ ရဲတပ်သား ၁ ယောက်က အောက်တိုဘာလ ၁၃ ရက်မှာ G3 ‌သေနတ် ၁ လက် ယူဆောင်လာပြီး ကန့်ဘလူခရိုင် တပ်ရင်း ၄ ဆီ အလင်းဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကန့်ဘလူခရိုင် တပ်ရင်း ၄ အနေနဲ့ လက်နက်နဲ့ အလင်းဝင်ရောက်ခဲ့တဲ့ ရဲတပ်သားရဲ့ နေထိုင်ရေးနဲ့ လိုအပ်တာတွေကို ကူညီထောက်ပံ့မှုတွေလည်း ဆက်ပြီး ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မွန်ပြည်လွတ်မြောက်ရေးတပ်တော် အပတ်စဥ် (၆) အခြေခံစစ် ပညာသင်တန်းဆင်းပွဲ

မွန်ပြည်လွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်ပညာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက် မနေ့က KNU တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ Mon Liberation Army - MLA က ထုတ်ပြန်ထားပါတယ်။
Read More

ဘီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်လို့ ဒေသခံ ၂ ဦးသေဆုံး၊ စစ်တပ်က ရွာသား ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ဟုဆို

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်လို့ ဒေသခံ ၂ ဦးသေဆုံးသွားတယ်လို့ နယ်မြေခံတွေဆီက သိရပါတယ် ။ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ ဘီးလင်းနယ်ထဲက ဖိုးဝါးသိမ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

မင်းတပ်မြို့ပေါ်ကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်၊ ပြည်သူ ၃ ဦး ပြင်းထန်ဒဏ်ရာရ…

ချင်းပြည်နယ်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မင်းတပ်မြို့ကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၃ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ Chin Defence Force - Mindat က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးတွင် ရွာစဥ်လှည့်မီးရှို့သည့် စစ်ကြောင်းနှင့် PDF များတိုက်ပွဲဖြစ်ပွား၊ စစ်အုပ်စုဘက် ၇ ဦး သေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ရွာစဥ်ပတ် မီးရှို့နေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၇ ယောက်သေဆုံး ခဲ့တယ်လို့ Black Eagle PDF (Bagan) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ထားဝယ်မှာ စစ်ကောင်စီတပ် စက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၈ ဦး ထက်မနည်းသေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကြက်စားပြင်ရပ်မှာရှိတဲ့ စစ်ကောင်စီတပ် စက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ထားဝယ် ခရိုင်အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိတ်-ပုလော-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးမှာ တိုက်ပွဲပြင်းထန်လာနိုင်တာကြောင့် ခရီးသွားလာခြင်းမပြုဖို့ သတိပေး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကြဲကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေတာ ၆ ရက်မြောက်ရှိပြီဖြစ်ပြီး မြိတ်-ပုလော-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးမှာလည်း တိုက်ပွဲ ပြင်းထန်လာနိုင်တာကြောင့် ခရီးသွားလာခြင်း မပြုဖို့ ထပ်မံ မေတ္တာရပ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။