ကချင်ပြည်နယ်၊ ကန်ပိုက်တီးမြို့အနီးက အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။

ကန်ပိုင်တီးမြို့နဲ့ ၇ မိုင်အကွာ ရှိန်ကြိုင်ရွာက အမှတ်၁၀၀၃ BGF ဌာနချုပ်စခန်းကုန်းကို KIA ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာလ ၂၁ ရက် မနေ့က ညနေပိုင်းမှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၈ ရက် ညပိုင်းက KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ ပန်ဝါမြို့က အကြမ်းဖက်စစ်ကောင်စီတပ်ဆီကလည်း လက်နက်ကြီးငယ် ၅၀၀ ကျော်နဲ့ ခဲယမ်းတွေ မြောက်များစွာ ရရှိခဲ့တယ်လို့လည်း KIA သတင်းရင်းမြစ်က ပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်က မနေ့က မွန်းလွဲပိုင်းမှာ ကန်ပိုက်တီးမြို့က စစ်ကောင်စီတပ်စခန်းတွေကို လက်နက်ခဲယမ်းနဲ့ စစ်အင်အားတချို့ ဖြည့်တင်းနေတယ်လို့ သိရပါတယ်။

 

(ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

ဖားဆောင်းအခြေစိုက် ခလရ ၁၃၄ တပ်ရင်းစခန်းသိမ်းတိုက်ပွဲအတွင်း လွိုင်ကော် PDF မှ ၂၁ နှစ်အရွယ် ရဲဘော် ၁ ဦးကျဆုံးခဲ့…

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၁၃၄ တပ်ရင်းစခန်းသိမ်း တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်ဒေးဗစ် (ခ) နေဝင်းရဲ့ ဈာပနအခမ်းအနားကို ဇွန်လ ၂၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်) - Loikaw PDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဘေးသင့် ဒေသများကို ထွေအုပ်ရုံးများမှတဆင့် လှူဒါန်းဖို့ စစ်ကောင်စီ ထုတ်ပြန်

ကျန်းမာရေးရှုထောင့် အကြောင်းပြကာ ငလျင်ဘေးသင့်ဒေသတွေမှာ ကုန်ခြောက်တွေကိုသာ ထွေအုပ်ရုံးတွေကတဆင့် လှူဒါန်းဖို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

KIA နဲ့ TNLA တို့အကြား မိတ်ဖက်ပဋိပက္ခများအဖြစ် မှတ်ယူ၍ ငြိမ်းချမ်းသောနည်းလမ်းများဖြင့်သာ ဖြေရှင်း ဆောင်ရွက်ရန် NUG မေတ္တာရပ်ခံ

ကချင်လွတ်လပ်ရေးတပ် KIA နဲ့ တအာင်းတပ်ဖြစ်တဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ TNLA တို့အကြား မြေပြင်မှာ  သဘောထားကွဲလွဲပွတ်တိုက်မှုတွေကို နှစ်ဖက်ထိပ်သီးခေါင်းဆောင်တွေအနေနဲ့  အခက်အခဲမရှိ ဖြေရှင်း ပြေလည်နိုင်မယ်လို့ ယုံကြည်ကြောင်း အမျိုးသားညီညွတ်အစိုးရ (NUG) က မတ်လ ၁၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ 
Read More

စစ်ကောင်စီက လက်လွှတ်လိုက်ရသည့် ဒေသများကို ဦးစားပေး အရှိန်မြှင့်တိုက်ခိုက်နေ

စစ်ကောင်စီက သူတို့လက်လွှတ်လိုက်ရတဲ့ ဒေသတွေကို ဦးစားပေးပြီး အရှိန်မြှင့်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့  လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့  (HRW) က ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ရှောင်နေအိမ်များကို ဖောက်ထွင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စောင့်ကြိုတိုက်ခိုက်ခံရ​၊ ၆ ဦး သေပြီး အများအပြား ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ ပဲခူးတိုင်းအစပ်က စစ်ရှောင်ကျေးရွာတွေကို ဖောက်ထွင်းပြန်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၆ယောက်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြန်မာနိုင်ငံကို ပြန်လာပြီး စစ်မှုထမ်းဖို့ စစ်ကောင်စီရဲ့ ဆင့်ခေါ်မှုအပေါ် ပြည်ပရောက် မြန်မာလုပ်သားတွေ ငြင်းဆို

အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်ပကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ကိုယ့်နိုင်ငံကို ပြန်လာပြီး စစ်မှုထမ်းရေးအတွကိ ညွှန်ကြားစာ ထုတ်ပြန်ခြင်းနဲ့ ကတိကဝတ် စာချုပ်လက်မှတ် ရေးထိုးခိုင်းခြင်းတွေ လုပ်ဆောင်နေပေမယ့် ပြည်ပထွက် အလုပ်လုပ်ကိုင်နေသူတွေကတော့ ပြန်လာမှာ မဟုတ်ဘူးလို့ သိရပါတယ်။