စစ်ကိုင်းတိုင်း၊ ပုလဲနယ်ထဲက တောင်ယမားဆည်ရေမြင့်တက်လာပေမယ့် စိုးရိမ်စရာမရှိသေးဘူးလို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်အသိပေးလိုက်ပါတယ်။

မိုးများနေတဲ့အတွက် တောင်ယမားချောင်းဟာ ဒီနေ့ အောက်တိုဘာ၂၄ ရက် နေ့လည် ၁ နာရီ အချိန်မှာ ကန်ရေပြည့်မှတ် ၆၆၀ကနေ ၆၆၂ ဒသမ ၅ အထိ ရေတက်လာတဲ့ အတွက် ရေပိုလွှဲက ၂ ပေ ရေကျော်နေတာကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက စောင့်ကြည့်နေကျတာပါ။

စိုးရိမ်စရာမရှိသေးပေမယ့် ချောင်းအတွင်း ရေဆင်းကူးတာ ရေဆော့ကစားတာမျိုးမပြုလုပ်ဖို နဲ့ အရေးကြီး ခရီးသွားများ အနေနဲ့ ချောင်းကို သတိထား ဖြတ်ကူးဖြတ်ကြဖို့ လည်း သတိပေးပါတယ်။

တောင်ယမားဆည် ရဲ့ရေမြင့်တက်လာမှုကို အနီးကပ်စောင့်ကြည့်နေပြီး၊ ပြည်သူတွေကို အချိန်နဲ့ တပြေးညီ အသိပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေက ရေလှောင်တမံတွေမှာ ရေမြင့်တက်လာမှုအခြေအနေတွေကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ကျွမ်းကျင်သူတွေက စောင့်ကြည့်ပြီး အနီးအနားကကျေးရွာတွေကို အသိပေးလျက်ရှိပါတယ်။

(ဓာတ်ပုံ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ )
(ဓာတ်ပုံ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ )
(ဓာတ်ပုံ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ )
0 Shares:
You May Also Like
Read More

စျေးထွက်ဝယ်ရင်း ပစ်ခတ်ခံရပြီး စစ်သား ၃ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ တပ်စွဲရာနေရာကနေ စျေးထွက်ဝယ်တဲ့ အကြမ်းဖက်စစ်သားတွေကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ယောက်သေဆုံးပြီး သေနတ် ၃ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Yephyu People Defense Force က ထုတ်ပြန်ပါတယ်။
Read More

စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖားကန့်ဒေသခံ ၇ ဦး ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကိုရင်တွေနဲ့ အရပ်သားတွေ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကရင်နီမှာ စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပါဝင်သူတွေကို အရေးယူမယ်

ကရင်နီပြည်နယ်မှာ စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်း ကောက်ယူပေးပြီး ရွေးကောက်ပွဲဖြစ်မြောက်ဖို့ ပါဝင်လုပ်ဆောင်သူတွေကို ပြင်းထန်စွာ အရေးယူမယ်လို့  ကရင်နီပြည် ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို က ထုတ်ပြန်လိုက်ပါတယ်။
Read More

တိုက်ပွဲ အခြေအနေတွေကြောင့် မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း လမ်းပိုင်းကို သွားလာခွင့်ပိတ်

မန္တလေးတိုင်းထဲက တိုက်ပွဲအခြေအနေတွေကြောင့် မတ္တရာ-စဉ့်ကူး-သပိတ်ကျင်းလမ်းပိုင်း သွားလာခွင့်ကို ယာယီကန့်သတ်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ကနေ သတင်းထုတ်ပြန်လာပါတယ်။
Read More

စဉ့်ကူးမြို့နယ်မှာ ပြင်းထန်ငလျင်ကြောင့် လူ ၃၄ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရ

မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်မှာ မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်‌ကြောင့် လူ (၃၄) ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်ပါတယ်။