ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း ()နှစ်ပြည့် အခမ်းအနားတွေကို ရန်ကုန်တိုင်းပကဖ လက်အောက်ရှိ တိုက်ခိုက်ရေးတပ်ဖွဲ့တွေနဲ့ ခရိုင်အဖွဲ့တွေဟာ အောက်တိုဘာလ ၂၀ ရက် မနေ့က သက်ဆိုင်ရာနေရာအသီးသီးမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။

ရန်ကုန်တိုင်း ပကဖ တာဝန်ခံ ရဲဘော်နောင်ရိုးက တိုက်ခိုက်ရေးတပ်ဖွဲ့ () ၊ တိုင်းဒုတာဝန်ခံ(စစ်ရေး) ရဲဘော်မင်းရန်နိုင်က တိုက်ခိုက်ရေးတပ်ဖွဲ့()၊ ခရိုင်တာဝန်ခံတွေက သက်ဆိုင်ရာခရိုင်တပ်ဖွဲ့တွေ ရှိရာနေရာတွေမှာ ကာကွယ်ရေးဝန်ကြီးဌာနကနေ ပေးပို့လာတဲ့ သဝဏ်လွှာ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနိုင်ကောင်းရွတ်ဆီက ပေးပို့တဲ့ သဝဏ်လွှာတွေ ဖတ်ကြားပြီး အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ ၄ မှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်း ပကဖ တည်ထောင်ခြင်း ()နှစ်ပြည့်အခမ်းအနားကို တိုင်းတာဝန်ခံရဲဘော်နောင်ရိုးနဲ့အတူ မွန်ပြည်နယ် ပကဖ တာဝန်ခံ ရဲဘော်ရန်ကျော်၊ ဧရာဝတီတိုင်း ပကဖ ဒုတာဝန်ခံ(စစ်ရေး) ရဲဘော်ဂျိုကာ၊ ရန်ကုန် PDF ၅၁၀၁ တပ်ရင်းတပ်ရင်းမှူး ရဲဘော်ဩကာသနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပြီး အမှတ်တရစကားပြောကြားခြင်း၊ ၃နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်တဲ့ အမျိုးသားသေနတ်ပစ်ပြိုင်ပွဲ၊ အမျိုးသမီးသေနတ်ပစ်ပြိုင်ပွဲနဲ့ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုရရှိသူတွေကို ဆုချီးမြှင့်ခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ ၃ မှာ ပြုလုပ်တဲ့ အခမ်းအနားကို စစ်ဒေသ တပ်ရင်းတပ်ဖွဲ့တွေက တာဝန်ရှိသူတွေ၊ တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေက ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြသလို ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖ က ဦးဆောင်ပြီး မြို့နယ် ပကဖ တွေကို  ဖိတ်ကြားကာ ရန်ကုန် ပကဖ တည်ထောင်ခြင်း ၃နှစ်ပြည့်အထိမ်းအမှတ်ပွဲအဖြစ် zoom meeting နဲ့ပါ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ (ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁))

0 Shares:
You May Also Like
Read More

ပေါက်ခေါင်းမှာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စစ်ပွဲတွေကနေ လုံခြုံရာရွှေ့ပြောင်းလာမှုကြောင့် ရန်ကုန်မြို့က အိမ်ရာဈေးတွေ မြင့်တက်လာ

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီး ပိုမိုတောက်လောင်လာတာကြောင့် ကျေးလက်နေပြည်သူအများအပြား မြို့ပြဒေသတွေကို ထွက်ပြေးတိမ်းရှောင်လာကြတာနဲ့အမျှ ရန်ကုန်မြို့ရဲ့ အိမ်ရာဈေးနှုန်းတွေ မြင့်တက်လျက်ရှိပါတယ်။ မြန်မာစစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပျံ့နှံ့လျက်ရှိပြီး တိုက်ပွဲဖြစ်ပွားရာဒေသက ပြည်သူတွေဟာ မြန်မာပြည်ရဲ့ ဒုတိယအကြီးဆုံး မန္တလေးမြို့ကို ပြောင်းရွှေ့လာကြပါတယ်။
Read More

စစ်ကောင်စီအတွက် ဝင်ငွေရှာပေးနေသည့် MOGE ကို ဆွစ်ဇာလန်ဒဏ်ခတ်ပိတ်ဆို့ အရေးယူ

အာဏာသိမ်းစစ်တပ်က ၀င်ငွေတွေ မြောက်မြားစွာ ရရှိနေတဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဆွစ်ဇာလန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ပြီ ဖြစ်ပါတယ်။
Read More

ဒေါနတပ်ရင်းမှ တပ်သားသစ်များ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဒေါနတပ်ရင်းဟာ စစ်အာဏာရှင် အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးမှာ ပါဝင်ချင်တဲ့ တပ်သားသစ်တွေကို ခေါ်ယူနေပါတယ်။
Read More

မံစီမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့မှု ABSDF တရားဝင်ထုတ်ပြန်

ကချင်ပြည်နယ်၊ မံစီမြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ရင်းစခန်း အားလုံးကို သိမ်းပိုက်ပြီး မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့တယ်လို့ ကျောင်းသားတပ်မတော် (ABSDF) က ဒီနေ့ ညပိုင်းမှာ တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

မီးဖြတ်ခံရတာ ၁လနီးပါးရှိလာပြီဖြစ်တဲ့ ဖားကန့်မြို့…

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားတာ ၁လနီးပါးအထိ ကြာမြင့်လာတာကြောင့် နေရေးထိုင်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။