အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းဟာ အီတလီနိုင်ငံ၊ရောမမြို့ရှိ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ NUG ၀န်ကြီးက လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လက်ရှိကြိုးပမ်းလုပ်ဆောင်နေမှုတွေကို အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

အီတလီအပါအ၀င် နိုင်ငံတကာအစိုးရတွေနဲ့ တွေ့ဆုံပြီး အကြမ်းဖက်စစ်အုပ်စုကို သံတမန်ရေးအရ အရေးယူခြင်း၊ စီးပွားရေးပိတ်ဆို့ အရေးယူခြင်း၊ လက်နက်တင်ပို့မှုတွေ ဖြတ်တောက်ခြင်းနဲ့ ဥပဒေကြောင်းအရ အရေးယူနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေတွေကို ဝန်ကြီးဦးအောင်မျိုးမင်းက ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရပ်ခြားမှာ နေထိုင်နေပေမယ့် မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ဒီမိုကရေစီ လူ့အခွင့်အရေးတိုက်ပွဲ အပေါ် တတ်နိုင်တဲ့ဘက်ကနေ အခုချိန်အထိ စဥ်ဆက်မပြတ် ပါ၀င်နေတဲ့အပေါ် ကျေးဇူးတင်သလို အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းစေမယ့် အဆုံးသတ်တိုက်ပွဲမှာ အောင်မြင်တဲ့အထိ ဆက်လက်ပါ၀င်ပေးကြဖို့ NUG ဝန်ကြီးက တိုက်တွန်းပြောကြားခဲ့ပါတယ်။

 

(ဓာတ်ပုံ Ministry of Human Rights – NUG)

0 Shares:
You May Also Like
Read More

ကရင်ပြည်နယ် အာရှလမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့ အကြမ်းဖက်စစ်တပ်က အင်အားဖြည့်တင်းကာ ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေဖြစ်ပွားနေ

ကရင်ပြည်နယ်က ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ထိန်ချုပ်နိုင်ဖို့ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်လာနေတာကြောင့် စစ်တပ်နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ မြေပြင်တော်လှန်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

သီပေါမြို့ TNLA စစ်ဆေးရေးဂိတ်စခန်းရှိရာကို စစ်တပ် ဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့က TNLA ရဲ့ စစ်ဆေးရေးဂိတ်ရှိရာနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ခင်ဦးမှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက်(၁)နှစ်အောက် ကလေးငယ်တွေကို ထောက်ပံ့ငွေပေးအပ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း ကျေးရွာ (၁၀) ရွာက ကိုယ်ဝန်ဆောင် မိခင်နဲ့ အသက် (၁) နှစ်အောက် ကလေးသူငယ် စုစုပေါင်း (၈၅) ယောက်ကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံးများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) လှုပ်ရှားရာဒေသဖြစ်တဲ့ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်ကျေးရွာအတွင်းရှိ လွယ်ဟောင်ရွာနဲ့ ဖက်ရင်းကုန်းရွာကြားမှာ စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံးတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ DPLA က မနေ့ ထုတ်ပြန်ပါတယ်။
Read More

လားရှိုးမြို့အနီးတဝိုက် စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ်အများအပြားနဲ့ အများပြည်သူဆိုင်ရာ နေရာတွေ၊ လမ်းတွေနဲ့ လျှပ်စစ်ဓာတ်ကြိုးတွေ ပျက်စီးခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့အနီးတဝိုက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ရေဦးမြို့ပေါ် ဈေးဝယ်သွားတဲ့ အမျိုးသမီး ၆ ဦးကို စစ်အုပ်စု ဖမ်းဆီးထား၊ ၆ ရက်ကြာတဲ့အထိ ပြန်မလွတ်သေး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ကို ဈေးဝယ်သွားတဲ့ အမျိုးသမီး ၆ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဇွန်လ ၂၁ ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို့ ရေဦး အနောက်ပိုင်းဇုန် သတင်းဆက်သွယ်ရေးတာဝန်ခံဆီက သိရပါတယ်။