အရက္ခတပ်တော် AA နဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ်ထဲမှာ အကြမ်းဖက်စစ်တပ်ဘက်က စစ်သား ၃ ယောက်ဟာ ချိုင်ကောက်ရွာက ဆိုင်ကယ်၂ စီးကိုယူပြီး ဧရာဝတီတိုင်းဘက် ထွက်ပြေးသွားကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

တိုက်ပွဲအတွင်းကနေ ထွက်ပြေးလာတဲ့ စစ်သား ၃ယောက်မှာ သေနတ် ၂လက်ပါလာပြီး အရပ်သားပြည်သူတွေရဲ့ဆိုင်ကယ်တွေကို လုယူထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ကြွေဂျိုင့်ရွာမှာဖြစ်နေတဲ့ တိုက်ပွဲအတွင်းကနေ ထွက်ပြေးလာတာ။ တစ်ယောက်က သေနတ်ဒဏ်ရာရထားတယ်။ သူတို့လက်ထဲမှာ သေနတ် ၂လက် ပါလာပြီး ချိုင်းကောက်ကျေးရွာထဲဝင်လာပြီး ဦးပီချေးနဲ့ ဦးမင်းလွင်တို့ဆီက ဆိုင်ကယ်ကို လုယူသွားတာလို့ ချိုင်းကောက်ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။

အဲဒီနောက် အကြမ်းဖက်စစ်သားတွေဟာ ဧရာဝတီတိုင်းဘက် ထွက်ပြေးတဲ့လမ်းက ပိန္နဲကုန်းရွာကိုဝင်ကာ ချိုင်းကောက်ရွာက ယူလာတဲ့ ဆိုင်ကယ်တွေကို ထားခဲ့ပြီး ပိန္နဲကုန်းရွာက ဆိုင်ကယ်တွေ ထပ်မံလုယူသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ကလည်း အကြမ်းဖက်စစ်သားတချို့ အရပ်ဝတ်တွေနဲ့ လက်နက်မပါဘဲ ထွက်ပြေးလာပြီး ပိန္နဲကုန်းရွာမှာ ဆေးလိပ်ဝင်တောင်းသွားသေးတယ်လို့ သိရပါတယ်။

ဂွမြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော် AA တို့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်လာနေပြီး ရခိုင်နဲ့ဧရာဝတီတိုင်းအစပ်က ကျေးရွာတွေမှာ အကြမ်းဖက်စစ်တပ်က ခံစစ်တွေပြုလုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

Zomi Federal Union – ZFU / PDF ZOLAND တည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနား (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက်က လွတ်​မြောက်ဖို့အတွက် တိုက်ပွဲဝင်ဖို့ တည်ထောင်ခဲ့တဲ့ Zomi Federal Union - ZFU / PDF ZOLAND တည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မင်းကွန်းတိုက်နယ်တွင် စစ်ကြောင်းဝင်နေသည့် အကြမ်းဖက်စစ်သားများ သေဆုံး၊ အရှင်ဖမ်းခံရပြီး စစ်ကြောင်းပြန်ဆုတ်ရ၊ တော်လှန်ရေးတပ်များ လက်နက်ခဲယမ်း သိမ်းဆည်းရရှိသည့်အပြင် ထိခိုက်ကျဆုံးမှုများလည်း ရှိ

စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်နယ်မှာ စစ်ကြောင်းထိုးမီးရှို့နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရင်း လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
Read More

တပ်မှ ထွက်ပြေးကာ ရွာထဲ သေနတ်ဖောက် ခြိမ်းခြောက် အရက်တောင်းသောက်သည့် ဒုတပ်ကြပ် ၂ ဦးကို ဖမ်းဆီးရမိ

မကွေးတိုင်း၊ ကျောက်ထုမြို့အခြေစိုက် အမတ ၃၆၈ တပ်ကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ် ဒုတပ်ကြပ် ၂ ယောက်ကို ဒေသခံ ကာကွယ်ရေးတပ်တွေက ဖမ်းမိထားတယ်လို့ ယောအလင်းတန်းက ထုတ်ပြန်ပါတယ်။
Read More

စိုင်ပြင်လေးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းက ပြည်သူတွေကို ဓားစာခံအဖြစ် နမခ ထဲ ခေါ်သွား

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူတချို့ကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။
Read More

ရသေ့တောင်မြို့နယ်တွင် ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်လှေ ၅ စီးကို AA ဖမ်းဆီး၊ လှေ ၁ စီးမှ အကြမ်းဖက်သမားများ AA အရာရှိ ၁ ဦးနှင့် တပ်ဖွဲ့ဝင် ၁ ဦးကို သတ်ပြီး ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲ ထွက်ပြေး

ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်မှာ ငါးခိုးဖမ်းတဲ့ လှေ ၅ စီးကို ဖမ်းဆီးရမိရာ လှေ ၁ စီးက အကြမ်းဖက်သမားတွေဟာ အရာရှိ ၁ ယောက်နဲ့ တပ်ဖွဲ့ဝင် ၁ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။
Read More

ဇူလိုင်လအတွင်း စစ်အုပ်စုကြောင့် သေဆုံးခဲ့သူ ၁၀၄ ဦးကို အတည်ပြုထားနိုင်၊ အတည်မပြုရသေးသည့် သေဆုံးသူ ၁၄၀ ဦးရှိဟု AAPP ထုတ်ပြန်

နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် ဇူလိုင်လ ၁ လတာအတွင်း အရပ်သားပြည်သူ ၁၀၄ ယောက် သေဆုံးခဲ့တာကို အတည်ပြုထားနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။