စစ်ကောင်စီကို အားပေးကူညီထောက်ခံမှုတွေ ပြုလုပ်နေတဲ့ ရုရှားကနေ စစ်ရေးလေ့ကျင့်ဖို့အတွက် စစ်ရေယာဉ်လေးစင်း ရောက်ရှိနေတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။

ရုရှားရေတပ်ရဲ့ ပစိဖိတ်ရေယာဉ်အုပ်စုက စစ်ရေယာဉ်လေးစင်းနဲ့အတူ ရုရှားရေတပ်က အရာရှိတွေလည်း ပါဝင်လာတယ်လို့ ဖော်ပြထားပါတယ်။

စစ်ရေးလေ့ကျင့်မှုတွေအဖြစ်  ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်း (Harbour Phase) အပါအဝင် အခြားသော လေ့ကျင့်မှုတွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။

ကုလအပါအဝင် နိုင်ငံတကာက မြန်မာစစ်တပ်ကို တားဆီးပိတ်ဆို့မှုတွေ ပြုလုပ်နေစဉ် ရုရှားစစ်တပ်ကတော့ စစ်ကောင်စီနဲ့ ပေါ်ပေါ်ထင်ထင်ပူးပေါင်းလုပ်ဆောင်မှုတွေကို အရှိန်မြှင့်နေတာလည်း ဖြစ်ပါတယ်။

ဒေသတွင်းတော်လှန်ရေးအင်အားစုတွေကို  အဖက်ဖက်က ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ ရုရှားလိုနိုင်ငံမျိုးနဲ့ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခြင်းဟာ ပြည်ပကျူးကျော်စစ်မရှိတဲ့ နိုင်ငံအနေနဲ့ မလိုအပ်ဘူးလို့ နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။

မြန်မာစစ်ကောင်စီဟာ ရုရှားထံကနေ မကြာခဏ စစ်လက်နက်ပစ္စည်းတွေဝယ်ယူတာကြောင့် အခုလိုမျိုး စစ်ကောင်စီသဘောကျအောင် စစ်ရေးလေ့ကျင့်မှုမျိုးကို လာရောက်လုပ်ဆောင်ခြင်း ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေထံ မြို့ရွာတွေကို လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီဟာ ရေကြောင်းလုံခြုံရေး ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုကိုလည်း ကပ္ပလီပင်လယ်ပြင်မှာ အောက်တိုဘာ ၂၀ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ လုပ်ဆောင်လျက်ရှိနေပါတယ်။

မြန်မာ-ရုရှား နှစ်နိုင်ငံ ရေကြောင်းလုံခြုံရေးဆိုင်ရာ စစ်ရေးလေ့ကျင့်ရန်အတွက် ရုရှားရေတပ်မှ စစ်ရေယာဥ်လေးစင်းနှင့် အရာရှိကြီးများ မြန်မာနိုင်ငံကို ရောက်လာသည်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့က တွေ့ရစဥ်။
0 Shares:
You May Also Like
Read More

လင်းဇင်းတိုက်နယ်ရဲစခန်းကို စီးနင်းတိုက်ခိုက်မှု စစ်အုပ်စု အထိနာပြီး လေကြောင်းပစ်ကူသုံးခဲ့ရ

မကွေးတိုင်း၊ စလင်းမြို့နယ်က လင်းဇင်းတိုက်နယ် ရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုများခဲ့ပြီး လေယာဥ်ပစ်ကူပေးခဲ့ရကြောင်း ဒေါင်းစစ်အောင် LPDF တာဝန်ခံ ကိုထူးလေးက မောင်းကို ပြောပါတယ်။
Read More

ကချင်အထူးဒေသ(၁) နယ်မြေသတ်မှတ်ချက် ပယ်ဖျက်ကြောင်း KIO ထုတ်ပြန်ကြေညာ

စစ်အာဏာရှင်တွေက အာဏာခိုင်မြဲစေဖို့ ခွဲခြားသတ်မှတ်အုပ်ချုပ်ခဲ့တဲ့ ကချင် အထူးဒေသ (၁) ဆိုတဲ့ နယ်မြေသတ်မှတ်ချက် မရှိတော့ဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ ဗဟိုကော်မတီက နိုဝင်ဘာ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

စစ်တပ်မှ ၂ ကြိမ်ထွက်ပြေးခဲ့ဖူးသည့် စစ်မှုထမ်းတပ်သား ၃ ကြိမ်မြောက်တွင် အောင်မြင်စွာ အလင်းဝင်လာနိုင်ခဲ့

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အခြေစိုက် အမှတ် (၄၃၁) ခြေမြန်တပ်ရင်းကနေ  စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၁ ယောက် အလင်းဝင်လာတယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

AA က ပိုင်မှ ပြောတာ၊ မပိုင်ဘဲနဲ့ ပြောလေ့မရှိဘူး ဟု CDM ဗိုလ်ကြီး ဇင်ယော် ဆို

အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်တင်မက ရခိုင်ရိုးမနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတို့က ရိုးမတောင်အစပ်ပိုင်းတွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ မနေ့က ဇန်နဝါရီ ၂၀ ရက်ညပိုင်းမှာ AA က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

သင်္ကြန်ကာလ ဥပုသ်သီလစောင့်တည်နေသည့် ပြည်သူများကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ ကမ်းနီရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ယောက်ထက်မနည်းသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရန်ကုန်ရှိ စစ်ကောင်စီ၏ ကမာရွတ် ရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်…

“နောက်ဆက်တွဲအသေးစိတ်ကတော့ စုံစမ်းဆဲပါ.....ရန်သူ့ဘက်က ထိခိုက်သေဆုံးမူကတော့ ရှိနိုင်ပါတယ်။ လက်ပစ်ဗုံး ၂ လုံးစလုံး ကွဲပါတယ်ဗျ...အသံလည်းအတော်ကျယ်တယ်၊ ပြင်းအားလည်း အတော်ပြင်းတယ်”