ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေနဲ့ ချိုးရေ ပြတ်လပ်နေတာကြောင့် ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူတွေ အရေပြားရောဂါ ခံစားနေရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ပထမအပတ်ကနေ စတင်ပြီး ဒိုက်ဦးအကျဉ်းထောင်အတွင်းမှာရှိတဲ့ ရေကန် ၃ကန်ထဲက ကန် ၂ကန်မှာ ရေလုံးဝမရှိတော့ဘဲ ကျန်ရှိနေတဲ့ ရေကန် ၁ကန်မှာလည်း ကြေးနီရောင်ဖြစ်နေတဲ့ ရေတွေကိုသာ အသုံးပြုနေရတယ်လို့ သိရပါတယ်။

အဲဒီလိုရေမသန့်ရှင်းမှုတွေကြောင့်အကျဉ်းထောင်အတွင်းကအကျဉ်းသူတွေမှာအရေပြားပြဿနာကိုကြုံတွေ့နေရပြီးအိမ်သာတက်ရာမှာလည်းအခက်အခဲများစွာရှိနေတယ်လို့သိရပါတယ်။

ဒါ့အပြင် လူဦးရေ (၅၀) သာဆန့်တဲ့ အကျဉ်းခန်းတွေမှာ လူဦးရေ (၈၀) ဝန်းကျင်ခန့်ကိုပြည့်ကျပ်စွာထားရှိတာကြောင့်လည်းအရေပြားရောဂါပြဿနာဟာတနေ့တခြားဆိုးဝါးလာနေတယ်လို့သိရပါတယ်။

အခုလိုအရေပြားရောဂါတွေဖြစ်နေတာကိုအကျဉ်းထောင်တာဝန်ရှိသူတွေသိရှိပေမယ့်လုံလောက်တဲ့ဆေးဝါးကုသမှုဆောင်ရွက်မပေးသလိုမိသားစုဝင်တွေပေးပို့တဲ့ဆေးဝါးတွေကိုလည်းကန့်သတ်ပိတ်ပင်ထားတယ်လို့သိရပါတယ်။

လူတစ်ယောက်အသက်ရှင်နေထိုင်ရေးအတွက် အဓိက လိုအပ်ချက်ဖြစ်သည့် ရေမရရှိခြင်းသည် ဒိုက်ဦးအကျဥ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသူများအတွက် လူ့အခွင့်အရေးကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ခံနေရခြင်း ဖြစ်သည်။လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ Women’s Organization Of Political Prisoners)
0 Shares:
You May Also Like
Read More

မြင်းခြံတွင် မဲရုံစောင့်နေသည့် ပျူစောထီးအဖွဲ့ဝင်တစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ပေါ်မှာ မဲရုံလုံခြုံရေးစောင့်နေတဲ့ ပျူစောထီးအဖွဲ့ဝင်တစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ Myingyan Twenty-One Guerilla Force တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖယ်ခုံမှာ စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အပါ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုသမီး ၁ ယောက်အပါအဝင် ပြည်သူ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ - PK Police က ထုတ်ပြန်ထားပါတယ်။
Read More

မာနယ်ပလောဒေသ ရရှိရေး စစ်ဆင်ရေး လုပ်ဆောင်ခဲ့သည့် တပ်မှူး (၂) ဦးကို ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဌာနချုပ်ဟောင်း မာနယ်ပလောဒေသ ရရှိရေးအတွက် စစ်ဆင်ရေးလုပ်ဆောင်ခဲ့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က တပ်မှူး (၂) ယောက်ကို ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် KIA၊ KPDF ပူးပေါင်းတပ်များနှင့် စစ်ကော်မရှင်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား၊ အပြန်အလှန် ပစ်ခတ်မှုအတွင်း သံဃာတစ်ပါးအပါ ၄ ဦး ထိမှန်ဒဏ်ရာရ…

“မနေ့ကလည်း တောက်လျှောက်ဖြစ်နေတာ ၊ ဒီမနက်မှာလည်း ထပ်ဖြစ်တယ်။ မှော်တောင်းကျေးရွာမှာရှိတဲ့ ဂိတ်ကို သူတို့က စစ်ကြောင်းထိုးတယ် ၊ အဲ့မှာ တိုက်ပွဲပြင်းထန်ပြီးတော့ ဂိတ်ကလည်း ဆုတ်ပေးလိုက်ရတယ်။တိုက်ပွဲအပြန်အလှန်ပစ်ခတ်ချိန်မှာ လက်နက်ကြီးကျတော့ အဲ့မှာ ကလေးတွေ ထိတယ်။ သံဃာတော် တစ်ပါးလည်း ထိတယ် ” လို့ ဖားကန့်နယ်ခံတစ်ယောက်က ပြောပါတယ်။
Read More

ငဖဲမြို့နယ်၊ နောင်ကျေးရွာကို စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ အဘွားအို ၁ ဦးသေဆုံးပြီး မိန်းကလေးငယ် ၁ ဦး ဒဏ်ရာရ…

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ယောက်သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နေပြည်‌တော်လမ်းပိုင်းမှာ PLA က ၃နာရီကြာ ထိန်းချုပ်စစ်ဆေးစဉ် စစ်ကောင်စီ ဗိုလ်မှူး၊ တပ်ကြပ်နှင့် ရဲဒုတပ်ကြပ်တို့ကို ဖမ်းမိ၊ အပြန်လမ်းမှာ တိုက်ပွဲဖြစ်ပြီး သုံ့ပန်း ၃ ဦးလုံး သေဆုံး

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် လမ်းပိုင်းတနေရာမှာ OPRF - PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစု - ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ၃ နာရီကြာ လမ်းထိန်းချုပ်ထားစဉ်မှာ ကပစ ဗိုလ်မှူး ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၃ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစုကနေ သတင်းထုတ်ပြန်ထားပါတယ်။