ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း ကရင်အမျိုးသားအစည်းအရုံး – KNU ရဲ့ ခရိုင်တာဝန်ရှိသူတွေနဲ့ ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ (CIDKP)တို့က စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

KNU ရဲ့ ကျန်းမာရေးနဲ့ ကယ်ဆယ်ရေးဌာနလက်အောက်မှာရှိတဲ့ ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များ ဆိုင်ရာကော်မတီ (CIDKP)က ဗဟို၊ခရိုင်တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး အောက်တိုဘာ (၁၁) ရက်မှာ  မြို့နယ်()ခုအတွင်း ကျေးရွာပေါင်း  (၂၉)ရွာက အိမ်ခြေ (,၀၉၃)လုံးရှိ စုစုပေါင်းလူဦးရေ (၁၆,၁၁၂) ယောက်ကို မြန်မာငွေ (၇၅၉,၉၆၄,၀၀၀) ကျပ် သွားရောက်ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ မြို့နယ်()ခုအတွင်း  ပြီးခဲ့တဲ့စက်တင်ဘာလကနေ ဒီနေ့အချိန်ထိ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာတွေအတွင်း လက်နက်ကြီး၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခြင်းနဲ့ သဘာဝဘေး အန္တရာယ်တွေ ရင်ဆိုင်ကြုံတွေ့နေရတာတို့ကြောင့် စားဝတ်နေရေးအကျပ်အတည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

 

(ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

စစ်သုံ့ပန်း သတ်ဖြတ်ခဲ့တဲ့ AA ရဲဘော်တချို့ကို အရေးယူအပြစ်ပေးပြီးပြီ ဟု AA ပြောခွင့်ရ ခိုင်သုခ ပြော၊ ဥပဒေမဲ့ သတ်ဖြတ်မှုမျိုးကို လုံး၀ လက်မခံဘူး ဟု ဆို

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

Chinland Defense Force, Kalay-Kabaw-Gangaw (CDF – KKG) ရဲ့ ခရစ်စမတ်ပွဲတော် (ဓာတ်ပုံသတင်း)

Chinland Defense Force, Kalay-Kabaw-Gangaw (CDF - KKG) အနေနဲ့ ခရစ်စမတ်ပွဲကို ဩစတြေးလျက အလှူရှင် ( ၂ ) ယောက် ပါဝင် လှူဒါန်း ပြုလုပ်ပေးခဲ့မှုနဲ့အတူ တပ်ဖွဲ့အတွင်း မနေ့က ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ CDF-KKG က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

သဲကုန်းမှာ သန်းခေါင်စာရင်းကောက်ယူမှု အားတက်သရော လုပ်ပေးနေတဲ့ အုပ်ချုပ်ရေးမှူးကို သွားရောက်ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်း ဝင်းဘရားသားရပ်ကွက် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ PPDF တပ်ရင်းကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်ရှိ ရွာ ၂ ရွာကို စစ်ကောင်စီ ထပ်မံလေကြောင်းတိုက်ခိုက်၊ ဇူလိုင်လ ပထမ ၁၀ ရက်အတွင်း သပိတ်ကျင်းကို ၃ ကြိမ်မြောက် တိုက်ခိုက်မှုဖြစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာ ၂ ရွာကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်မင်းအောင်လှိုင်နှင့် သူ့အား လက်ခံကြိုဆိုသူ ရုရှားသမ္မတ ပူတင်ကို ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ် (ဓာတ်ပုံသတင်း)

အကြမ်းဖက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ခြင်း၊ အကြမ်းဖက်စစ်တပ်ကို ကြိုဆိုလက်ခံတဲ့ ရုရှားသမ္မတပူတင်ရဲ့ ဖမ်းဝရမ်းပုံတွေအပြင် ယူကရိန်းနဲ့အတူ မြန်မာပြည်သူတွေ အတူတကွ ရပ်တည်ကြောင်း ရန်ကုန်မြို့ နေရာအနှံ့အပြားမှာ စာရွက်တွေ လိုက်လံကပ်ခြင်းလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အောက်တိုဘာလထဲ စစ်ကောင်စီဗုံးကြဲလို့ ယောမှာ YPDF တပ်ဖွဲ့ဝင်၂ ယောက် အပါအဝင် ၁၀ ယောက်သေဆုံးပြီး အယောက် ၃၀ ကျော် ဒဏ်ရာရ

အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီက ယောဒေသကို လေကြောင်းတိုက်ခိုက်မှု ၈ကြိမ် လုပ်ဆောင်ခဲ့ရာ YPDF တပ်ဖွဲ့ဝင်၂ယောက်နဲ့ ​အရပ်သား၈ယောက်သေဆုံးပြီး နေအိမ်အဆောက်အဦးတွေ၊ အိမ်မွေးတိရစ္ဆာန်တွေထိခိုက်သေကြေခဲ့တယ်လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ထုတ်ပြန်ပါတယ်။