ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေရဲ့ အခိုက်အမာစခန်းနေရာ ၄ ခု ကို တိုက်ခိုက်သိမ်းပိုက်ပြီး အကြမ်းဖက်သမား အလောင်းတွေနဲ့ အကြမ်းဖက်စစ်ကောင်စီက တပ်ဆင်ပေးထားတဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) ကထုတ်ပြန်ထားပါတယ်။

မောင်တောနဲ့ ဘူးသီးတောင်မြို့ပတ်ဝန်းကျင်က အစွန်းရောက် အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ခိုအောင်းနိုင်တဲ့ နေရာတွေနဲ့ အကြမ်းဖက်စစ်ကောင်စီ သင်တန်းပေး လက်နက် တပ်ဆင်ပေးထားတဲ့ လက်နက်ကိုင်တပ် အချို့ကို AA က လိုက်လံရှင်းလင်းနေရာ ဘူးသီးတောင်မြို့နယ်၊ ခရုချောင်း (မူဆလင်) ကျေးရွာရဲ့ အနောက်မြောက်ဘက် (.) ကီလိုမီတာအကွာအဝေးမှာရှိတဲ့ တောင်တန်းမှာ အောက်တိုဘာလ (၁၉) ရက် နေ့လယ်ပိုင်းက စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ AA က ဆိုပါတယ်။

အဲဒီနောက် ထိတွေ့တိုက်ပွဲ () ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး အစွန်းရောက် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ အခိုင်အမာစခန်းချနေထိုင်တဲ့ နေရာ ()နေရာကို သိမ်းပိုက်နိုင်ခဲ့ကာ အကြမ်းဖက်စစ်ကောင်စီ တပ်ဆင်ပေးထားတဲ့ လက်နက်ခဲယမ်းတွေအပြင် လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ (၂၂) ရက် မွန်းတည့်အချိန်ခန့်မှာလည်း မောင်တောမြို့နယ်၊ ဂြင်းတောစခန်းရဲ့ အရှေ့ဖက် (.) ကီလို မီတာအကွာမှာ ထွက်ပြေးနေတဲ့ ARSA တပ်ဖွဲဝင်တွေနဲ့ AA တို့ မိနစ်အနည်း ငယ်ခန့်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ထွက်ပြေးလွတ်မြောက်နေတဲ့ အစွန်းရောက်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ ဝင်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီက စစ်သင်တန်းပေးပြီး   လက်နက်တပ်ဆင်ပေးထားတဲ့ မူဆလင်တပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းတိုက်ခိုက်နေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

 

(ဓာတ်ပုံ AA Info Desk)

0 Shares:
You May Also Like
Read More

ဖြူး-အုတ်ဖြတ်လမ်းပိုင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇ ဦး သေ

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဖြူး-အုတ်ဖြတ်လမ်းပေါ်က တာကျိုးလမ်းဆုံမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) အာဠာဝကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

ခေါပုတ် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သားအလောင်း ၁၄ လောင်း ရရှိပြီး စစ်ကောင်စီ ဗိုလ်ကြီး ၃ယောက် အပါအ၀င် စစ်သုံ့ပန်းအများအပြား ဖမ်းမိခဲ့

ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ ဗိုလ်ကြီး ၃ ယောက်အပါအဝင် စစ်သုံ့ပန်း ၁၇ ယောက် ဖမ်းဆီးရမိခဲ့ပြီး စစ်သား အလောင်း ၁၄ လောင်းကိုပါ ရရှိခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က သတင်းထုတ်ပြန်ပါတယ်။
Read More

ငလျင်လှုပ်ချိန် စားပွဲအောက်မှာ ဝင်ပုန်းခဲ့ရတယ်လို့ မင်းအောင်လှိုင် ဝန်ခံ

နေပြည်တော်မှာ ငလျင်လှုပ်ခတ်နေချိန် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်တစ်ယောက် စားပွဲအောက် ဝင်ရောက်ပုန်းခိုခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
Read More

မင်းလှတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေ၊ နှစ်ဖက် ထိခိုက်သေဆုံးမှုရှိသလို အရပ်သား သေဆုံးမှုများလည်းရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ  ၂ရက်ဆက်ဖြစ်ပွားနေပြီး နှစ်ဘက်ထိခိုက်သေဆုံးမှုတွေရှိသလို စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲရက်ဆက်ဖြစ်ပြီး စစ်တပ်က မြေပြင်ကရော လေကြောင်းနဲ့ပါ အင်အားသုံးတိုက်ခိုက်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက အင်အားသုံးစစ်ကြောင်းထိုးကာ လေကြောင်းတိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့ကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
Read More

မတ္တရာမြို့နယ် ပကဖ တိုက်ခိုက်ရေး ရဲဘော်တွေရဲ့ အပတ်စဉ် ၁ မွမ်းမံသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ပကဖ တိုက်ခိုက်ရေးရဲဘော်တွေရဲ့ မွမ်းမံသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။