မကွေးတိုင်း၊ စလင်းမြို့နယ်က အကြမ်းဖက်စစ်ကောင်စီတပ်တွေ ရှိနေတဲ့ နေရာ  ၄ ခုကို ဒရုန်းတွေ၊ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁၀ယောက်ထက်မနည်း သေဆုံးကြောင်း မင်းဘူးခရိုင်၊ အမှတ် ၅ တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့ မနက်ပိုင်းကစလို့ စလင်းမြို့နယ်ထဲက စစ်ကောင်စီတပ်တွေရှိနေတဲ့ နေရာ ၄ ခုကို တစ်နေ့တည်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ ၊ ဆုတ်လေဦးလမ်းခွဲအနီးမှာရှိတဲ့ စစ်တပ်အထိုင်ချကင်းစခန်းငယ်ကို ဒရုန်းနဲ့ ဗုံးသီးအကြီး ၂လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနာက်မှာတော့ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းနဲ့ အထိုင်ချစခန်းတွေဆီ အဝေးပစ်ရော့ကတ် ၆လုံးပစ်ခတ်တိုက်ခိုက်ရာ ပစ်မှတ်ကို ၄လုံးထိမှန်ခဲ့ကြောင်း မင်းဘူးခရိုင်၊ အမှတ် ၅တပ်ရင်းက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် တပြိုက်နက်တည်းမှာပဲ ကံပြား၊ သစ်ခေါက်တောင် ရွာက စစ်ကောင်စီကင်းစခန်းတွေကိုလည်း ၆၀မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ဒီစစ်ဆင်ရေးတစ်ခုလုံး စစ်ကောင်စီဘက်က ၁၀ယောက်ထက်မနည်း သေပါတယ်လို့ မင်းဘူးခရိုင်၊ အမှတ် ၅တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကို မင်းဘူးခရိုင်အမှတ် ၅တပ်ရင်းနဲ့အတူ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ စလင်းပကဖ၊ မင်းဘူးခရိုင်ပကဖ ဒရုန်းလက်ရုံးအဖွဲ့၊ ဒေါင်းညီနောင်ပြောက်ကျားအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း၏ ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

ကိုယ်ဝန်ဆောင်ပြည်သူ အမျိုးသမီး၏ သားဦးကို စလင်း (ပကဖ) ဆေးတပ်သားများ အောင်မြင်စွာ မွေးဖွားပေး

မကွေးတိုင်း၊ စလင်းမြို့နယ် တော်လှန်ရေးစိုးမိုးနယ်မြေအတွင်းရှိ ကိုယ်ဝန်ဆောင်ပြည်သူ အမျိုးသမီးတစ်ယောက်ရဲ့ သားဦးကို စလင်း (ပကဖ) ဆေးတပ်သားတွေက အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

အရပ်သားများကို ဗုံးကြဲပြီးပြန်သည့် စစ်တပ် Gyrocopter တစ်စီး ပျက်ကျပြီး အကြမ်းဖက်စစ်သား ၂ ဦး သေ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မန်ကျည်းကုန်းတောင်ရွာကို ဗုံးကြဲပြီးပြန်တဲ့ စစ်တပ် Gyrocopter တစ်စီး ပျက်ကျပြီး စစ်သား ၂ယောက် သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာနနဲ့ PDF တပ်ရင်း-၃ အာဠာဝကစစ်ကြောင်းတို့က အသီးသီး ထုတ်ပြန်ထားပါတယ်။
Read More

စစ်မှုထမ်းဥပဒေအရ စုဆောင်းခံခဲ့ရတဲ့ စစ်သား ၁ ယောက် KNDF ထံ လက်နက်နဲ့ အလင်းဝင်လာ

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းခဲ့ရတဲ့ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် ၃၄ က ထုတ်ပြန်ထားပါတယ်။    
Read More

စစ်ကိုင်းတွင် ဆက်ကြေးကောက်ရန် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ကန်တလူရွာအနီး ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ ပျူတွေနဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ Generation Z Power က သတင်းထုတ်ပြန်ပါတယ်။ 
Read More

MDY-PDF စိုးမိုးနယ်မြေအတွင်း လူထုတွေ့ဆုံပွဲများနှင့် လေကြောင်းရန် ကာကွယ်ရေး အသိပညာမျှဝေပွဲများ ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ထိန်းချုပ်စိုးမိုးနယ်မြေတွေမှာ လူထုတွေ့ဆုံပွဲတွေနဲ့ လေကြောင်းရန် ကာကွယ်ရေးအသိပညာမျှဝေပွဲတွေ ပြုလုပ်ခဲ့တယ်လို့ MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု၏ ရာဇဝတ်မှုများတွင် ကျူးလွန်သူ၊ စေခိုင်းသူ၊ ပံ့ပိုးကူညီသူနှင့် သတင်းမှား ဖြန့်ချိသူအားလုံးကို အရေးယူနိုင်ရေး လုပ်ဆောင်မည်ဟု NUG ထုတ်ပြန်၊ ၂၀၂၃ ခုနှစ်မှ ယခု မေလ (၁၂) ရက်အထိ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုများကြောင့် အသက် (၁၈) နှစ်အောက် ကလေးငယ် (၄၄၁) ဦးအပါ အရပ်သားပြည်သူ ၃,၀၄၃ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေမှာ ကျူးလွန်သူ၊ စေခိုင်းသူ၊ ပံ့ပိုးကူညီသူနဲ သတင်းမှား ဖြန့်ချိသူအားလုံးကို နိုင်ငံတကာတရားရုံးတွေနဲ့ နိုင်ငံအလိုက်တရားရုံးတွေမှာသာမက ပြည်တွင်းတရားဥပဒေတွေနဲ့ပါ အရေးယူနိုင်ရေး အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ကြေညာပါတယ်။