မြဝတီမြို့အနီးကို ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေဟာ လေထီးနဲ့ ဆင်းသက်ခဲ့ပြီး လေထီးမပွင့်လို့ သေဆုံးသူနွေလည်းရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မြဝတီမြို့ကို ကုန်းကြောင်းကတဆင့်ချီတက်ရင် တော်လှန်ရေးအင်အားစုတွေရဲ့ ကြားဖြတ်တိုက်ခိုက်ခံရမှုတွေ မကြာခဏ ရှိနေလို့ စစ်ကောင်စီက လေကြောင်းကနေ အင်အားဖြည့်တင်းလာခြင်းလည်း ဖြစ်ပါတယ်။

မနေ့က အောက်တိုဘာလ ၂၀ ရက်နေ့ နေ့လည် ၁ နာရီခန့်ကစပြီး အကြမ်းဖက် စစ်သားတွေဟာ မြဝတီမြို့အနီးက ကုန်သွယ်ရေးဇုန်ထဲကို လေထီးနဲ့ ၅ မိနစ်တစ်ခါ ခုန်ဆင်းနေပြီး အင်အားက ရာဂဏန်းလောက်ရှိကြောင်း ဒေသခံတွေက ခန့်မှန်းပါတယ်။

စစ်သားတွေ လေထီးနဲ့ ခုန်မဆင်းခင်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးနဲ့ မြဝတီအာရှလမ်းမကြီး ဒေါနတောင်ပေါ်ကို ဗုံးကြဲတိုက်ခိုက်မှုတချို့လည်း ပြုလုပ်ခဲ့ပါသေးတယ်။

လက်ရှိ မြ၀တီ အာရှလမ်းမအနီး ဒေါနတောင်ခြေမှာလည်း တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲတချို့ ဖြစ်ပွားလျက်ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

Senthang Revolution Force (SRF) ၏ ပထမအကြိမ် စစ်ပညာစွမ်းရည်မြှင့်တင်ရေး မွမ်းမံသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Senthang Revolution Force (SRF) ရဲ့ ပထမအကြိမ် စစ်ပညာစွမ်းရည်မြှင့်တင်ရေး မွမ်းမံသင်တန်းဆင်းပွဲကို ဇွန်လ (၁၁) ရက်က ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပန်ဝါကို KIA က သိမ်းပိုက်လိုက်တာကြောင့် လိုင်ဇာအနီးကို စစ်ကောင်စီက ပြန်လည်ဗုံးကြဲတိုက်ခိုက်

ပန်၀ါဒေသကို KIA ကထိန်းချုပ်သိမ်းပိုက်လိုက်လို့ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးကို စစ်ကောင်စီက လေကြောင်းကနေပြန်လည် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

လက်ရှိ ရေကြီးမှုဟာ ၅၈ နှစ်အတွင်း အဆိုးဝါးဆုံးဖြစ်ပြီး လာမယ့်နှစ် တောင်ငူခရိုင်မှာ စားနပ်ရိက္ခာ ပြတ်လပ်မှုဖြစ်နိုင်တယ်လို့ KNU ထုတ်ပြန်

ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်း စက်တင်ဘာလ (၁၄) ရက်က စတင်ကာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း (၇၅) ရွာ ရေနစ်မြှုပ်ကာ လူဦးရေ ၁၄၈,၅၀၀ ခန့် ရေဘေးသင့်လျက် ကျောင်း (၁) ကျောင်း ပျက်စီးကာ လူ (၇) ယောက် သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ချောက်မြို့နယ်ဘက်လာသည့် စစ်အုပ်စု ပစ်ခတ်ခံရပြီး ၃ ဦး သေ၊ အရာရှိအပါ ၁၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ချောက်မြို့နယ်ဘက်ကိုလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ဇူလိုင်လ ၂ ရက် မနက် ၁၁ နာရီကျော်လောက်မှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ Chauk Revolution Army (CRA) တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

နိုင်ငံတစ်ဝန်း စစ်ကောင်စီက ဖေဖော်ဝါရီလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၆၀၀ကျော်ပြုလုပ်၊ စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပွါးခဲ့

အာဏာသိမ်း စစ်ကောင်စီက ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု ၆၀၀ ကျော်အထိ ပြုလုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပွါးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။
Read More

ပြည်သူများ လက်မခံကြသည့် ရွေးကောက်ပွဲအတုဟာ လျှောက်လှမ်းရမည့် လမ်းကြောင်းအမှန် ဖြစ်သည်ဟု မင်းအောင်လှိုင် ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်ရှိ စစ်တပ် ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေ လျှောက်လှမ်းရမယ့် လမ်းကြောင်းအမှန်ဖြစ်ပြီး ပြည်သူတွေ အမှားအမှန် ခွဲခြားသိဖို့လိုတယ်လို့ ပြောဆိုလိုက်ပါတယ်။