စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ မြောင်မြင်းမချောင်းဦးလမ်းဆုံမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ် သားတွေကို စက်တင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးတပ်တွေ စစ်ကြောင်း ၂ ကြောင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်၁၂ တပ်ရင်း ၊ တပ်ခွဲ၃ ထံက သိရပါတယ်။

မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲပြီး လမ်းသွားပြည်သူတွေကို ငွေကြေးတောင်းခံနေတဲ့ အကြမ်းဖက်စစ်သားတွေကို Fixed wings ဒရုန်း ၁၀ ၊ Multi rotor အမျိုးစားဒရုန်း ၁ စီး စုစုပေါင်း ဒရုန်း ၁၁ အစီးနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ပြီး မြောင်မြင်းမချောင်းဦးလမ်းဆုံမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ၆၀ မမ စိန်ပြောင်းနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေရဲ့ ထိခိုက်မှုကို မြေပြင်အခြေအနေရ အသေးစိတ် အတည်ပြုနိုင်သေးဘူးလို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို စစ်ကိုင်းခရိုင် တပ်ရင်း(/ / )၊ ဒေသတွင်း တော်လှန်ရေး အင်အားစုများ၊ရေနဂါးပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ကျားခင်စိန်အဖွဲ့(‌မြောင်)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြ တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်တွင် စစ်တပ်၏ လက်နက်ကြီးကျည် လူနေရပ်ကွက်ထဲ ကျရောက်ခဲ့သည့် မှတ်တမ်းရုပ်သံ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင်မှာ နိုဝင်ဘာ ၂၁ ရက် မနေ့ညပိုင်းက လက်နက်ကြီးပစ်ခတ်သံနဲ့ ပေါက်ကွဲသံတွေ ထွက်ပေါ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်မှာ အရက်မူးနေတဲ့ ကားသမားကြောင့် လူ ၁ ဦး သေဆုံး (ရုပ်/သံ)

ထိုင်းနိုင်ငံ  စမွတ်စခွန်ခရိုင် မှာ အရက်မူးနေတဲ့ မြန်မာကားသမားကြောင့် မြန်မာ ၁ ဦး သေဆုံးခဲ့ပါတယ်။
Read More

မြိတ်မြို့ဘက်မှ တနင်္သာရီဘက် မောင်းနှင်လာသည့် အကြမ်းဖက်စစ်တပ်ယာဉ် ၂ စီးကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်းအတွင်း မြိတ်မြို့ဘက်ကနေ တနင်္သာရီဘက် မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရိက္ခာပို့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီး ကြဲချတိုက်ခိုက်၊ စစ်သား ၆ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်အခြေစိုက် ခလရ ၇၃ ကနေ သပြေညွန့်စခန်းကို ရိက္ခာလာပို့တဲ့ အကြမ်း ဖက်စစ်တပ်စစ်ကြောင်းကို ဧပြီ ၂၈ ရက်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ယောနသံဒရုန်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

နွားခြံကုန်းနဲ့ အင်းကြီးရွာကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ် ကျုံဒိုးမြို့မှ နွားခြံကုန်းနဲ့ အင်းကြီးရွာသို့ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် ၁၀ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိပြီး အများအပြားသေဆုံးခဲ့တယ်လို့ ပျံလွှားစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေကို Fixed Wing Drone တွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေကို အောက်တိုဘာ ၃ ရက်က Shar Htoo WOW နည်းပညာသုံး Fixed Wing Drone တွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းထံက သိရပါတယ်။