မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုအစပ်က ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၂၀ရက်နေ့ မနက်ပိုင်းမှာ စစ်ကြောင်းထိုးခဲ့ပြီး လမ်းခရီးတလျှောက် ခရီးသွားလာမှုတွေကိုပါ ကန့်သတ်ပိတ်ပင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

နောင်ချိုမြို့နယ်ထဲက အုမ္မသီးကျေးရွာ၊ ကံကော်ရွာတွေကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာနေတာဖြစ်ပြီး  TNLA ၊ မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့လည်း စစ်ရေးတင်းမာမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာတာ။ လမ်းသွားလမ်းလာတွေကိုလည်း စစ်ဆေးပြီး ကားတွေကိုပါ မသွားခိုင်းဘဲ နောက်ပြန်လှည့်ခိုင်းတာတွေလည်းရှိတယ်။ သေနတ်တွေပစ်ဖောက်ပြီး ကားတွေတား.. စစ်ဆေးမှုတွေလုပ်နေတယ်လို့ ခရီးသွားယာဉ်မောင်းတစ်ယောက်က မောင်းကိုပြောပါတယ်။

သူတို့စစ်ကြောင်းထိုးနေတဲ့ လမ်းတလျှောက်မှာ ခရီးသွားယာဥ်တွေ ဖြတ်သန်းသွားလာခွင့်ကိုပါပိတ်ထားလိုက်ပြီ။ နောင်ချိုသီပေါပြင်ဦးလွင် သွားတဲ့ကားလမ်းမကြီးတွေကို နောင်ချိုလမ်းပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ် အထိုင်ချထားတဲ့ ဝက်ဝံစစ်ဆေးရေးဂိတ်က ပိတ်ထားလိုက်ပြီလို့ အထက်ပါ ယာဥ်မောင်းက ဆက်ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ဒီနေ့မနက် ၁နာရီကျော်မှာ နောင်ချိုမြို့ သပြေရပ်ကွက်ကို ပေါင် ၃၀၀ ဗုံးအပါအဝင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့လို့ အရပ်သားတချို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ်ဆိုင်ခန်းတချို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

 

 

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ထားပုံများ (ဓာတ်ပုံ The Ta’ang Post)

0 Shares:
You May Also Like
Read More

အောက်တိုဘာလအတွင်း လူသားချင်းစာနာမှုနှင့် သဘာဝဘေး ခံစားရသူများအတွက် ငွေကျပ် (၂၁၃.၁၂) သန်း ပံ့ပိုးနိုင်ခဲ့ကြောင်း NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အမှန်တကယ် လိုအပ်နေသူတွေအတွက် ငွေကျပ် (၂၁၃.၁၂) သန်းကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

လမ်းပိုင်းစစ်ဆေးမှုပြုလုပ်ချိန် သာဂရတပ်မတော်အကြီးစားစက်ရုံမှ တပ်ကြပ်ကြီး ၁ ဦးကို ဖမ်းဆီးရမိ

ပဲခူးတိုင်းရှိ တပ်မတော်အကြီးစားစက်ရုံ (သာဂရ) မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်က တပ်ကြပ်ကြီး ၁ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်း PDF တွေ ဝင်မလာအောင် ပြည်သူတွေ စောင့်ကြည့်ပေးဖို့ လိုတယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ညွှန်ကြား

ခုခံတွန်းလှန်စစ်တွေ ပြင်းထန်နေတဲ့  စစ်ကိုင်းတိုင်းမှာ PDF တွေဝင်မလာစေဖို့ ပြည်သူတွေအနေနဲ့ စောင့်ကြည့် သတင်းပေးကြဖို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုချုပ် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

ဒီဇင်ဘာလအတွင်း တီးတိန်မှာ CDF Civil Defense Militia – CDM- Siyin တပ်ဖွဲ့ထံ စစ်သားနဲ့ရဲ ၄ယောက် အလင်းဝင်လာ၊ တပ်ဖွဲ့ပိုင် ဆိုင်ကယ်ခိုးယူသူတွေကိုလည်း လိုက်လံဖမ်းဆီးနိုင်ခဲ့

ဒီဇင်ဘာလအတွင်း CDF Civil Defense Militia - CDM- Siyin တပ်ဖွဲ့ထံ ချင်းပြည်နယ်၊ တီးတိန်မြို့မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်နဲ့ ရဲ ၂ ယောက် အလင်းဝင်ရောက်လာသလို တပ်ဖွဲ့ဝင်ရဲ့ဆိုင်ကယ် ခိုးယူသူတွေကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပေါ်တာဆွဲခံခဲ့ရသည့် ထောက်ပို့ရဲဘော်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ပြန်လည်အလင်းဝင်ရောက်လာ

“ကိုထက်က ယခင်က မြင်းခြံဘက်က ထောက်ပို့ ရဲဘော်ဟောင်းတစ်ဦးပါ။ မန္တလေး ပြင်ဦးလွင် ကြားမှာ ထောက်ပို့လုပ်ငန်း လုပ်ဆောင်ရင်း ပေါ်တာဆွဲခံရပြီး ပစ သင်တန်းပို့ခံရတာ” လို့ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

(၃) နှစ် ပြည့်ပြီဖြစ်တဲ့ တောင်ညိုတပ်ရင်းက ပျောက်ကြားတိုက်ပွဲ (၆၇) ကြိမ်ထက်မနည်း ဖော်ဆောင်နိုင်ခဲ့၊ တပ်ရင်း တော်လှန်ရေးရဲဘော် (၆) ဦး ကျဆုံးခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ညိုတပ်ရင်း ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနားကို ပြီးခဲ့တဲ့ ဧပြီလ (၁) ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။