ယောဒေသရဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတဲ့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှာ ဆုံးရှုံးသွားတဲ့ ဒရုန်းတွေနဲ့ ဗုံးသီးတွေ ထုတ်လုပ်နိုင်ဖို့ SKY HUNTER ပရောဂျက်ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ပြည်သူတွေနဲ့ လက်တွဲပြီး စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်နေတဲ့  ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ (HYPER UAV FORCE) ဟာယောဒေသမှာစစ်အာဏာရှင်သက်ဆိုးမရှည်စေဖို့လက်ကျန်အကြမ်းဖက်စစ်တပ်စခန်းကိုအပြီးတိုင်တိုက်ထုတ်နိုင်ဖို့လိုအပ်နေပြီလို့ဆိုပါတယ်။

ကမ်ပိန်းကာလကို အောက်တိုဘာ ၂၃ ရက်ကနေ နိုဝင်ဘာ ၃၀ ရက်ထိ သတ်မှတ်ထားပြီး မြန်မာငွေ ကျပ်သိန်း ၂၀၀၀ ရရှိဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

နောက်လာမယ့် စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေမှာ ယောဒေသရဲ့ လင်းယုန်တွေ အရှိန်အဟုန်နဲ့ ပျံဝဲနိုင်ဖို့  ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ (HYPER UAV FORCE) ရဲ့ SKY HUNTER PROJECT မှာ ထောက်ပို့ပြည်သူတွေ ကူညီပံ့ပို့ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့  Facbook စာမျက်နှာ

0 Shares:
You May Also Like
Read More

ကန့်ဘလူမြို့နယ်အတွင်း ဆိုင်ကယ်နှင့် ကင်းပတ်သည့် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ဆိုင်ကယ်နဲ့ ကင်းပတ်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Air Force One အဖွဲ့ထံက သိရပါတယ်။
Read More

မြိုင်မြို့ပေါ် စျေးဝယ်ထွက်လာတဲ့ ရဲ ၂ ယောက် စောင့်ကြိုတိုက်ခိုက်ခံရပြီး ၂ ယောက်လုံးသေ၊ သေနတ် ၁ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ဒီနေ့ နိုဝင်ဘာ ၇ ရက် မနက်ပိုင်းက ချောင်းဆုံဂိတ်ကနေ မြိုင်မြို့စျေးကို ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ၂ ယောက်ကို စောင့်ကြို တိုက်ခိုက်ခဲ့ရာ ၂ ယောက်လုံး သေဆုံးပြီး MA-3 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ JOKER ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့နယ် စွန်းလွန်းအကြမ်းဖက်စစ်တပ်ဂိတ်ကို Fixed Wing Drone တွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ စွန်းလွန်းအကြမ်းဖက်စစ်တပ်ဂိတ်ကို အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းက Shar Htoo WOW နည်းပညာသုံး Fixed Wing Drone တွေနဲ့ ဗုံးသီး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၈) တပ်ရင်းထံက သိရပါတယ်။
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ယာဉ် ၃ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ အကြမ်းစစ်တပ်ယာဉ် ၃ စီးကို စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BRAVE HEART ARMY-BHA အဖွဲ့ထံက သိရပါတယ်။
Read More

နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ယာဉ် ၁ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာကနေ ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၁ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နတ်မောက် ပကဖ ထံက သိရပါတယ်။
Read More

မင်းတပ်မြို့က စစ်ကောင်စီအထိုင်ချစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့ သိမ်းယူနိုင်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အထိုင်ချစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်က ထုတ်ပြန်လိုက်ပါတယ်။