စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးပျူစောထီးရွာက ထွက်ပြေးလာတဲ့ အရပ်သားတွေကို ပုလဲမြို့နယ် ပအဖ ၊ ပကဖ နဲ့ PDF ရဲဘော်တွေက ကယ်ဆယ်ထိန်းသိမ်းထားတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၀ ရက် မနေ့က အင်မထီးပျူရွာအတွင်းကနေ ထွက်ပြေးလာတဲ့ အရပ်သားတွေဖြစ်တဲ့ အမျိုးသား ၁ ယောက်၊ အမျိုးသမီး ၃ ယောက်၊ ကလေး ၂ ယောက် စုစုပေါင်း ၆ ယောက်တို့ကို တိုက်နယ်နဲ့ ရပ်ကျေး ပအဖ ၊ ပကဖ တွေနဲ့ ရဲဘော်တွေက ကယ်ဆယ်ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

အဲ့ဒီထွက်ပြေးလာတဲ့ အရပ်သားတွေကို ပုလဲမြို့နယ် ပအဖ ခေါင်းဆောင်နဲ့ လူသားစာနာတာဝန်ခံ၊ ပလဖ တို့က တွေ့ဆုံခဲ့ပြီး စစ်ဆေးမေးမြန်းခြင်း၊ ခံဝန်ထိုးခိုင်းခြင်းနဲ့အတူ ကောင်းမွန်စွာနေထိုင်ဖို့ မှာကြားပြီး လူသားချင်းစာနာမှုအကူအညီတွေ အမြန်ဆုံးရရှိအောင် ပြုလုပ်ပေးမှာဖြစ်တယ်လို့ ပုလဲ ပအဖ က ဆိုပါတယ်။

ဒါ့အပြင် ထွက်ပြေးအလင်းဝင်လာတဲ့ အရပ်သား ၆ ယောက်ကို ထောက်ပံ့ငွေတွေအဖြစ် ပအဖ ခေါင်းဆောင်က ၁၀၀,၀၀၀ ကျပ်၊ လူသားစာနာတာဝန်ခံ ၂၀၀,၀၀၀ ကျပ်အပြင် အဝတ်အစားတွေနဲ့ စောင်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)
0 Shares:
You May Also Like
Read More

ရေစကြိုမြို့နယ်မှာ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာသင်တန်း ပြုလုပ်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အမျိုးသမီးနဲ့ ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာသင်တန်းကို လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံ က ဦးဆောင်ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပါအဝင် ဒေသခံ ရပ်ရွာလူထုကို သင်တန်း ပို့ချခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖောင်းပြင်မြို့ ပေါ်တွင် စစ်ကော်မရှင် တပ်သားများစွာနေထိုင်သည့် ရပ်ကွက် ဓားပြတိုက်မှုဖြစ်ပွား

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင် ဖောင်းပြင်မြို့ပေါ်က အကြမ်းဖက် စစ်ကော်မရှင်တပ်သား အများစု နေထိုင်တဲ့ ရပ်ကွက်ထဲ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ မော်လိုက်ခရိုင် အမှတ် − ၁ တပ်ရင်းဆီက သိရပါတယ်။
Read More

Zomi Federal Union – ZFU / PDF ZOLAND တည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနား (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက်က လွတ်​မြောက်ဖို့အတွက် တိုက်ပွဲဝင်ဖို့ တည်ထောင်ခဲ့တဲ့ Zomi Federal Union - ZFU / PDF ZOLAND တည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

NUG နိုင်ငံခြားရေးဝန်ကြီးက ၇၅ နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားနေ့ စိန်ရတုအထိမ်းအမှတ် သဝဏ်လွှာပေးပို့

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အောက်တိုဘာလ ၁ ရက်မှာ ကျရောက်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ၇၅ နှစ်မြောက် အမျိုးသားနေ့စိန်ရတုအထိမ်းအမှတ် သဝဏ်လွှာကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

ငလျင်ကြောင့် မန္တလေးထောင်အတွင်း အကျဉ်းသား ၃၀ ကျော် သေဆုံးမှုကို စစ်ကောင်စီ ဖုံးကွယ်ထား၊ နိုင်ကျဉ်းများအား စစ်ကောင်စီ ဖိနှိပ်မှုအပေါ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များ စောင့်ကြည့်ပေးကြဖို့ တောင်းဆို

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ ၃၇၆၀ ယောက်ရှိပြီး ဒဏ်ရာရသူ ၅၀၂၇ ယောက်နဲ့ ပျောက်ဆုံးနေသူ ၁၃၀ ယောက် ရှိနေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပေမယ့် အကျဉ်းထောင်တွေအတွင်းက အကျဉ်းသားသေဆုံးမှုတွေကို သတင်းချန်လှပ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
Read More

ABSDF နဲ့ BLDF တို့အကြား စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှု ရရှိ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) - ABSDF နဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)တို့ အွန်လိုင်းကနေ ဆွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။