ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် အမှတ် ၃၀ တပ်ရင်း (အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် – ADPRA) က တပ်ရင်းက တပ်ခွဲတွေရှိ ရဲဘော်တွေကို အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို ချီးကျူးဂုဏ်ပြုမှုနဲ့အတူ သီတင်းကျွတ်မုန့်ဖိုး ပေးအပ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ADPRA အနေနဲ့ တပ်ခွဲ ၄ ခွဲ ရှိ စခန်း အမြဲနေ ရဲဘော်တွေအတွက် သီတင်းကျွတ်မုန့်ဖိုးအဖြစ် တစ်ယောက်ကို ကျပ်ငွေ နှစ်သောင်းနှုန်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ADPRA ရဲ့ တပ်ခွဲ ၁ အနေနဲ့ အခုလအတွင်း မိုင်း ဖော်ရရှိမှု Anti personal mine ၄ လုံး ရှိခဲ့ပြီး တပ်ခွဲ ၂ ကတော့ အရင်လအတွင်းက ခြုံခိုတိုက်ပွဲမှာ MA-1 ၃ လက် ရရှိခဲ့သလို တပ်ခွဲ ၃ ကတော့ ဒီပဲယင်း မြို့သိမ်းတိုက်ပွဲအတွင်း BA – 94 တစ်လက် ခွဲတမ်း ရရှိခဲ့ကာ တပ်ခွဲ ၄ အနေနဲ့ကတော့ ပုံမှန် တပ်တွင်းတာဝန်တွေကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ ADPRA)

လတ်တလောမှာလည်း ADPRA ရဲ့ တပ်ခွဲတွေက ထုတ်နှုတ်အင်အား တချို့ ရှေ့တန်းမှာ ပါဝင်တိုက်ခိုက်နေပြီး တပ်ခွဲတွေကနေ အလှည့်ကျ ရဲဘော်တွေကို ရှေ့တန်းစစ်မြေပြင်ဆီ ပို့ဆောင်နေမှုတွေ ရှိတဲ့အပြင် ကာကင်း ထုတ်ခြင်း ၊ မိုင်းရှင်းလင်းရေးနဲ့ တိုက်ကင်း ထွက်ခြင်းတွေကိုလည်း အချိန်ပြည့် ဆောင်ရွက်နေတယ်လို့ ADPRA က ဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ဆက်ဆံရေးအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ စစ်သတင်းလွှာ စာစောင်ကိုလည်း ADPRA အနေနဲ့ အပတ်စဥ် တနင်္ဂနွေနေ့တိုင်းကျေးရွာ ၁၆ ရွာဆီ ဖြန့်ဝေပေးနေသလို တပ်ရင်း စည်းလုံးညီညွတ်ရေးအတွက် ဘောလုံးပြိုင်ပွဲ ကျင်းပဖို့လည်း ရှိတယ်လို့ ADPRA က ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ ADPRA)
0 Shares:
You May Also Like
Read More

စစ်ကောင်စီဘက်က နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ဆုံးရှုံးတော့မယ့် အခြေအနေ ရှိနေသည်ဟု NUG ယာယီသမ္မတ ပြော

၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်း စစ်ကောင်စီရဲ့ ရှုံးနိမ့်မှု၊ ပြိုလဲမှုတွေဟာ ကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်တာကြောင့် နောက်ထပ်တိုင်းစစ်ဌာနချုပ်တွေ မကြာခင် ကျဆုံးတော့မယ့် အခြေအနေတွေ ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတက ပြောကြားလိုက်ပါတယ်။ 
Read More

ရွှေဘို-ရေဦးလမ်းမှာ အကြမ်းဖက်စစ်သားနှင့် ပျူစောထီးများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် ရွှေဘို-ရေဦးလမ်းမှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား နဲ့ ပျူစောထီးအများအပြား သေဆုံးခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု၊ ဒရုန်းဗုံးကြဲမှုအတွင်း စစ်ကောင်စီတပ်က ၅ ဦးသေပြီး ၁၈ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းနဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ၅ ယောက် သေဆုံးကာ ၁၈ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ - လျှပ်စီးတပ်ခွဲက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါက်ခေါင်းမှာ စစ်မှုထမ်းဖို့ လူလိုက်စုပေးနေသူ ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းကိုင်းအုပ်စု၊ ကံကလေးကျေးရွာမှာ စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့ လူလိုက်စုပေးနေသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ PPDF ၃၆၀၁ တပ်ရင်းထံက သိရပါတယ်။
Read More

အားကောင်း ခိုင်မာသော တော်လှန်ရေး ဦးဆောင်မှုတစ်ရပ်ပေါ်ပေါက်စေရန် NUG နှင့် NUCC တို့တွေ့ဆုံ

နွေဦးတော်လှန်ရေးကာလ လေးနှစ်ကျော်ရောက်ရှိလာချိန်မှာ အားကောင်းခိုင်မာတဲ့ တော်လှန်ရေးဦးဆောင်မှုတစ်ရပ် ပေါ်ပေါက်စေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( NUCC) တို့ ဇန်နဝါရီ ၂၅ ရက်နေ့က လေးနာရီကြာ တွေ့ဆုံတယ်လို့ NUCC သတင်းထုတ်ပြန်ပါတယ်။
Read More

နေပြည်တော် သာဝတ္ထိနယ်မြေရဲစခန်းအား လက်လုပ်ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ သာဝတ္ထိနယ်မြေ ရဲစခန်းထဲကို 79 (40)mm ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိနိုင်ကြောင်း မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ Black Leopard UG အဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။