စစ်ကိုင်းတိုင်း ယင်းမာပင်မြို့ပေါ်က အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ စခန်း၊ အမျိုးသားဥယျာဉ်၊ ခရိုင်စုပေါင်းရုံး၊ ရေအရင်းမြစ်ဂိတ်နဲ့ ယင်းမာပင်ဆေးရုံကြီးတို့ကို လက်နက် ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်‌ ရေးတပ်ဖွဲ့ (Salingyi) က ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုမှာ ၆၀ မမ၊ ၈၀မမ၊ ၁၂၀ မမ လက်နက်ကြီးတွေကို အသုံးပြုတိုက်ခိုက်ခဲ့ပြီး အထိနာသွားတဲ့ အကြမ်းဖက်စစ်သားတွေက ၆၀ မမ၊ စက်လက်၊ လက်နက်ငယ်တွေနဲ့ ပတ်ဝန်းကျင်ကို ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ရဲဘော်တွေကတော့ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး အဲဒီစစ်ဆင်ရေးမှာ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်‌ ရေးတပ်ဖွဲ့ (Salingyi) နဲ့ ယင်းမာပင်ခရိုင်တပ်ရင်း(၃၅) တပ်ခွဲ() တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်း(၃၅) တပ်ခွဲ()တပ်စိတ်() 5/Fighter (Monyawa) Royal brother SPDFတပ်ဖွဲ့၊ ပွဲတိုင်း‌ကျော်တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တော်လှန်တိုက်ပွဲဝင်ကြမည့် ရဲဘော်၊ ရဲမေ အသစ်များ ခေါ်ယူ (ရုပ်/သံ)

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် တော်လှန်ရေးတိုက်ပွဲဝင်ကြမယ့် ရဲဘော်၊ ရဲမေ အသစ်တွေကို SSNDF / KNDF B-101 က ခေါ်ယူနေတယ်လို့ သိရပါတယ်။
Read More

ရိက္ခာသယ်‌ရန် ထွက်လာသည့် ငွေပျူစခန်းမှ စစ်ကောင်စီတပ်သားများကို နှစ်ဖက်ညှပ်တိုက်၊ စစ်သားအများအပြား သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းပျူစခန်းရှိ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ Ngwe Dwin Revolution Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ယမ်စီဝမ်ပေါင်မှ ထွက်လာတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ ပုသိမ်-မုံရွာ လမ်းပိုင်းမှာ ယမ်စီဝမ်ပေါင်မှ ထွက်လာတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံး ခဲ့တယ်လို့ မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အုတ်တွင်းမြို့နယ် လှေဆွဲမြောင်းကျေးရွာကို စစ်ကောင်စီ လေကြောင်းဗုံးကြဲချမှုကြောင့် နေအိမ် ၁ လုံးမီးလောင်ပျက်စီး (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အပိုင် လှေဆွဲမြောင်းကျေးရွာကို မတ်လ ၂၆ ရက် နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက လေကြောင်း ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း P23502 က ထုတ်ပြန်ထားပါတယ်။
Read More

ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၆ ရက် နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ 925 ပြောက်ကျားအဖွဲ့(ငါန်းဇွန်)ထံက သိရပါတယ်။