ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မြန်မာသံရုံးကနေ မနေ့က အောက်တိုဘာ ၂၃ ရက်မှာ နိုင်ငံကူးလက်မှတ်၊ MOU လုပ်သားနဲ့ CI စာအုပ်ကိုင်ဆောင်ထားသူတွေကို သက်တမ်းတိုးပေးမယ်လို့ ထုတ်ပြန်လာပါတယ်။

ထုတ်ပြန်ချက်မှာ ထိုင်းနိုင်ငံအတွင်းကို တရားမဝင်ရောက်လာသူဖြစ်စေ၊ တရားဝင် ယာယီနေထိုင်သူဖြစ်စေ အလုပ်လုပ်ကိုင်ခွင့်ကို လျှောက်ထားနိုင်ပြီး ၁ နှစ် နေထိုင်အလုပ်လုပ်နိုင်မှာဖြစ်ကြောင်း၊ MOU လုပ်သားနည်းတူ CI စာအုပ်ကိုင်ဆောင်ထားသူတွေကိုလည်း သက်တမ်း () နှစ်တိုးပေးမှာဖြစ်ကြောင်းပါရှိပါတယ်။

ဒါပေမယ့် Passport ကိုင်ဆောင်ထားသူတွေအနေနဲ့ နိုင်ငံကူးလက်မှတ်အသစ်ကို မြန်မာသံရုံး (ဘန်ကောက်) နဲ့ ကောင်စစ်ဝန်ရုံး (ချင်းမိုင်)တို့မှာပဲ ဆောင်ရွက်ပေးမှာ ဖြစ်ပြီး CI သက်တမ်းတိုးခြင်းကိုတော့နှစ်နိုင်ငံညှိနှိုင်းကာ လဲလှယ်ရမယ့်နေရာကို ထပ်မံအသိပေးသွားမယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် အလုပ်ဟောင်းကနေ ထွက်ပြီး အလုပ်ရှင်သစ် ရှာဖွေနိုင်တဲ့ အချိန်ကာလကို အရင်က ရက် (၃၀) သတ်မှတ်ထားရာက အခု ရက်ပေါင်း (၆၀) တိုးမြှင့်သတ်မှတ်ပေးလိုက်ပါတယ်။ အလုပ်ရှင်အသစ် ထပ်တိုးခြင်း (သို့) အလုပ်ရှင်အသစ်ပြောင်းခြင်းကိုသာဖြည့်စွက်ဖို့ဖြစ်ပြီးအလုပ်ခန့်ထားမှုဆိုင်ရာအချက်အလက်တွေကိုမှတ်ပုံတင်အရာရှိထံတင်ပြခြင်းကိုလည်းကင်းလွတ်ခွင့်ပြုလိုက်တယ်လို့ပါရှိပါတယ်။

ဒါပေမယ့် MOU သက်တမ်းကုန်ဆုံးနေတဲ့ မြန်မာလုပ်သားတွေနဲ့ CI စာအုပ်ကိုင်ဆောင်ထားသူတွေအနေနဲ့ နိုင်ငံကူးလက်မှတ် passport သက်တမ်း အနည်းဆုံး ၂နှစ် ကျန်ရှိနေဖို့ လိုအပ်တယ်လို့ ပြောထားပါတယ်။

မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် စတဲ့ လေးနိုင်ငံက နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေအတွက် ခရီးသွားလာခွင့် စာရွက်စာတမ်း (TD) ထုတ်ပေးခြင်းနဲ့ လာမယ့် အောက်တိုဘာ ၃၁ ရက်မှာ အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးမယ့်သူတွေအတွက် CI စင်တာတစ်ခုကို စမွတ်စခွန်မှာ ဖွင့်လှစ်မှာဖြစ်တယ်လို့လည်း Bangkok Post မှာ ရေးသားဖော်ပြထားပါတယ်။

စစ်ကောင်စီမြန်မာသံရုံး၏ Facebook စာမျက်နှာမှ ထုတ်ပြန်ကြေညာချက်
0 Shares:
You May Also Like
Read More

ရှမ်းမြောက်ပြန် အောင်ပွဲရ PLA ရဲဘော်တွေရဲ့ အိမ်အပြန်လမ်းမှာ ဒေသခံလူထုက သောင်းသောင်းဖြဖြ ကြိုဆို

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ အမှတ် ၁ စစ်ဒေသ တစ်နေရာမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးအတွင်း အောင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားတွေကို အညာဒေသခံပြည်သူလူထုက သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ PLA က ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်ခေါင်းတွင် ရွာမီးရှို့နေသည့် စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်က သိုက်ချောင်းကျွေးရွာကို မီးရှို့ဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ယောက် သေဆုံးကာ ၇ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ပြည်ခရိုင် ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။
Read More

စလင်းမြို့နယ်အတွင်း ခရီးသွားပြည်သူများကို လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ မျှဝေ… (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ တော်လှ‌‌န်ရေးစိုးမိုးနယ်မြေအတွင်း စလင်း(ပကဖ) ရဲဘော်တွေက ခရီးသွားပြည်သူတွေကို လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်တွေ မျှဝေပြီး အသိပညာပေးခဲ့တယ်လို့ ဒီနေ့ မနက်ပိုင်းမှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ရဲ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အခြေစိုက် ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ (သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ) က အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၂၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သမိုင်းဝင် ခြံအမှတ် (၅၄) ကို ထပ်မံစျေးလျှော့ပြီး လေလံပစ်ရန် တရားရုံး အမိန့်ချ

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ သမိုင်းဝင် ခြံအမှတ် (၅၄) ကို ထပ်မံ ဈေးလျှော့ကာ လေလံပစ်ဖို့ ကမာရွတ် တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
Read More

စစ်ကောင်စီ ယာယီအပစ်ရပ်သည့်ကာလအတိုင်း ရက် ၂၀ ကြာ အပစ်အခတ်ရပ်ဆိုင်းမည်ဟု KIO ကြေညာ၊ စစ်တပ်အနေနဲ့ ကိုယ်ကြေညာထားသည့်အတိုင်း လိုက်နာဖို့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် သတိပေး

အကြမ်းဖက်စစ်ကောင်စီက မနေ့က ညပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ယာယီအပစ်ရပ်ကာလ သတ်မှတ်ကြေညာချက်အတိုင်း ကချင်လွတ်လပ်ရေးအဖွဲ့ - KIO က ရက် ၂၀ ကြာ အပစ်အခတ်ရပ်ဆိုင်းထားမယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာထားပါတယ်။