မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က သိမ်ဇရပ်မြို့ရှိ တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေအတွင်း လမ်းမှားဝင်လာတဲ့ စစ်ကောင်စီတပ်က ဗိုလ်နဲ့ ဇနီးဖြစ်သူတို့ကို ကရင်အမျိုးသားအစည်အရုံး / ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNU/KNLA ဆီ အပ်နှံခဲ့တယ်လို့ ကျိုက်ထိုမြို့နယ် ပကဖ က အောက်တိုဘာလ (၂၄) ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးအင်အားစုတွေ ဖမ်းဆီးရမိထားတဲ့ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီရဲ့ အမြောက်တပ် အမတ (၃၁၀) က ဗိုလ်အဆင့်ရှိသူနဲ့ ဇနီးဖြစ်သူတို့ကို ကြားကာလ စစ်သုံ့ပန်း ဥပဒေတွေနဲ့အညီ အပြစ်ပေးအရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာ KNU/KNLA ဆီ အပ်နှံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာလ (၁၂) ရက် ညနေပိုင်းမှာ သိမ်ဇရပ်မြို့နယ်၊ သုံးခွကျေးရွာရှိ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီဗိုလ်နဲ့ ဇနီးဖြစ်သူတို့ လမ်းမှားဝင်ရောက်လာခဲ့ရာ KNU ကျေးနယ်အဖွဲ့နဲ့ ကျိုက်ထို ပကဖ က လက်နက်ခဲယမ်းတွေ၊ ယူနီဖောင်းတွေ၊ သက်သေခံလက်မှတ်တွေနဲ့အတူ ဖမ်းဆီးရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

(ဓာတ်ပုံ ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)

0 Shares:
You May Also Like
Read More

မအူပင်မြို့၊ ၁ရပ်ကွက် မြို့အဝင်တံတားပေါ်မှာ ယာဥ်တိုက်မှုဖြစ်ပြီး မြေတိုင်းစာရေးတစ်ဦးသေဆုံး

မအူပင်မြို့၊ အမှတ် ၁ရပ်ကွက် မြို့အဝင်တံတားပေါ် မှာ ယာဥ်မတော်တဆဖြစ်ပြီး၊ လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

ဝန်းသိုတွင် ကျေးရွာမီးရှို့ပြီး ပြန်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ ၃ ဦး ဒဏ်ရာရကာ အရှင်ဖမ်းခံရသူများလည်း ရှိ

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်မှာ ကျေးရွာတွေ မီးရှို့ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

သပိတ်ကျင်း ဇရပ်ကွင်းရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာက စာသင်ကျောင်းကို အကြမ်းဖက် စစ်ကော်မရှင်တပ်က စက်တင်ဘာ ၉ရက် မနေ့ နေ့လယ် ၁နာရီခွဲမှာ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။
Read More

Special Operation Group(SOG) စစ်ကြောင်းရဲ့ အထူးစစ်ဆင်ရေးသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား…

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃) ၊ Special Operation Group - SOG (P-29916) စစ်ကြောင်းက ပြုလုပ်တဲ့ အထူးစစ်ဆင်ရေး မွမ်းမံသင်တန်းနဲ့ မြို့ပြစစ်ဆင်ရေးသင်တန်းရဲ့ သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ SOG စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်တွင် ရိက္ခာလက်နက်အင်အား ပို့ဆောင်သည့် အကြမ်းဖက်စစ်ကြောင်းကို ၅ ကြိမ်ထက်မနည်း ဖြတ်တောက်တိုက်ခိုက်၊ စစ်အုပ်စု ၂၆ ဦး သေဆုံးကာ ကား ၆ စီး မီးရှို့ဖျက်ဆီးနိုင်ပြီး လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းများရရှိ၊ တော်လှန်ရေးရဲဘော်များလည်း ထိခိုက်သေဆုံးမှု ရှိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ စစ်အုပ်စုတပ်စခန်းတွေအတွက် ရိက္ခာပို့ဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ စစ်ကားတွေကို ကြားဖြတ်တိုက်ခိုက်မှုမှာ ကား ၆ စီး မီးလောင်ပျက်စီးပြီး စစ်သား ၂၆ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေလည်း ရရှိခဲ့တယ်လို့ က္လားသစ္ဏတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။