စစ်တပ်က အာဏာသိမ်းထားတဲ့ ၃ နှစ်ခွဲကျော်ကာလအတွင်း အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ် ၃၂၀ ကျော် ဖြစ်ပွားခဲ့ပြီး  အရပ်သားပြည်သူ ၃၁၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကြောင်း ညဏ်လင်းသစ် သုတေသနအဖွဲ့ ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ၃နှစ်ခွဲကျော်အတွင်းမှာအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် အနည်းဆုံး ၃၂၀ အထိရှိခဲ့တာဖြစ်ပါတယ်။

အထူးသဖြင့် စစ်ကောင်စီက ကျေးရွာတွေကို စစ်ကြောင်းထိုးစဉ် အရပ်သားပြည်သူတွေကို စစ်ရာဇဝတ်မှုကျူးလွန်ပြီး ဆိုးဆိုးရွားရွာ သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ် အများစုဟာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ အများဆုံးဖြစ်ပွားခဲ့ပြီး မကွေးတိုင်းနဲ့ တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည်နယ်မှာလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သတ်ဖြတ်ခံရတဲ့သူ ၃၁၀၀ လောက်ဟာ အရပ်သားပြည်သူတွေ ဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၀ လောက်လဲ ပါဝင်ကြောင်းသိရပါတယ်။

လတ်တလော အထင်ရှားဆုံး ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကတော့ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေပါဝင်တဲ့ ဘုတလင်မြို့နယ် စီပါကျေးရွာကဖြစ်စဉ်ဖြစ်ပြီး အရပ်သား၂၀ ထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးပြီး အကြောင်းမဲ့ သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေထဲမှာ လက်ထုတ္တောရွာ၊ ယင်းမာပင်၊ စုန်းချောင်း၊ ပဇီကြီးဒေသတွေမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေက နာမည်ကြီးခဲ့တာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ချောင်းဦးနှင့် မုံရွာမှာ စစ်ကောင်စီတပ် လက်နက်ကြီးများ ပစ်ခတ်မှု ၃ ဦးသေဆုံးပြီး အသက် ၅ နှစ်အရွယ် ကလေး အပါအဝင် ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်နဲ့ မုံရွာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက်သေဆုံးပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်အပါအဝင် ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Chaung U Revolution News က သတင်းဖော်ပြထားပါတယ်။
Read More

အမြန်လမ်းပေါ်တွင် PDF များကို အားပေးစကားပြောခဲ့သည့် အမျိုးသားအား ဖမ်းဆီးထားကြောင်း စစ်တပ်လက်ပါးစေများ အောင်ပွဲခံပြောဆိုနေ

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ PDF တပ်ဖွဲ့ဝင်တွေ လမ်းပိုင်းလုံခြုံရေးဆောင်ရွက်နေချိန် စကားလှမ်းပြောခဲ့တဲ့ အမျိုးသားကို PDF အားပေးမှုနဲ့ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားကြောင်း စစ်တပ်ဝါဒါဖြန့် လော်ဘီချန်နယ်တွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
Read More

မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်သာရှိတော့ဟုဆို၊ လူဦးရေ သန်း ၂၀ ကျော်အတွက် သန််းခေါင်စာရင်း မကောက််ရသေးပေမယ့် ရွေးကောက််ပွဲ ကျင်းပမယ်ဆိုတဲ့ မင်းအောင်လှိုင်

မြန်မာနိုင်ငံမှာ လက်တလောဖြစ်ပွားနေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် လူဦးရေ ၅၁ သန်းကျော်သာရှိပြီး၊ ဒီနှစ် ၂၀၂၅ အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ကို ဖိဖိစီးစီးလုပ်ဆောင်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ အာဏာသိမ်းအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
Read More

ရိက္ခာရှာတဲ့ စစ်သားတွေကို ကြားဖြတ် တိုက်ခိုက်၊ ၃ ယောက်သေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာကနေ ရိက္ခာရှာ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ လျှပ်စီးမုန်တိုင်းပြောက်ကျားတပ်ဖွဲ့ (ပလိုင်း ပကဖ) ထံက သိရပါတယ်။
Read More

ရွာငံတွင် ထွေအုပ်ဝန်ထမ်းများ ဖမ်းခံရမှုကြောင့် အရှေ့မြင်အနောက်မြင် တောင်တန်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ ထွေအုပ်ဝန်ထမ်းတွေ ဖမ်းဆီးခံရမှုနဲ့အတူ စစ်ကောင်စီက မြဧတီကျေးရွာကို အကြမ်းဖက်စီးနင်း ရှာဖွေခဲ့တယ်လို့ ရွာငံဒေသခံ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

စနိုက်ပါ စစ်သားနှင့် ပျူစောထီး၏သား အချင်းချင်း ဆိုင်ကယ်တိုက်မိပြီး စနိုက်ပါသမား သေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ အရပ်သား ၁ယောက်ကို စနိုက်ပါနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ဖူးတဲ့ ခလရ ၅၀ တပ်က စနိုက်ပါ ကြည်ဝင်းဆိုသူ ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး နေရာတင် သေဆုံးသွားကြောင်း သိရပါတယ်။