မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ယူနိုင်ဖို့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၈ယောက်သေကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၁ရက်၊ မနေ့ကညနေပိုင်းမှာ သရက်မင်းတုန်းလမ်းပိုင်း၊ သဖန်းကုန်းကျေးရွာနားကို ရောက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အသင့်စောင့်ကြိုရင်း မိုင်း၇လုံးခွဲကာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်မှုကို သရက်မြို့နယ်အခြေစိုက်၊ အမှတ် ၁၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၂) ရှိရာ သရက်မင်းတုန်းလမ်းပိုင်းမှာ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဖြတ်တောက်ဖို့ကြိုးစားနေတဲ့ သရက်ခရိုင်တပ်ရင်း () က လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

(ဓာတ်ပုံ အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် – ၄ တပ်ရင်း)

ကျနော်တို့ မိုင်းဆွဲလိုက်တဲ့အဖွဲ့က မင်းတုန်း ၅မိုင်ဂိတ်ကနေ မနက်ပိုင်းကတည်းက ထွက်လာတာပါ။ သန်းခေါင်စာရင်းအဖွဲ့တွေကို လုံခြုံရေးလုပ်ပေးဖို့ပေါ့။ အဲ့ဒါကျောက်ကြီးရွာဘက်ကို အရင်သွားတယ်။ အဲ့ကနေမှ မင်းတုန်းဘက်ပြန်လာလို့ ကျနော်တို့နေရာယူထားတဲ့ နေရာရောက်တော့ ကားပေါ်ကဆင်းပြီး ခြေလျင်ဆင်းလျှောက်လာကြတယ်။ အနီးအနားရွာတွေကို သန်းခေါင်စာရင်းကောက်နိုင်ဖို့ ကြိုတင်နယ်မြေရှင်းတဲ့သဘောပါ။ အဲ့မှာကျနော်တို့မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။လို့ သရက်ခရိုင်အမှတ်၄ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကိုပြောပါတယ်။

သူကပဲ ဆက်လက်ပြီးမိုင်းခွဲခဲ့ရုံပါပဲ။ မူလအစီအစဉ်ကတည်းက ဒီလိုပဲလုပ်ဖို့ပါ။ မိုင်းတွေက လက်လုပ်ခွဲမိုင်းနဲ့ ရှေ့ထွက်မိုင်းတွေပါ။ ရှေ့ထွက်မိုင်း၃လုံးနဲ့ ခွဲမိုင်း ၄လုံးကို အဝေးထိန်းမိုင်းတွေနဲ့ဖောက်ခွဲခဲ့တာလို့ ပြောရပါမယ်။ ကျနော်တို့ကတော့ မိုင်းခွဲပြီးပြီးချင်း အထိအခိုက်မရှိ ပြန်ဆုတ်ခဲ့လိုက်ပါတယ်လို့ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို အဲ့ဒီနေ့ ညပိုင်းမှာပဲ သရက် ကပစ (၁၂)ဆီ ဖောကားတွေနဲ့  သယ်ဆောင်သွားတယ်လို့လည်းသိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်​​က စစ်ကောင်စီအတွက် သန်းခေါင်စာရင်းကောက်ယူရာမှာ မပါဝင်ဖို့ ဌာနဆိုင်ရာဝန်ထမ်းတွေကို အပြင်းအထန် သတိပေးထားပေမယ့် လက်ရှိမင်းတုန်း၊ သရက်နဲ့ ကံမမြို့ပေါ်နဲ့ အနီးတဝိုက်ရွာတွေမှာတော့ ပေါ်ပေါ်ထင်ထင် သန်းခေါင်စာရင်း ကောက်ယူနေကြတယ်လို့လည်း သိရပါတယ်။

(ဓာတ်ပုံ အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် – ၄ တပ်ရင်း)
0 Shares:
You May Also Like
Read More

ရေဦးမှာ မင်္ဂလာဆောင်ပွဲကို စစ်ကောင်စီ ဗုံးကြဲ၊ ဗုံးကျတဲ့နေရာလွဲတာကြောင့် ပြည်သူတွေ ထိခိုက်မှုမရှိ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွါးနေခြင်းမရှိဘဲ စစ်တပ်က ပေါင် ၁၀၀ ဗုံး (၂) ကြဲချကာ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ချင်းကာကွယ်ရေးတပ် – အရှိုရဲ့ ရဲဘော်တွေကအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး သစ္စာရေ သောက်ခြင်း အခမ်းအနား…

ချင်းကာကွယ်ရေးတပ် - အရွို (CDF -Asho) က ရဲဘော်သစ်တွေ ကျမ်းသစ္စာကျိန်ဆိုပြီး သစ္စာရေ သောက်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဇန္နဝါရီလ ( ၁၀ ) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

တောင်ဥက္ကလာတွင် လုံခြုံရေးဝန်ထမ်း ၁ ဦး ကြိုးဆွဲချ သေဆုံး

ရန်ကုန်တိုင်း၊ တောင်ဥက္ကာပမြို့နယ်မှာ ညစောင့် လုံခြုံရေးဝန်ထမ်း ၁ ယောက် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေခဲ့တယ်လို့ ရုပ်အလောင်း သွားရောက်သယ်ဆောင်ပေးခဲ့တဲ့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းထံက သိရပါတယ်။
Read More

စဉ့်ကူးမှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ၊ ပြည်သူပိုင် အဆောက်အဦးများစွာ ပျက်စီးဆုံးရှုံးခဲ့

မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်သာမှာ ဇဂျမ်းတိုက်နယ်ရဲစခန်းကို စီးနင်းတိုက်ခိုက်မှု စစ်အုပ်စုတွေ ထိခိုက်ခဲ့သလို စခန်းမှူးလည်း ပျောက်ဆုံးနေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က ဇဂျမ်းတိုက်နယ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်အုပ်စုတွေ ထိခိုက်သေဆုံးမှုရှိခဲ့သလို စခန်းမှူးဖြစ်သူလည်း ပျောက်ဆုံးနေကြောင်း မြင်းခြံခရိုင်တပ်ရင်း ၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပွင့်ဖြူမြို့နယ်မှာ စစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက်သေ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးရွာကျေးရွာက အကြမ်းဖက်စစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်-၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။