မြန်မာကို အင်အားကြီးနိုင်ငံတွေက နိုင်ငံပြိုကွဲအောင် သွေးခွဲမှုတွေကို အစီအစဉ်တကျ လုပ်ဆောင်နေတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကို  နိုင်ငံတချို့က သူတို့အလိုကျ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ခွင့်မရှိတဲ့နိုင်ငံဖြစ်အောင် ကြိုးပမ်းနေတယ်လို့ စိုးဝင်းက (၇၇) နှစ်မြောက် လွတ်လပ်ရေးအခမ်းအနားကျင်းပရေး ဗဟိုကော်မတီအစည်းအဝေးမှာ ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံအနေနဲ့ အင်အားကြီးနိုင်ငံတွေကြားမှာရှိပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ တစ်ရာကျော်နဲ့ ဖွဲ့စည်းထားတာကြောင့် သွေးခွဲလိုတဲ့ နိုင်ငံတွေရဲ့ ရန်ကို အထူးဂရုပြုဖို့ စိုးဝင်းက မှာကြားလိုက်ပါတယ်။

တချို့နိုင်ငံတွေဟာ လွတ်လပ်ကြပေမယ့် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုမရှိကြောင်း၊ နိုင်ငံတချို့ဟာ အချုပ်အခြာ အာဏာပိုင်ဆိုင်ကြပေမယ့် လွတ်လပ်မှု မရှိကြသလို ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ Balance of Power လို့ခေါ်တဲ့ အင်အားချိန်ခွင်လျှာ ပျက်ယွင်းခြင်းတွေကို တွေ့မြင်ရတယ်လို့ လည်းဆိုပါတယ်။

ငါနဲ့မတူ ငါ့ရန်သူ ဆိုပြီး ဖိအားပေးမှုတွေ၊ ငါနဲ့တူပေမယ့် ငါ့အလိုကျ ကြိုးဆွဲကနိုင်ဖို့ ရုပ်သေးအစိုးရဖြစ်စေရေး ကြိုးစားမှုတွေကို ဒီနေ့ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ တွေ့နေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့အရေးမှာ အနောက်နိုင်ငံတွေက ကြီးစိုးချယ်လှယ်နေတယ်လို့ မကြာခဏ ဝါဒဖြန့်လေ့ရှိနေတာပါ။

တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကိုလည်း အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက ပံ့ပိုးထောက်ပံ့ကူညီမှုတွေ ပြုလုပ်နေတယ်လို့လည်း မကြာခဏ စွပ်စွဲပြောဆိုလေ့ရှိနေတာ ဖြစ်ပါတယ်။

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားနေသည့် ဒုစစ်ခေါင်းဆောင်စိုးဝင်း (ဓာတ်ပုံ SAC ပြန်ကြားရေး)
0 Shares:
You May Also Like
Read More

စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးနယ်မြေမှာ စစ်တပ် eVTOL ဒရုန်း ၁ စီးကို ဖြူး ပကဖ က သိမ်းဆည်းရမိ (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးနယ်မြေမှာ အကြမ်းဖက် စစ်တပ်ရဲ့ eVTOL ဒရုန်း ၁ စီးကို ဒီဇင်ဘာ ၂၂ ရက်က သိမ်းဆည်းရရှိခဲ့တယ်လို့ ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

တောင်ဥက္ကလာတွင် လုံခြုံရေးဝန်ထမ်း ၁ ဦး ကြိုးဆွဲချ သေဆုံး

ရန်ကုန်တိုင်း၊ တောင်ဥက္ကာပမြို့နယ်မှာ ညစောင့် လုံခြုံရေးဝန်ထမ်း ၁ ယောက် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေခဲ့တယ်လို့ ရုပ်အလောင်း သွားရောက်သယ်ဆောင်ပေးခဲ့တဲ့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းထံက သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်မှာ တစ်ပတ်အတွင်း စစ်ကောင်စီတပ် ဒရုန်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ပြည်သူ (၆) ယောက် ထိခိုက်ဒဏ်ရာရကာ ပြည်သူ (၁) ယောက်ကိုလည်း စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ နိုဝင်ဘာလ (၂၀) ရက်ကနေ (၂၆) ရက်အတွင်း စစ်ကောင်စီတပ်က ကျေးရွာတွေအတွင်း လက်နက်ကြီး(၁၈)လုံး၊ ဒရုန်းနဲ့ အကြိမ် (၂၀)ကြိမ် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ (၆) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့အပြင် အပြစ်မဲ့ ပြည်သူ (၁) ယောက်ကို စစ်ကောင်စီတပ် အကြောင်းမဲ့ဖမ်းဆီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် “တစ်ခုတည်းသော ဗဟိုကွပ်ကဲမှု” အောက်တွင် စုစည်းရန် KIO နှင့် NUG ခေါင်းဆောင်များ တိုက်တွန်း

စစ်အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒ အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် တော်လှန်ရေးအင်အားစုအားလုံး တစ်ခုတည်းသော ဗဟိုအမိန့်ပေးကွပ်ကဲမှုအောက်မှာ စုစည်းညီညွတ်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်တွေက ၂၀၂၆ ခုနှစ်၊ နှစ်သစ်ကူးမိန့်ခွန်းတွေက တဆင့်တိုက်တွန်းပြောဆိုလိုက်ပါတယ်။
Read More

ဆစ်ဒနီမှာ တော်လှန်အနုပညာရှင် ဖြူဖြူ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပမည်

ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ တော်လှန်အနုပညာရှင် တစ်ယောက်ဖြစ်သူ ဖြူဖြူကျော်သိန်းက တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပသွားမယ်လို့ သိရပါတယ်။
Read More

ဆောင်းဦးရာသီ စပါးရိတ်ဖို့ လယ်သမားတွေကို MNDAA ကူညီရိတ်သိမ်းပေး… (ဓာတ်ပုံသတင်း)

ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA) က ဆောင်းဦးရာသီမှာ လယ်သမားတွေကို ကူညီပြီး စပါးရိတ်သိမ်းပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။