မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျားသစ်နက်တပ်မတော်ရဲ့ တပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် အဖြစ် နွေဦးရွက်ကြွေ ဇရပ်ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

တပ်တည်ထောင်မှု (၃) နှစ်ပြည့် အထိမ်းအမှတ်အဖြစ်  မြိုင်မြို့နယ် တစ်နေရာမှာ ‌ဇရပ်ဆောက်လုပ် ပေးခဲ့တာဖြစ်ပြီး အောက်တိုဘာ ၂၂ ရက် ဒီနေ့မနက်ပိုင်းမှာ သံဃာ ၅ပါး ပင့်ဆောင်ကာ ရေစက်ချ အမျှဝေခဲ့တယ်လို့ သိရပါတယ်။

ကျားသစ်နက်တပ်မတော်ရဲ့ တပ်ဖွဲ့တည်ထောင်ခြင်း နှစ်ပတ်လည်ဟာ အောက်တိုဘာ ၂၃ ရက်ဖြစ်ပြီး မြေပြင် အခြေအနေအရ တပ်ရင်း မွေးနေ့ကို တစ်ရက်ကြိုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

(ဓာတ်ပုံ ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲ)

0 Shares:
You May Also Like
Read More

ပန်ဝါမြို့ကို KIA က အပြီးသတ် ထိန်းချုပ်သိမ်းပိုက်လိုက်ပြီး တပ်ဖွဲ့ဝင်များမြို့တွင်းကို ဝင်ရောက်နေရာယူ

ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိန်းချုပ်သိမ်းပိုက်လိုက်ပြီး KIA နဲ့ တော်လှန်ရေးအင်အားစုတွေက မြို့အတွင်းကို ဝင်ရောက်နေရာယူနေပြီ ဖြစ်ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ပိုင်းလောက်မှာ ပန်ဝါမြို့တွင်းရှိ စစ်ကောင်စီတပ်စခန်းများနဲ့ နယ်ခြားစောင့်တပ်စခန်းများကို KIA တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဒေသက ပြုလုပ်တဲ့ အပတ်စဉ် (၂/၂၀၂၄) အခြေခံ စစ်ပညာသင်တန်းကို တက်ရောက်ခဲ့တဲ့ တောကျီးကန်း (၇) ကောင်စစ်ကြောင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲက ပြုလုပ်တဲ့ အပတ်စဉ် (၂/၂၀၂၄) အခြေခံ စစ်ပညာသင်တန်းကို တောကျီးကန်း (၇) ကောင်စစ်ကြောင်းက မျိုးဆက်သစ် ရဲဘော်တွေ တက်ရောက်ပြီး စစ်ပညာသင်ယူခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ အဆိုပါသင်တန်းကာလ ၄ လတာ ပြီးဆုံးခဲ့ပြီးနောက် သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ပွဲပါ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ငါန်းဇွန်တွင် အကြမ်းဖက်စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ရာ စစ်အုပ်စု ဝရုန်းသုန်းကား ထွက်ပြေး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို လိုက်လံတိုက်ခိုက်ရာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ ထိခိုက်ဒဏ်ရာရပြီး ဝရုန်းသုန်းကား ဆုတ်ပြေးသွားကြောင်း TGYR Youth Guerrilla Counter Revolution-NZ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်တွင်းကြီးတွင် လက်နက်များတင်ဆောင်လာသည့် စစ်ကား တိမ်းမှောက်ပေါက်ကွဲပြီး ကားပေါ်ပါ စစ်သား ၅ ဦး သေ၊ ၇ ဦး အပြင်းအထန်ထိခိုက်

မကွေးတိုင်း၊ ရန်ကုန်-တောင်တွင်းကြီးလမ်းပိုင်းမှာ လက်နက်ခဲယမ်းတွေတင်ဆောင်ပြီး မောင်းနှင်လာတဲ့ စစ်ကား ၁စီး ဝက္ကသေးတံတားပေါ် တိမ်းမှောက်ပေါက်ကွဲပြီး ကားပေါ် လိုက်ပါလာတဲ့ စစ်သားတွေထဲက ၅ယောက်သေကာ ၇ယောက်အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

ပုလဲ မင်းတိုင်ပင်ရွာ အထက်တန်းကျောင်း လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သား ၂ ယောက်သေဆုံး

"ပေါင် ၅၀၀ ဗုံးတွေဘာတွေတော့ မဟုတ်ဘူး။ ရော့ကတ်နဲ့ပစ်သွားတာ။ စာသင်ကျောင်းဆောင်တွေလည်း နှစ်ခြမ်းပြိုကုန်တယ်။ သစ်ပင်တွေဆို ထက်ပိုင်းပြတ်တယ်။ အိမ်တွေရောပဲ။ သေတာက ရော့ကတ်ထိပြီးချက်ချင်းသေတာ၁ယောက်၊ သွေးလန့်ပြီးသေတာ ၁ယောက်ပါ" လို့ ဒေသခံ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

ဆောမှာ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်သား ၃ ယောက်ကို ဖမ်းဆီးရမိ

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်မှာ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက ထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဗျူဟာအမှတ် ၈၁ ယောဗျူဟာက ထုတ်ပြန်ထားပါတယ်။