မကွေးတိုင်း ပခုက္ကူမြို့နယ် အင်ပင်ရွာကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အောက်တိုဘာ ၁၇ ရက် ညပိုင်းက ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  Young Force–UG တပ်ဖွဲ့ထံက သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ ၁၇ ရက် မနက်ပိုင်းက အင်ပင်ရွာကို ဝင်ရောက်ပြီး အမျိုးသမီးတွေအပါအဝင် ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး ထပ်မံစစ်ကြောင်းထိုးလာတဲ့အတွက် ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းနောက်ပြန်လှည့်သွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Cobra One BaNyein တပ်ဖွဲ့ ၊ The Red Revolters နဲ့ Young Force – UG တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ရေးအရှိန်အဟုန်မြင့်လာချိန် ပြည်သူ့ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်နိုင်ရေး “အဖိုးတန်အသက်တွေမဆုံးရှုံးဖို့ ချပ်ဝတ်တန်ဆာ‌ဆင်‌ပေးစို့” ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

အမှတ် (၁) စစ်ဒေသ မင်းဘူးခရိုင် အမှတ် (၃) တပ်ရင်းက ရဲဘော်တွေကို Equipment ၊ Helmet  နဲ့ ချပ်ဝတ်တန်ဆာတွေ တပ်ဆင်ပေးနိုင်ဖို့အတွက်  "အဖိုးတန်အသက်တွေမဆုံးရှုံးဖို့ ချပ်ဝတ်တန်ဆာ‌ဆင်‌ပေးစို့ "ကမ်ပိန်းပြုလုပ်ထားပါတယ်။
Read More

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ် ဓာတုဓာတ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခဲ့သည့် ရုပ်သံဖိုင် 

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်က တော်လှန်ရေးရဲဘော်တွေကို ဓာတုဓာတ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို Karenni Democratic Front က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ညောင်ကုန်းရဲစခန်းအနီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက် အရာခံဗိုလ်အပါအဝင် စစ်သား ၄ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် ညောင်းကုန်းရဲစခန်းအနီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီ ဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာခံဗိုလ်အပါအဝင် စစ်သား ၄ ယောက်သေဆုံးခဲ့တယ်လို့ Aung San's Land Natmaukမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမြို့နယ် ပေါက်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ပေါက်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Sun King Envoy Monywa မှ သတင်းထုတ်ပြန် ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်က အင်အား ၁၀၀ ခန့်နဲ့ ပေါက်ပင်ကျေးရွာသို့ ဝင်ရောက်လာပြီး ရွာကို မီးရှို့ ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Read More

၂၀၂၅ ခုနှစ် ပထမဆုံးရက်မှာ MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ကို ဇန်နဝါရီ ၁ ရက် ည ၁၁ နာရီခွဲဝန်းကျင်အချိန်မှာ အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
Read More

မုံရွာမြို့အတွင်း အကြမ်းဖက်စစ်တပ် အရာရှိများ စီးနင်းလာသည့် ယာဥ်တန်းနှင့် ဂိတ်စခန်းကို တိုက်ခိုက်ရာ G2 နှင့် ဗိုလ် ၂ဦး အပါအဝင် ၁၀ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ G2 အဆင့်ရှိ အရာရှိ စီးနင်းလာတဲ့ ယာဉ်တန်းနဲ့ ဂိတ်စခန်းကို တိုက်ခိုက်ခဲ့ရာ G2 နဲ့ ဗိုလ် အပါအဝင် စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ Black Falcon Guerrilla Forces က သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၇ ရက် ညပိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ အရာရှိတွေ စီးနင်းလာတဲ့ ယာဉ်တန်းကို မုံရွာမြို့အတွင်း ပြည်ထောင်စုလမ်းမပေါ်မှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။