ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နဲ့နမ့်ဆန်မြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး () လုံးအပါအဝင် ဗုံး () လုံး လာရောက်ကြဲချမှုကြောင့် ပြည်သူတစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့နဲ့ ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၁ ရက် ဒီနေ့ မနက်အစောပိုင်းအချိန် နောင်ချိုမြို့၊ သပြေရပ်ကွက်မှာ စစ်ကောင်စီတပ်က လေကြောင်းကတစ်ဆင့် ပေါင် (၃၀၀)ဗုံး ()လုံးနဲ့ ဗုံး()လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာပါ။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၁ လုံးနဲ့ ပါဟတ်ရပ်ကွက်ရှိ ဆိုင်ခန်းအချို့ ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူတစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီနေ့ မနက်ပိုင်းမှာပဲ အကြမ်းဖက်စစ်ကောင်စီတပ်က နမ့်ဆန်မြို့နယ်၊ ကျောက်ဖြူလေးကျေးရွာကို စစ်ရေးလှုပ်ရှားမှုတစ်စုံတရာမရှိဘဲ ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းတော်ကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

နမ့်ဆန်မြို့မှည ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက် မနက်အစောပိုင်းအချိန်ကလည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ()ယောက် သေဆုံးခဲ့ပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

သီတင်းကျွတ်လပြည့်ညမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်က နောင်ချိုမြို့အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

 

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ထားပုံများ (ဓာတ်ပုံ The Ta’ang Post)

0 Shares:
You May Also Like
Read More

ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်းက ကျဆုံးရဲဘော် ၂ ယောက်ကို လွမ်းဆွတ်တမ်းတ အလေးပြုကြ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ ၊ ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်းက တပ်ရင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျဆုံးရဲဘော် ၂ ယောက်ကို လွမ်းဆွတ်တမ်းတတဲ့အနေနဲ့ အလေးပြုအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ မနက်ပိုင်း အလံတင်အလေးပြု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ခရိုင်လှုပ်ရှားတပ်ရဲဘော်တွေ တစ်နေ့တာအစ မနက်ပိုင်းမှာ အလံတင်အလေးပြုတဲ့ ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲမှာ မဲပေးဖို့ ဆိုပြီး ပြည်တွင်းပြည်ပ ၅၀၅ (က) များကို အကြမ်းဖက်စစ်တပ် လွတ်ငြိမ်းခွင့်ပေးကြောင်း ထုတ်ပြန်

မဲပေးခွင့်ရှိ‌တဲ့ နိုင်ငံသားတွေ ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်စစ်တပ်က ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့် စွပ်စွဲဖမ်းဆီးထားတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေအပါအဝင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်၊ သက်သာခွင့်နဲ့ အမှုပိတ်သိမ်းခွင့်ပြုတယ်လို့ ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်မှာ မြို့နယ် နဲ့ တိုက်နယ် ပကဖ ပူးပေါင်းပြီး ဆန်တွေ ပေးဝေခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ် ပကဖ တို့က ကျေးရွာတစ်ရွာကို ဆန်တွေ ပေးဝေခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ပွင့်ဖြူမြို့နယ်အတွင်းရှိ စစ်ရှောင်အချို့ကို ခရိုင် ပကဖက ဆေးဝါးထောက်ပံ့ (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ သတင်းတာဝန်ခံနဲ့ ပကဖရဲဘော်​တွေဟာ (၅) နှစ်အောက် ကလေးသူငယ်တွေ အရေးပေါ်ဖျားနာမှုအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပြီး စစ်ရှောင်အချို့အတွက် ဆေးဝါးတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

အင်းတော်တွင် ဆိုင်ကယ်ခိုးမှု သံသယဖြင့် မြို့နယ် ပကဖ ဖမ်းဆီးခံရသည့် ဒေသခံ စစ်ဆေးမေးမြန်းချိန် သေဆုံးသွားတယ်လို့ ဆို

စစ်ကိုင်းတိုင်း ၊ အင်းတော်မြို့နယ်ရှိ ရွာသာယာကျေးရွာက ပကဖ တပ်ဖွဲ့ဟာ ဒေသခံတစ်ယောက် ဆိုင်ကယ်ခိုးမှု သံသယရှိသူအဖြစ် ဖမ်းဆီးပြီးနောက် စစ်ဆေးမေးမြန်းချိန် သေဆုံးသွားတယ်လို ဒေသခံတွေဆီက သိရပါတယ်။