ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့နယ်မှာ စစ်ကောင်စီလက်ပါးစေတွေရှိနေတဲ့ ရပ်ကွက်ရုံး၂ခု တစ်နေ့တည်းဗုံးပစ်တိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေရှိကြောင်း မစ်ရှင်လုပ်ဆောင်ခဲ့တဲ့ Yangon Army (YA) အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အောက်တိုဘာ ၂၃ရက်၊ မနေ့က ညပိုင်းမှာ ရွှေပြည်သာမြို့နယ်ထဲက ()ရပ်ကွက်နဲ့ (၂၁)ရပ်ကွက်ရုံးတွေကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက လက်ပစ်ဗုံးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြင်းအားမြင့် လက်ပစ်ဗုံး ၃လုံးပစ်ခဲ့တာ။ ရုံးပိတ်ခါနီးအချိန်ဆိုတော့ အထဲမှာ အုပ်ကြီးတွေ၊ ရာအိမ်မှူးတွေရှိနေတယ်။ ထိဖို့ ၈၀ရာခိုင်နှုန်းသေချာပါတယ်။လို့ Yangon Army (YA) အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒီဗုံးပစ်တိုက်ခိုက်မှုကို Yangon Army (YA) နဲ့ အနောက်ပိုင်းခရိုင် ပကဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း ၂ရပ်ကွက်ရုံးကို Black Tiger UG Team တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခဲ့ပါသေးတယ်။

၉လပိုင်း ၊ ၈ရက်နေ့က တိုက်ခိုက်မှုမှာ အုပ်ချုပ်ရေးမှူး မထိသွားပါဘူး။ အခုထိ ဆက်ပြီးမိုက်နေဆဲမို့လို့ အခုလိုတိုက်ခိုက်ခဲ့တာပါ။ နောက်လည်း ပြည်သူတွေကို စစ်တပ်အားကိုးနဲ့နှိပ်စက်တဲ့ ဘယ်အုပ်ချူပ်ရေးမှူးမဆို၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးမဆို သူတို့ဆီတနေ့မဟုတ်တနေ့ ကျနော်တို့အရောက်လာခဲ့ပါမယ်လို့ Yangon Army (YA) အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကျင်းပဖို့ရှိနေပြီး ရွေးကောက်ပွဲအကြို ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွေကောက်ခံနေကြတာ ဖြစ်ပါတယ်။

ဒီအတွက် တစ်နိုင်ငံလုံးက တော်လှန်ရေး အင်အားစုတွေကလည်း စစ်အုပ်စုရဲ့သန်းခေါင်စာရင်းကောက်ယူရေးအတွက် အားပေးကူညီနေသူတွေကို အခုလို ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Yangon Army (YA) ၏ သတင်းထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

ကျုံပျော်မှာ AA တပ်ဖွဲ့ဝင်တွေ ရောက်နေတယ်ဆိုပြီး စစ်ကောက်စီက မြို့တွင်းမြို့ပြင် လုံခြုံရေးတင်းကျပ်ထား

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အတွင်းမှာ အရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တွေ ရောက်နေပြီဆိုပြီး စစ်ကောင်စီတပ်က မြို့ရဲ့အတွင်းအပြင် လုံခြုံရေးတင်းကျပ်ကာ ကင်းလှည့်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

ဖရူဆိုကိုသွားသည့် စစ်ကြောင်းမှ စစ်မှုထမ်းတပ်သား ၁ ဦး သေနတ် ၂ လက်နှင့် ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်

မကွေးတိုင်းထဲမှာ စစ်မှုထမ်းစုဆောင်းခံရပြီး စစ်ကြောင်းနဲ့ပါလာသူ ၁ ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ကရင်နီပြည်တပ်မတော် အမှတ် (၅) တပ်ရင်းထံ အလင်းဝင်ခိုလှုံလာတယ်လို့ အဆိုပါ တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

Sagaing People Defence Force Battalion 3 က ရဲဘော်များ၏ စစ်ရေးလေ့ကျင့်မှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းအခြေစိုက် Sagaing People Defence Force Battalion 3 က ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်မှု ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မြို့ကို အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာဖြင့် ဒီနေ့ည ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဒီနေ့ ည ၈ နာရီခွဲဝန်းကျင်မှာ ဗုံးတွေ လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။ 
Read More

ငလျင်ဒဏ်ကြောင့် (TRI) ဗျူဟာ မှ PDF ရဲဘော် ၁ ဦးကျဆုံး၊ ငလျင်ဒဏ်သင့် ပြည်သူများကို အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကူအညီပေးနိုင်ရေး လုပ်ဆောင်နေဟု TRI ဗျူဟာ ပြော

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ၇.၇ ရစ်ချက်တာစကေးရှိ ငလျင်ဒဏ်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာက PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ TRI ဗျူဟာက ထုတ်ပြန်ထားပါတယ်။
Read More

ထိတွေ့ပစ်မှုမရှိဘဲ ရှရော်ခရွာကို စစ်ကော်မရှင်တပ် ဒရုန်းဖြင့် ဗုံးကြဲ၊ ဒေသခံ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ရှရော်ခရွာထဲကို စစ်ကော်မရှင်တပ်က ထိတွေ့ပစ်ခတ်မှုတွေမရှိဘဲ ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။