တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက လူငယ် ၂ ယောက်ကို PDF အဖြစ် ဖမ်းဆီးစွပ်စွဲကာ ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် စစ်ကြောင်းဝင်ရောက်စဥ် ပစ်ခတ်မှုကြောင့် သက်ကြီးပိုင်းအမျိုးသမီး ၂ယောက်နဲ့ သက်လတ်ပိုင်း အမျိုးသား ၁ ယောက်လည်း သေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီသပိတ်လှုပ်ရှားမှုကော်မတီ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ လောင်းလုံးမြို့နယ်အတွင်းက အောက်ရေဖြူကျေးရွာအုပ်စုကို အောက်တိုဘာ ၁၂ ရက်နေ့ကစလို့ ၁၉ ရက်နေ့အထိ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ အောက်တိုဘာ ၁၆ရက်၊ နေ့လည်ပိုင်းက နေအိမ်ကနေ ဘေးလွတ်ရာကို ဆိုင်ကယ်နဲ့ ထွက်ပြေး တိမ်းရှောင်လာတဲ့ ကဒတ်ငယ်ထိန် ရွာခံ ကိုမင်းအောင်() ကိုကန်းကန်း (အသက် ၃၀) ကို စစ်ကောင်စီတပ်တွေက ရေဖြူကျေးရွာနဲ့ ကဒတ်ငယ်ထိန်ရွာကြားမှာ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနေ့မှာပဲ အောက်ရေဖြူရွာနေ အသက်၂၅ နှစ်အရွယ် ကိုမင်းကိုကိုနဲ့ ရွယ်တူအမျိုးသား ၁ယောက်ဟာ PDF အဖြစ် စွပ်စွဲဖမ်းဆီးခံရပြီး နှစ်ယောက်စလုံး ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီ ရက်ရက်စက်စက် သတ်ခဲ့တဲ့ ကိုမင်းကိုကိုရဲ့ ရုပ်အလောင်း (ဓာတ်ပုံ Democracy Movement Strike Committee-Dawei)

အလောင်းတွေကိုတော့ အောက်တိုဘာ ၂၁ ရက်နေ့ရောက်မှာသာ ညင်းမော်ရွာထဲ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီသပိတ်လှုပ်ရှားမှုကော်မတီ တာဝန်ရှိသူကပြောပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ ဝါဒဖြန့်ချန်နယ်တွေမှာတော့ အောက်ရေဖြူရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး PDF တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းကို တွေ့ရှိရတယ်လို့ လိမ်လည်သတင်းထုတ်ပြန်ကြပါတယ်။

စစ်ကောင်စီက ပစ်ခတ်မှုဖြစ်ပြီးတိုင်း ပြည်သူကိုပဲ မဲတာပါ။ မတရား ဖမ်းဆီးသတ်ဖြတ်မယ်။ ပြီးရင် လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဆိုပြီး မဟုတ်မမှန် သတင်းအမှားလွှင့်မယ်။ သေချာတာကတော့ ပြည်သူကို အကြောက်တရားထည့်ချင်လို့ရယ် နောက်တစ်ခုက တော်လှန်ရေးလုပ်နေတဲ့သူတွေရှိလို့ ပြည်သူတွေ အခုလို ထိခိုက်နစ်နာရတာဆိုတဲ့ ယူဆချက်တွေ ရိုက်သွင်းချင်တာလည်း ပါပါတယ်။ ကိုမင်းကိုကို ဖမ်းဆီးခံရတာကတော့  သူ့ဖခင်ကြီး ကျန်းမာရေးမကောင်းလို့ စစ်ကြောင်းဝင်လာတာ မရှောင်နိုင်ဘူး။  အိမ်မှာပဲပြုစုနေရင်း ဖမ်းခံရတာပါ။ ကဒတ်ငယ်ထိန်ရွာသား ကိုမင်းအောင်ကတော့ ရှောင်ဖို့ထွက်လာရယ်သားနဲ့ နောက်ကျပြီး စစ်တပ်နဲ့ တိုးမိသွားတာပါလို့ ထားဝယ်ခရိုင် ဒီမိုကရေစီသပိတ်လှုပ်ရှားမှုကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီ အောက်တိုဘာ ၁၆ရက် ညနေပိုင်းမှာပဲ ကဒတ်ငယ်ထိန်ရွာမှာ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး အသက် ၇၃နှစ်အရွယ် ဒေါ် ခင်မြင့် () ဒေါ်မငယ်မှာလည်း စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ကျည်ထိမှန် သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် ကဒတ်ငယ်ထိန်ရွာ အနီးက အောက်ရေဖြူရွာနေ အသက်၅၀အရွယ် နှလုံးရောဂါအခံရှိသူ ဒေါ်သက်သက်ဟာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ရမ်းသမ်းပစ်ခတ်သံကိုကြားပြီး နှလုံးဖောက်သေဆုံးခဲ့သေးတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီသပိတ်လှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မဲထည့်မည့်သူ မရှိသည့်အတွက် ဝေါမြိုနှင့် သဲကုန်းမြို့နယ်ရှိ ပြည်သူတချို့ကို စစ်အုပ်စုက ခြိမ်းခြောက်မဲထည့်ခိုင်း

ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပိုင်း (၃) မှာမဲထည့်မယ့်သူမရှိ တာကြောင့် ကြိုတင်မဲတွေ လိုက်လံကောက်ယူခဲ့သလို  ပြည်သူတွေကို ခြိမ်းခြောက်ပြီး မဲထည့်ခိုင်းတာမျိုးတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

PJ ကိုင်ဆောင်ထားသူများကို အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မရပါကပြည်ပထွက်ခွင့် စတင်ရပ်ဆိုင်း

အလုပ်အကိုင်ပတ်စ်ပို့ (Passport for Job - PJ) သမားတွေအနေနဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မရဘဲ ပြည်ပထွက်ခွင့် ရပ်ဆိုင်းလိုက်တယ်လို့  ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
Read More

ငလျင် အရေးပေါ်ကယ်ဆယ်ရေးငွေများကို ရွေးကောက်ပွဲ ပြုလုပ်ရန် အလွဲသုံးစားပြုလုပ်နေဟု ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့ ထုတ်ပြန်…

"ငလျင်ဘေးကူညီငွေများဖြင့် ပြုလုပ်မယ့် စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲကို ပြည်သူနှင့် အတူတကွ ဆန့်ကျင်ကြပါစို့" လို့ ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့က တိုက်တွန်းထားပါတယ်။
Read More

စစ်ံကောင်စီက ဖမ်းမိပြီဆိုသည့် KBZ ဘဏ်ဓားပြ လူပုံစံ မတူတာကြောင့် ဝေဖန်မှုများ မြင့်တက်နေ…

မန္တလေးတိုင်း၊ မန္တလေးမြို့က BKZ ဘဏ်ဓားမြတိုက်မှုမှာ တရားခံဖြစ်သူကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၂ ရက် ဒီနေ့မှာ ဖမ်းဆီးရမိပြီလို့ ကြေညာခဲ့ပေမယ့် တရားခံရဲ့ လူပုံစံကွဲလွဲနေမှုကြောင့် လူမှုကွန်ယက်ပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်နေတာဖြစ်ပါတယ်။
Read More

ကျောက်ဆည်မှာ တောင်ကျချောင်းရေစီးထဲ မျောပါသွားသူဟာ ဆင်မင်းဘိလပ်မြေ ဒုစက်ရုံမှူးဟု သိရ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်မှာတောင်ကျချောင်းရေထဲ ဖြတ်မောင်းရင်း ရေစီးနဲ့ ကားမျောပါသေဆုံးခဲ့သူဟာ ဆင်မင်းဘိလပ်မြေစက်ရုံရဲ့ ဒုစက်ရုံမှူးဖြစ်ပြီး အလောင်းကို ပြန်လည်ရှာတွေ့ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ဒေါနစစ်ကြောင်း၏ (၇၈) ကြိမ်‌မြောက် အာဇာနည်နေ့အခမ်းအနားကို ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ တက်ရောက်ခဲ့… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဒေါနစစ်ကြောင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၇၈) ကြိမ်‌မြောက် အာဇာနည်နေ့အခမ်းအနားကို အရင် NLD အစိုးရလက်ထက် ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ တက်ရောက်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းက မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။