ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ပန်ဝါမြို့ဟာစစ်ကောင်စီရဲ့ဒေါက်တိုင်တစ်ယောက်ဖြစ်တဲ့ဦးဇခုန်တန့်ယိန်းနဲ့သူတို့မိသားစုရဲ့လက်အောက်မှာရှိနေတဲ့မြို့လို့ဆိုရလောက်အောင်ပန်ဝါမှာစစ်ကောင်စီပူးပေါင်းပြီးမြေရှားသတ္တုတူးဖော်ရေးလုပ်ငန်နဲ့ဘိန်းစိုက်ပျိုးရေးလုပ်ငန်းတွေကိုတွယ်တွယ်ကျယ်ကျယ်လုပ်ကိုင်နေတာပါ။

အခုလို ပန်ဝါမြို့ကို KIA က သိမ်းပိုက်ခဲ့တာဟာ တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းဖြစ်ပေမယ့် စစ်ကောင်စီနဲ့ ပူးပေါင်းသူမှန်သမျှကို ပြတ်ပြတ်သားသား လုပ်ဆောင်သွားမယ့် ပြယုဂ်ဖြစ်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်ကသုံးသပ်ပြောဆိုပါတယ်။

KIA ဟာ ပန်ဝါမြို့လုံခြုံရေးအတွက် အရေးကြီးတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) – ၁၀၀၂တပ်ဌာနချုပ်ကိုအပြီးသတ်သိမ်းပိုက်ပြီးနောက်လက်နက်ခဲယမ်းမျိုးစုံအလက်၁၀၀ကျော်ရရှိခဲ့တာဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက ဒီနေရာကို တိုင်းရင်းသားအချင်းချင်းမို့ မတိုက်ဘဲ ထားခဲ့တာ။ ဒါပေမယ့် စစ်ကောင်စီရဲ့ ဒေါက်တိုင်မှန်သမျှကို တိုက်ပြီဆိုရင် မရ၊ ရအောင်တိုက်တယ်ဆိုတဲ့ အနေအထားပါ။ တိုင်းရင်းသားအချင်းချင်းဆိုပေမယ့် အဖွဲ့တွေ ကွဲနေတာရှိတယ်လေ။ ဒါက  စစ်ကောင်စီနဲ့ ပူးပေါင်းသမျှကို တိုက်မယ်ဆိုပြီး မီးမောင်းထိုးပြလိုက်တာပါ။လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။

ပန်ဝါမြို့ကို သိမ်းပိုက်ပြီးနောက် မြင်တွေ့ရတဲ့ KIA တပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ အင်တာနက်)

KIA ကနေပန်ဝါမြို့ကိုအပြီးသတ်သိမ်းပိုက်ပြီးချိန်မှာတော့တရုတ်အစိုးရကတရုတ်နယ်စပ်ဂိတ်တွေကိုပိတ်လိုက်တယ်လို့လည်းဒေသတွင်းသတင်းရင်းမြစ်တွေကတဆင့်သိရပါတယ်။

ပန်ဝါမြို့မှာ လုပ်ကိုင်နေတဲ့ မြေရှားသတ္တုလုပ်ငန်းဟာ တရုတ်နဲ့ ပူးပေါင်းလုပ်နေတဲ့ လုပ်ငန်းဖြစ်တာကြောင့် အခုလို ပန်ဝါမြို့ကို သိမ်းပိုက်နိုင်လိုက်တာဟာ KIA အတွက်တရုတ်နဲ့တန်းတူစကားပြောလို့ရမယ့်အနေအထားဖြစ်လာတယ်လို့ဆိုပါတယ်။

ပန်ဝါအနီးက အဓိက နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကန်ပိုင်တီမြို့ကိုလည်း KIA ကနေ ဆက်လက် ထိုးစစ်ဆင်လျက် ရှိနေပါတယ်။

ကန်ပိုင်တီမြို့မှာက နယ်ခြားစောင့်တပ် ၁၀၀၃ တပ် ဌာနချုပ်ရှိပါတယ်။ ဒါကိုလည်း KIA က သိမ်းလိုက်ပြီး သတင်းကြားပေမယ့် တရားဝင်ထုတ်ပြန်လာတာမျိုးတော့ မရှိသေးပါဘူး။ တရုတ်ကတော့ သူ့စီးပွားရေးကို အထိခိုက်ခံမှာတော့ မဟုတ်ပါဘူး။လို့ CDM ဗိုလ်ကြီးဇင်ယော်ကမောင်းကိုပြောခဲ့ပါတယ်။

ပန်ဝါမြို့ကို ထိန်းချုပ်ခဲ့တဲ့  ဇခုန်တန့်ယိန်းဆိုသူဟာ အရင်က KIA တပ်မှာ အရာရှိအဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့်  နောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ချီဖွေ၊ ပန်ဝါ၊ ဆော့လော်၊ ဝိုင်းမော် စတဲ့ မြို့တွေကို ကချင်အထူးဒေသ () အဖြစ်သတ်မှတ်ကြေညာကာစစ်ကောင်စီအလိုကျကချင်ပြည်နယ်နယ်ခြားစောင့်တပ်အဖြစ်နဲ့ရပ်တည်ခဲ့သူဖြစ်ပါတယ်။

အဲဒီနေရာတွေမှာ မြေရှားသတ္တုတွေတူးတဲ့ ဒဏ်တွေကြောင့် ပြည်သူတွေ အလုပ်ပျက် ဒုက္ခရောက်ကြပါတယ်။ ရာသီဥတုအနေအထားကလည်း ဘိန်းစိုက်လို့ရတော့ ဘိန်းစိုက်တယ်။ တကယ်တမ်း မြေရှားသတ္တုတူးတယ် ထားဦးပြည်သူတွေအတွက် အကျိုးခံစားခွင့်မပေးဘူးပေါ့နော်သူတို့ မိသားစုရဲ့ စီးပွားရေးအနေနဲ့ လုပ်နေတာပါ။ အခုတော့ ၁၀၀၃ ကလည်း ရခါနီးပြီ ၁၀၀၁ ဘက်ပဲ ကျန်ပါတယ်။ ၁၀၀၁ ပါထပ်ရရင်တော့ လူမျိုးစုတွေအပေါ်မှာ စစ်ကောင်စီနဲ့ ပေါင်းပြီး လုပ်စားနေသူတွေရဲ့ ကျဆုံးခြင်း၊ ဇခုန်တန့်ယိန်းရဲ့ ကျဆုံးခြင်း နိဂုံးတောင် ရောက်တော့မယ်လို့ ပြောရမှာပဲဖြစ်ပါတယ်။လို့ CDM ဗိုလ်ကြီး ဇင်ယော်က ဆိုပါတယ်။

ပန်ဝါဒေသက BGF ဌာနချုပ်ရဲ့ ဆိုင်းဘုတ်ကို KIA ဖြုတ်ချခဲ့စဉ် (ဓာတ်ပုံ အင်တာနက်)
0 Shares:
You May Also Like
Read More

ချင်းပြည်နယ်အတွင်း မြို့ပေါင်း ၁၅ မြို့ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထား၊ အာဏာသိမ်း ၄ နှစ်အတွင်း ချင်းတော်လှန်ရေးရဲဘော် ၄၈၀ နီးပါး ကျဆုံးခဲ့

စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှု ၄ နှစ်တာအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက မြို့ပေါင်း ၁၅ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ချင်းတော်လှန်ရေးရဲဘော် ၄၇၄ ယောက်လည်း ကျဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

မြန်မာ့ပြည်တွင်းစစ်ထဲမှာ သမိုင်းဝင်အမွေအနှစ်တွေ ဘယ်လို ဖျက်ဆီးခံနေရသလဲ

ပဋိပက္ခကာလ ငါးနှစ်နီးပါးရှိလာတဲ့အလျောက် ဒီပဋိပက္ခကြီးဟာ တိုင်းပြည်အနှံ့မှာရှိတဲ့ အဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင် အမွေအနှစ်နေရာတွေကို ထိခိုက်မှုများစွာ ဖြစ်လာစေပါတယ်။ 
Read More

စစ်ကောင်စီကို အရှိုက်ထိစေခဲ့တဲ့ စစ်ကြောင်းလိုက် ဖွဲ့စည်းပုံပျက်အောင် တိုက်ခိုက်ချေမှုန်းမှုများ

ပြီးခဲ့တဲ့ ၅ လကျော် ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အားရာချီ ပါဝင်တဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်မှု ၄ ကြိမ်အထိ ရှိခဲ့ပြီး စစ်ကြောင်းတစ်ခုလုံး ပြုတ်တဲ့အထိ တိုက်ခိုက်ချေမှုန်းနိုင်မှုတွေ ရှိခဲ့ပါတယ်။
Read More

ဒေါက်တာ တေဇာစန်း ဝေဖန်ထောက်ပြခဲ့သည့် ပကဖ ကိစ္စအပေါ် မြေပြင်တပ်ဖွဲ့ဝင်အချို့ ဘာပြောလဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ တော်လှန်ရေးကာလ ၄နှစ်ကျော်လာချိန်မှာ မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာစန်းက ထောက်ပြပြောဆိုခဲ့ပါတယ်။ လူမှုကွန်ရက်စာမျက်နှာကတဆင့် ဒေါက်တာ တေဇာစန်း ပြောဆိုခဲ့တဲ့ အချက်တွေထဲမှာ ပကဖ နဲ့ ပတ်သက်တဲ့ အချက်လည်း ပါဝင်ခဲ့ပါတယ်။
Read More

အမှောင်ထဲက ပြေးထွက်လာနိုင်ခဲ့တဲ့ အာဏာရှင်စစ်ခေါင်းဆောင်ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ဝင်ဟောင်း

"အဲ့တုန်းက ကျနော် အမေစုအိမ်မှာ တာဝန်ကျနေတာ။ အာဏာသိမ်းကာစပေါ့။ တပ်ထဲက သူငယ်ချင်းတစ်ယောက် ဆေးရုံတက်ရတာနဲ့ သူ့ကိုအကူလိုက်သွားပေးရင်း အခွင့်အရေးရတာနဲ့ ဒီဘက်ချက်ချင်းထွက်လာလိုက်တာပါ။ နောက်တစ်ခါ အခွင့်အရေးဆိုတာ မသေချာဘူး။" လို့ ကိုအောင်ကျော်ထက်က သူ CDM လုပ်လာတဲ့အကြောင်း ပြောပြပါတယ်။
Read More

မောင်တောမှာ မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ စစ်တပ်ရဲ့ အကြီးအကျယ် ကျရှုံးခန်း

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နခခ (၅) ကို အရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်လိုက်ပါတယ်။