ရခိုင်ပြည်နယ် ဂွမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ကြွေချိုင်တပ်စခန်းကို အရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်နေတာကြောင့် ဒေသခံတချို့ကို AA က ကယ်ထုတ်နေကြောင်း သိရပါတယ်။

ကြွေချိုင်ကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ယာယီအထိုင်တပ်စခန်းချထားတာဖြစ်ပြီး အဲဒီစခန်းကို အောက်တိုဘာလ ၂၁ရက်နေ့မှာ ရခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်ရဲ့စခန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ။ စခန်းမှာရှိတဲ့ စစ်သားတွေ အသေအပျောက်များပြီး ဆုတ်ခွာထွက်ပြေးသွားရာကနေ ပင်လယ်ရေကြောင်းကနေ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်နေတယ်။ လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ကြွေချိုင်ကျေးရွာ ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် ကြွေချိုင်ကျေးရွာက လူနေအိမ် ၅လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ဒေသခံတချို့ကို ရခိုင့်တပ်တော် AA က ကယ်ထုတ်ထားရတယ်လို့ အထက်ပါဒေသခံက ဆက်ပြောပြပါတယ်။

ကြွေချိုင် စစ်တပ်အထိုင်စခန်း သိမ်းယူရရှိမှုနဲ့ ပတ်သက်လို့ ရခိုင့်တပ်တော် AA ဘက်ကတော့ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ အကြမ်းဖက်စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက နယ်မြေတွေတစ်ခုပြီးတစ်ခု AA ထံ လက်လွှတ်ပေးနေရတာဖြစ်ပြီး လက်ရှိမှာလည်း မောင်တော၊ ဂွ နဲ့ အမ်းမြို့နယ်တို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ ၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေး ရုံးအဖွဲ့က တာဝန်ခံအသီးသီးနဲ့ ပကဖ ရုံး လက်ရုံးတပ်ဖွဲ့တွေ စုပေါင်းပြီး ပကဖ ၃ နှစ်ပြည့်အခမ်းအနားကို နိုဝင်ဘာလ ၂၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျုံဒိုးတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားအမျိုးသမီး (၁) ဦး နှလုံးဖောက်သေဆုံး…

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၁ ယောက် နှလုံးဖောက်သေဆုံးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကော်မရှင်မှ ရွေးကောက်ပွဲကို ထိခိုက်စေရန် လှုံ့ဆော်သူများကို အကြမ်းဖက် အရေးယူနေ၊ ဆက်ပြီး အရေးယူဖို့ စစ်အုပ်စု၏ ပြည်ထဲရေးဝန်ကြီး ပြော…

အကြမ်းဖက်စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆန့်ကျင်စာတွေ၊ ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်စာတွေကို အွန်လိုင်းပေါ်မှာ ရေးသားဖြန့်ဝေသူတွေကို အရေးယူနေတယ်လို့ စစ်အုပ်စုရဲ့ ပြည်ထဲရေးဝန်ကြီးဆိုသူ ထွန်းထွန်နောင်က ပြောပါတယ်။
Read More

မန္တလေးအိုးဘို အကျဉ်းထောင် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် နိုင်ငံရေးအကျဉ်းသား (၇)ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း PPNM ထုတ်ပြန်…

“ဒရုန်းကြဲတဲ့ အဖွဲ့ကို ကျွန်တော်တို့ အနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီက ကြဲတာလား… တော်လှန်ရေးအင်အားစုတွေက ကြဲတာလား ဆိုတာကို တိတိကျကျ ပြောဖို့ အခက်အခဲရှိပါတယ်၊ ကျွန်တော်တို့ အချက်အလက် ရရင်တော့ တရားဝင်ထုတ်ပြန်မှာ ဖြစ်ပါတယ်။ ဒရုန်နဲ့ကိုမှ Drop ဗုံးချခဲ့တာ ဖြစ်ပါတယ်” လို့ PPNM မှ ကိုသိုက်ထွန်းဦးက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် ကြေညာထားသည့် စစ်ကောင်စီ နောင်ချိုမှာ ဒရုန်း၊ ဂျက်ဖိုက်တာများဖြင့် လာရောက်ဗုံးကြဲ

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာထားပေမယ့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ တောင်လှရွာနဲ့ ဂေါ်ရခါးရွာကို ဒရုန်း၊ ဂျက်ဖိုက်တာတို့နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ရှမ်းတောင်မှာ PNLA နဲ့ Federal Wings ဒရုန်းတပ်ဖွဲ့ ပူးပေါင်းပြီး စစ်ဆင်ရေး ဖော်ဆောင်နေ (ဓာတ်ပုံသတင်း)

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နဲ့ Federal Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်နေတယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။