ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က ကျေးရွာတွေကို သန်းခေါင်စာရင်းကောက်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးသွားတယ်လို့ ရေတာရှည်မြို့နယ် ပကဖ တာဝန်ရှိသူထံက သိရပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ၂၀ရက်၊နေ့လည်ပိုင်းမှာအင်အား၈၀ကျော်ပါတဲ့စစ်ကောင်စီစစ်ကြောင်းဟာသန်းခေါင်စာရင်းကောက်ဖို့ညောင်ကိုင်းရွာအနီးကိုစစ်ကြောင်းထိုးလာစဉ်မှာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ကျနော်တို့ စောင့်ကြိုတိုက်ခဲ့တာပါ။ သတင်းက ကြိုရထားပါတယ်။လို့ရေတာရှည်မြို့နယ်ပကဖတာဝန်ရှိသူကမောင်းကိုပြောပါတယ်။

ထိတွေ့တိုက်ပွဲနာရီဝက်နီးပါးဖြစ်ပွားခဲ့ပြီးနောက်မှာတော့စစ်ကောင်စီဘက်က၄ယောက်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ရေတာရှည်မြို့နယ် ပကဖနဲ့ အလယ်ထူး ၉၉၁၈ အဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး တော်လှန်ရေးရဲဘော်တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဘီးလင်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ဒေသခံ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

“သူတို့တကယ်တော့အလူးကြီးဘက်ကိုထောင်ပြီးပစ်တာ ပစ်တဲ့အခါ ပြောင်းကချော်ပြီးပြန်လှည့် တော့ လက်နက်ကြီးက အနောက်ဘက်ကိုပြန်ကျတယ် အလူးကြီးရွာကတော့အကုန်ရှောင်ပြီ၊ အလူးလေးရွာကတော့မရှောင်သေးဘူး ဒဏ်ရာရတဲ့ထဲမှာ ကလေးတစ်ယောက်ကတော့ စိုးရိမ်ရတယ်” လို့ ဘီးလင်းနယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။
Read More

ရေတာရှည်မှာ အမျိုးသမီးရဲဘော်တွေပါတဲ့ RTC စစ်​ကြောင်းနဲ့ စစ်ကောင်စီတပ် ၂ ကြိမ် ထိတွေ့တိုက်ပွဲဖြစ်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဖက်ကမ်းမှာ စစ်ကြောင်းဝင်​ရောက်နေတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ ၂ ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ကျိုက်ထိုမြို့နယ်အတွင်း တပ်မ ၂ ခုနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရလို့ ပြန်လည်ဆုတ်ခွာထွက်ပြေး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းကို အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ နှစ်ခု ဖြစ်တဲ့ တပ်မ ၇၇ နဲ့ တပ်မ ၄၄ တို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
Read More

သီတင်းကျွတ်လပြည့်ည ယင်းမာပင်ခရိုင် ပကဖ ဆီးမီးထွန်းပူဇော် (ဓာတ်ပုံသတင်း)

အောက်တိုဘာ ၆ ရက် မနေ့က ကျရောက်တဲ့ သီတင်းကျွတ်လပြည့်ညမှာ ယင်းမာပင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဆီးမီးထွန်း ပူဇော်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

စတုတ္ထအကြိမ် လေလံပွဲမှာလည်း ဝယ်သူမရှိသေးသည့် ဒေါ်အောင်ဆန်းစုကြည် နှစ် ၂၀ ကျော် အကျယ်ချုပ်ကျခဲ့သည့် ခြံအမှတ် ၅၄

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းမှာ တည်ရှိတဲ့ ခြံ အမှတ် ၅၄ ကို ကျပ်ငွေ ၂၇၀ ဘီလီယံနဲ့ ဧပြီ ၂၉ ရက် ဒီနေ့မနက်ပိုင်းမှာ စတုတ္ထအကြိမ် လေလံတင်ရောင်းချခဲ့ရာ ဝယ်ယူတဲ့သူ မရှိခဲ့ဘူးလို့ သိရပါတယ်။
Read More

၂၀၂၅ ဒီဇင်ဘာလထဲမှာ ရွေးကောက်ပွဲကိုကျင်းပနိုင်အောင် လုံခြုံရေးကို အထူးဂရုစိုက်ဖို့ မင်းအောင်လှိုင်က မှာကြား

အခုနှစ် ဒီဇင်ဘာလထဲမှာ နိုင်ငံတစ်ဝန်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လုံခြုံရေးကို အထူး ဂရုစိုက်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။