မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအိမ်ရှေ့နဲ့ ရဲစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ၅ယောက်ခန့် ထိခိုက်ဒဏ်ရာပြင်းထန်နေကြောင်း မင်းဘူးခရိုင်တပ်ရင်း၄ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အောက်တိုဘာ ၂၀ရက်၊ နေ့လယ်ပိုင်းက ပွင့်ဖြူမြို့ အရှေ့ပိုင်းရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သာဒွေးအောင်ရဲ့ နေအိမ်ရှေ့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အဝေးထိန်းမိုင်းကြီး ၁ လုံးနဲ့ အရင်ဆုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက် တဆက်တည်းမှာပဲ ပွင့်ဖြူမြို့၊ နယ်မြေရဲစခန်းကနေ စစ်ဆေးဖို့ ထွက်လာတဲ့ စခန်းမှူးအပါအဝင် ရဲ၊ ပျူ နဲ့  စစ်ကောင်စီတပ်သားတွေကိုလည်းနောက်ထပ် အဝေးထိန်းမိုင်း အကြီး ၁ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

သာဒွေးအောင်နဲ့ ပျူတွေ စည်းဝေးနေတယ်လို့သတင်းရလို့ အိမ်ရှေ့မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာပါ။  မြို့တွင်း အရှေ့ပိုင်းရပ်ကွက်ဆိုတော့ ပစ်ခွင့်လည်းမသာခဲ့ပါဘူး။ ဒီလိုနဲ့ ပထမ မိုင်းကွဲအပြီးမှာ သာဒွေးအောင်က သူ့ကိုလုပ်ကြံမယ်ဆိုတာသိပြီး ချက်ချင်းပဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။ လူလွတ်သွားပေမယ့် အိမ်မျက်နှာစာတော့ ပျက်စီးသွားတယ်ပေါ့။ အဲ့မှာ သူ့သားဖြစ်တဲ့သူက ပွင့်ဖြူစခန်းမှူးနဲ့ စစ်သားတွေ ခေါ်ပြီးထပ်လာပါတယ်။ ကျနော်တို့ကလည်း အဝေးထိန်းမိုင်း နောက်တစ်လုံးနဲ့ ထပ်ပြီး တိုက်ခိုက်ခဲ့ပါတယ်။ အင်အားက ၁၀ယောက်လောက် ရှိမယ်။ စခန်းမှူးအပါအဝင် ၅ယောက်လောက်ထိသွားပါတယ်လို့ မင်းဘူးခရိုင်တပ်ရင်း၄ တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။

ဒီဖောက်ခွဲတိုက်ခိုက်မှုကြောင့် ပွင့်ဖြူမြို့မ စခန်းမှူးအပါအဝင် ၅ ယောက် ထိခိုက်ဒဏ်ရာပြင်းထန်ပြီး ဆေးရုံမှာအရေးပေါ်ကုသနေရကြောင်း သိရပါတယ်။

နောက်ဆက်တွဲသိရတဲ့သတင်းအရတော့ သူတို့တွေ ခွဲစိတ်ကုသမှု ခံယူနေရပြီး အတွင်းလူနာအဖြစ် ဆေးဝါးကုသမှုခံယူနေပါတယ်။ သေဆုံးခြင်းတော့ မရှိသေးပါဘူးမင်းဘူးခရိုင်တပ်ရင်း၄ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

လက်ရှိအချိန်ဟာ မင်းဘူးခရိုင် တပ်ရင်းတပ်ရင်း၄ အတွက် စစ်ကောင်စီထောက်တိုင်တွေကို အရှိန်မြှင့် တိုက်ခိုက်ချေမှုန်းနေချိန်ဖြစ်တာကြောင့် အရပ်သားတွေအနေနဲ့ စစ်ကောင်စီစခန်းချရာ ဂိတ်တွေနဲ့ အနီးမှာ နေထိုင်တာမျိုးတွေ၊ စစ်ကောင်စီတပ်သားတွေနဲ့ နီးနီးကပ်ကပ်နေထိုင်တာမျိုးတွေ အပါအဝင် စစ်တပ်ထောက်တိုင်အဖြစ် လုပ်ဆောင်နေတာတွေ လုံးဝမပြုလုပ်ကြဖို့ကိုလည်း အဖွဲ့က မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

မင်းဘူးခရိုင် အမှတ် (၄) တပ်ရင်း၏ ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

ဘောလခဲမြို့ ရေနီပေါက် ဗျူဟာစခန်းကုန်းကာကင်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ကရင်နီပြည်နယ်၊ ဘောလခဲမြို့က စစ်ကောင်စီရဲ့ ရေနီပေါက် ဗျူဟာစခန်းကုန်းကာကင်းကို ကရင်နီတော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်အုပ်စု မတရားဖမ်းဆီးထားသည့် သတင်းစာဆရာ ဦးစည်သူအောင်မြင့်၊ သတင်းထောက် မထက်ထက်ခိုင်နှင့် အဆိုတော် သံသာဝင်းတို့ ပြန်လည်လွတ်မြောက်လာ

အကြမ်းဖက်စစ်အုပ်စု မတရားဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံရေးအကျဥ်းသားတွေထဲက ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့်၊ သတင်းထောက် မထက်ထက်ခိုင်နဲ့ အဆိုတော် သံသာဝင်းတို့ အကျဥ်းထောင်တွေကနေ  ပြန်လည်လွတ်မြောက်လာကြောင်း သိရပါတယ်။
Read More

တနင်္သာရီမြို့နယ် တိုက်ပွဲအတွင်း ရဲဘော် ဖေမြင့် ကျဆုံး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ထဲက တိုက်ပွဲတစ်ခုအတွင်း ကာကွယ်ရေးတပ်သားတစ်ယောက် ကျဆုံးသွားကြောင်း တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တနင်္သာရီမြို့နယ် ပကဖ - ဇုန် ထံက သိရပါတယ်။
Read More

ကလေးမှာ စစ်ကောင်စီတပ်တွေကို ရက်ဆက် မိုင်းခွဲဖို့ ကြိုးစားပေမယ့် ဘတ္ထရီလိုအပ်ချက်ကြောင့် မိုင်းမကွဲမှုတွေ ရှိနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ကာ ဂိတ်ထောင်ဆက်ကြေးကောက်ပေးနေသူကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး စစ်ကောင်စီတပ်တွေကို ရက်ဆက် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ကလေးခရိုင် မိုင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အောက်တိုဘာလအတွင်း တောင်ပိုင်းစစ်ဒေသ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား (၉၄) ယောက် သေပြီး (၁၀၈) ယောက် ဒဏ်ရာရကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ အောက်တိုဘာလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား  (၉၄) ယောက် သေဆုံးပြီး (၁၀၈) ယောက် ဒဏ်ရာရကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

တရုတ်နိုင်ငံကြက်ခြေနီအသင်း၏ ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်(၉)စီးကို စစ်ကောင်စီတပ် ပစ်ခတ်

တရုတ်နိုင်ငံကြက်ခြေနီအသင်းရဲ့ မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ယာဉ်(၉)စီးကို အကြမ်းဖက်စစ်ကောင်စီတပ်က စက်လတ်သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။