ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက်ဖြစ်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ရင်း စရဖတပ်ကို ရခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး အမှတ် ၃၇၄ အမြောက်တပ်နဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးတပ် COD ကို ထိုးစစ်ဆင်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အမ်းမြို့နယ်အတွင်း အောက်တိုဘာလ ၁၉ရက်နေ့ကတည်းက တိုက်ပွဲတွေ ပြင်းထန်နေပြီး အောက်တိုဘာလ ၂၂ရက်နေ့မှာ စရဖ တပ်ကို AA က သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

အမ်းမြို့နယ်ထဲက အကြမ်းဖက်စစ်တပ်စခန်းတွေကို ရခိုင့်တပ်တော် AAက ထိုးစစ်ဆင်နေတာပါ။ အကြမ်းဖက်စစ်တပ်စခန်းတချို့ကိုလည်းသိမ်းပိုက်ထားနိုင်ပြီး စရဖ တပ်က အကြမ်းဖက်စစ်သားတွေက သူတို့တပ်ရင်းထဲက စစ်တပ် ဆေးတပ်ရင်းကနေ ပြန်လည်ခုခံနေတာလို့ မြေပြင်သတင်းရင်းမြစ်တစ်ယောက်က မောင်းကိုပြောပါတယ်။

သူတို့ ဒရုန်းတွေနဲ့ကင်းလှည့်တာတွေရှိတယ်။ စရဖ တပ်ထဲကိုလည်း အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတာတွေလုပ်တယ်။ ထိခိုက်မှု အခြေအနေတော့ မရှိဘူး။ လက်ရှိမှာ အကြမ်းဖက်စစ်တပ်ရဲ့ စရဖ တပ်ရင်းကို သူတို့လက်လွှတ်လိုက်ရတဲ့အပြင် စစ်ပစ္စည်းထုတ်လုပ်တဲ့ COD တပ်နဲ့ အမှတ် (၃၇၄) အမြောက်တပ် မကျရေး အကြမ်းဖက်စစ်တပ်က ခုခံနေရတယ်။ ရခိုင့်တပ်တော် AA ကလည်း အမြောက်တပ်အပါအဝင် အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းတွေကို ဖိအားပေးထိုးစစ်ဆင်နေတယ်လို့ အထက်ပါသတင်းရင်းမြစ်က ထပ်ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာရှိတဲ့ နယ်စပ်လုံခြုံရေးစစ်ဌာနချုပ်ဖြစ်တဲ့ နခခ ကိုလည်း အရက္ခတပ်တော် AA က ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေပြီး အကြမ်းဖက်စစ်တပ်က နခခ အနီးနားမှာရှိတဲ့ ကျေးရွာတွေကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

အရှိုချင်းကာကွယ်ရေးတပ် – ACDF ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ( ၅ ) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အရှိုချင်းကာကွယ်ရေးတပ် - ACDF ရဲ့ ကိုယ်ပိုင်လေ့ကျင့်ရေးသင်တန်းကျောင်းမှာ ပထမဆုံးအကြိမ် ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၅) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကလေးမှာ စစ်ကောင်စီက အရပ်သားကျေးရွာတွေထဲ လက်နက်ကြီးရော ဒရုန်းနဲ့ပါ တိုက်ခိုက်ခဲ့လို့ ကလေးငယ်​အပါအဝင် ၂ ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်၁ယောက်နဲ့ အမျိုးသမီး၁ယောက် သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ကျောက်စစ်ပုံ အမြောက်တပ်သို့ ပြန်လာသည့် စစ်အုပ်စု ကြားဖြတ်တိုက်ခံရပြီး အများအပြား ထိခို က်သေဆုံးနိုင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သာစည်ရွာကနေ ‌ကျောက်စစ်ပုံ အမြောက်တပ်ဆီ ပြန်လာတဲ့ စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းထံက သိရပါတယ်။
Read More

စဥ့်ကူးတွင် စစ်ဘေးရှောင်များနေထိုင်သည့် စာသင်ကျောင်းကို စစ်တပ်လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၅ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ယောက် သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဖရူဆိုမြို့နယ်တွင် ခမရ ၅၃၁ တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်က ရှေ့တန်းတစ်နေရာကို ပို့ဆောင်ခံရတဲ့ ခမရ ၅၃၁ တပ်ရင်းက တပ်သားတစ်ဦးဟာ တော်လှန်ရေးတပ်ဖွဲ့ထံ လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ကရင်နီတပ်မတော်(KA) တပ်ရင်း ၅ ထံမှ သိရပါတယ်။ “သူက KA တပ်ရင်း ၅ ထဲဝင်လာတာမဟုတ်ဘူးဗျ၊ တပ်ပေါင်းစုဆီကို အလင်းဝင်လာတာဗျ၊ အခြားတပ်ဖွဲ့ဝင်တွေနဲ့အတူ အလင်းဝင်ဖို့လုပ်တာမှာ ကင်းပုန်းဝပ်တဲ့အဖွဲ့နဲ့တိုးပြီး သူတစ်ယောက်ထဲ အလင်းဝင်လာနိုင်တာလို့ ပြောတယ်၊ သူ့တပ်စိတ်မှာ သူက ဒုတပ်စိတ်မှုးလို့လည်း ပြောတယ်” လို့ KA တပ်ရင်း ၅ မှ တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး၏ အခြေခံစစ်ပညာသင်တန်း အပါတ်စဥ်(၄) ကျမ်းသစ္စာကျိန်ဆိုခြင်းနှင့် သင်တန်းဆင်းပွဲ အခမ်းအနား

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) က ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း၊ အပါတ်စဥ်(၄)  ကျမ်းသစ္စာကျိန်ဆိုခြင်းနဲ့ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ ၅ ရက် မနေ့က အညာဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။