ကရင်ပြည်နယ် မြဝတီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ထားတဲ့ အမှတ် () ချစ်ကြည်ရေး တံတားပေါ် ဖြတ်သွားလာမှုပြုလုပ်နေတဲ့ CDM ဝန်ထမ်းတွေ နေ့စဥ်ဆိုသလို ဖမ်းဆီးခံနေရကြောင်း စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်း CDM ပြုလုပ်ထားပြီး နယ်စပ်ဒေသတွေမှာ ရှောင်တိမ်းနေထိုင်ကာ စားဝတ်နေရေးအရ အလုပ်လုပ်နေသူ၊ အရောင်းအဝယ်လုပ်ကိုင်သူတွေ အများစုဖြစ်ကြောင်း သိရပါတယ်။

အများစုဖမ်းခံနေရတာတော့ တံတားပေါ်မှာပဲ။ တစ်နေ့ကို အနည်းဆုံး ၂ယောက်လောက် ဖမ်းခံနေရတယ်။ အရင်ကတော့ ၇ရက် တစ်ပတ် တုံးထုပြီး မြဝတီမဲဆောက်ကို ကူးနေကြရာကနေ UID ကဒ် (Smart Card) ရှိမှ တံတားပေါ်က ဖြတ်ခွင့်ပေးတော့ အတော်များများ UID ကဒ်လုပ်ထားကြရတယ်။ လက်ရှိအချိန်မှာ UID ကဒ်ကို ကွန်ပျူတာနဲ့ ထိုးစစ်ခံနေရတော့ ကိုယ်ရေးအချက်အလက်တွေကျလာပြီး ဖမ်းဆီးခံနေကြရတာဖြစ်တယ်လို့ စစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။

“UID ကဒ်စစ်ဆေးပြီး ဖမ်းဆီးခံရတဲ့သူတွေကို မြဝတီမြို့က ရဲအချုပ်ခန်းထဲထည့်ပြီး စစ်ဆေးတာတွေပြုလုပ်တယ်။ တချို့ကို ငွေကြေးတောင်းယူညှိနှိုင်းပြီး လွှတ်ပေးတယ်။ တချို့ငွေကြေးမတတ်နိုင်တာတို့၊ ပြည်တွင်းထဲမှာ နိုင်ငံရေးပုဒ်မ အထုတ်ခံထားရသူတွေဆိုရင် တရားစွဲဆိုပြီး ထောင်ချပစ်တာတွေလုပ်နေတယ်လို့ အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံအဖြစ် မနေချင်တော့တဲ့ နိုင်ငံ့ဝန်ထမ်းတွေဟာ CDM လုပ်ခဲ့ကြပြီး အကြမ်းဖက်စစ်ကောင်စီက CDM ဝန်ထမ်းတွေအပေါ် အငြှိုးတကြီး ဖိနှိပ်ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရာမညမွန်တပ်တော်၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၄) သင်တန်းသားများကို ဆေးတပ်ဖွဲ့က လက်တွေ့သင်တန်းပို့ချခဲ့ (ဓာတ်ပုံသတင်း)

ရာမညမွန်‌တပ်တော် (NMSP(AD)/ RMA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၄) သင်တန်းသားတွေကို ရာမညမွန်တပ်တော်နဲ့ Ye Guerrilla Force ဆေးတပ်ဖွဲ့က လက်တွေ့သွားရောက်ပြသသင်တန်းပေးခဲ့တယ်လို့ Ye Guerrilla Force က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်သာမှာ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းကို ၂ ရက်ဆက် ကြားဖြတ်တိုက်ခိုက်၊ လက်နက် ၂ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို ၂ ရက်ဆက် ကြားဖြတ်တိုက်ခိုက်ရာ လက်နက် ၂ လက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရမိပြီး စစ်တပ်စစ်ကြောင်းက ငါ့သရောက်မြို့နယ်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ထုတ်ပြန်ထားပါတယ်။
Read More

ပုသိမ်-မုံရွာ လမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၄ ဦး သေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်း ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပကဖထံက သိရပါတယ်။
Read More

ပင်လည်ဘူးမြို့က အောင်ပွဲရ ရဲဘော်တွေကို NUG ကာကွယ်ရေးဝန်ကြီး သွားရောက် တွေ့ဆုံ အားပေး (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဟာ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ အောင်ပွဲရ ရဲဘော်တွေကို အောက်တိုဘာလ (၁၀) ရက်မှာ သွားရောက် တွေ့ဆုံ အားပေးခဲ့တယ်လို့ သိရပါတယ်။
Read More

လောင်းလုံးမြို့နယ်အတွင်း စိတ်ကျန်းမာရေးမကောင်းသူ ၁ ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့၊ အသက် ၇၀ ကျော် အဘွားအိုကို အဓမ္မ ပြုကျင့်ခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းကျေးရွာကို လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်က ဇွန်လ ၁၄ ရက်မှာ စစ်ကြောင်းထိုးခဲ့ပြီး ဇွန်လ ၂၄ ရက်မှာ လောင်းလုံးမြို့ပေါ် ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ရှုံးကောင်စီ လူထုကို အကြောက်တရားပေးရန် သတ်ဖြတ်မှုများ ပိုမိုလုပ်ဆောင်လာ၊ “လူသတ်တာတွေလုပ်ပြတာကို ပြည်သူတွေက မကြောက်ဘဲ တည်တည်ငြိမ်ငြိမ်လေး ဖြစ်နေတာကို သူတို့ကမလိုချင်ဘူး။ သူတို့ကို ကြောက်စေချင်တာ”

စစ်သည်အင်အား တဖြည်းဖြည်း ပိုမိုလျော့နည်းလာကာ တိုင်းပြည်နေရာအနှံ့မှာလည်း စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အာဏာရှင်ပီပီ ပြည်သူတွေကို အကြောက်တရားရိုက်သွင်းပြီး အုပ်ချုပ်နိုင်ဖို့ ပိုမိုကြိုးစားလာနေပါတယ်။