လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ သမိုင်း၀င် နေအိမ်ကို လေလံတန်ဖိုး ၁၀ ဘီလီယံလျှော့ချပြီး လေလံပစ်ဖို့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက တရားရုံးကို လျှောက်ထားတင်သွင်းလိုက်ပါတယ်။

နှစ်ကြိမ်တိုင်တိုင် လေလံပစ်ပြီး လေလံဆွဲမယ့်သူမရှိတဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်က ခြံအမှတ် (၅၄/၅၆) ကို လေလံတန်ဖိုးလျှော့ချပြီး လေလံပြန်ပစ်နိုင်ဖို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားဖြစ်သူ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့အစ်ကိုက တောင်းဆိုလျှောက်ထားလိုက်တာပါ။

(ဓာတ်ပုံ AFP)

မိခင် ဒေါ်ခင်ကြည် အမည်ပေါက်နေအိမ်ကို ရောင်းချပြီး ခွဲဝေယူဖို့ ဦးအောင်ဆန်းဦးက ၂၀၀၁ ခုနှစ်မှာ စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဦးအောင်ဆန်းဦးကို အနိုင်ပေးလိုက်ကာ လေလံတင်ရောင်းချဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

သမိုင်း၀င် နေအိမ်ကို လေလံပစ်ရောင်းချမှုဟာ လုံး၀တရား၀င်မှုမရှိဘဲ လေလံဆွဲ၀ယ်ယူရင် ထိရောက်စွာ အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတိပေးထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးကာ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားပြီး စစ်ကောင်စီက ဦးအောင်ဆန်းဦးကို တရားရေးမှာ တဖက်သတ် အနိုင်ပေးကာ စိတ်တိုင်းကျ လုပ်ဆောင်ခွင့်ပေးထားခြင်းလည်း ဖြစ်ပါတယ်။

(ဓာတ်ပုံ AFP)
0 Shares:
You May Also Like
Read More

ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ဌာနချုပ်မှာ ပြုလုပ်တဲ့ (၇၆) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား…

ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) ဌာနချုပ်တည်ရှိရာ နေရာတစ်နေရာမှာ ဇန်နဝါရီလ (၃၁) ရက်မှာ ကျရောက်တဲ့ ကရင့်တော်လှန်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) အခြေခံစစ်သင်တန်း အပတ်စဥ် (၃/၂၀၂၅) သင်တန်းဆင်းပွဲ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဆီဆိုင်မြို့နယ် တွေပူးကျေးရွာ ရွာသူကြီးကို စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ် ဖမ်းခေါ်သွား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တွေပူးကျေးရွာ ရွာသူကြီးကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးသွားခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီအုပ်ချုပ်မှု ၄ နှစ်ခွဲကာလသည် ပထမစာမျက်နှာဖြစ်ပြီး ဒုတိယစာမျက်နှာကို ဆက်သွားဦးမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

အကြမ်းဖက်စစ်တပ် အာဏာသိမ်းခဲ့ပြီးနောက် ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီရဲ့ ၄ နှစ်ခွဲ သက်တမ်းကာလဟာ ပထမစာမျက်နှာဖြစ်ပြီး ဒုတိယစာမျက်နှာကို ဆက်သွားမယ်လို့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပြုလုပ်တဲ့ စစ်ကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

ပြင်ဦးလွင်မှာ စစ်ကောင်စီဗိုလ်ကြီးဆိုသူက လုပ်ငန်းရှင်တွေကို အွန်လိုင်းပေါ်ကတဆင့် ငွေလိမ်အလှူခံနေ အာဏာပိုင်တွေက ရပ်ကွက်အလိုက် စစ်မှုထမ်းကြေး ငွေသိန်းနဲ့ချီ တောင်းခံမှုတွေရှိနေ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာ  ဗိုလ်လောင်းသင်တန်းပို့ချပေးနေတဲ့ ဗိုလ်ကြီး မျိုးသီဟဆိုသူက အရပ်သားလူငယ်တွေရဲ့ဖုန်းကို အသုံးပြုပြီး လုပ်ငန်းရှင်တွေဆီက ငွေကြေးလိမ်လည်အလှူခံနေကြောင်း ပြင်ဦးလွင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပေါက်တွင် ကပစ ၂၄ စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲ နေ့စဥ်ရက်ဆက်ဖြစ်ပွားနေ၊ စစ်အုပ်စုအထိနာကာ လေကြောင်းဆက်တိုက်သုံးနေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်း ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲတွေ နေ့စဥ်ဖြစ်ပွားပြီး စစ်အုပ်စုဘက်က အများအပြား ထိခိုက်သေဆုံးမှုတွေရှိနေကြောင်း မြိုင်ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။