မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ငါးမြှာကြီးရွာမှာ အောက်တိုဘာ ၂၀ ရက်က အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေချိန် အကြမ်းဖက်စစ်တပ်လေယာဉ်က အကြမ်းဖက် စစ်သားတွေဘက်ကို ဗုံးမှားကြဲချခဲ့တယ်လို့ Dog Killers People’s Defence Force Myinmu အဖွဲ့ထံက သိရပါတယ်။

အပြန်အလှန်တိုက်ခိုက်မှု ၂ နာရီခန့်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်တွေဘက်က ကျည်မလုံလောက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြပြီး အကြမ်းဖက်စစ်သားအများအပြား ထိခိုက်သေဆုံးမှုကို တိုက်ပွဲအတွင်း မြင်ခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ Dog Killers People’s Defence Force Myinmu နဲ့ တခြားမဟာမိတ်ညီနောင်တွေ ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံပေါင်းစုံ ဆုတောင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပြီး မိသားစုနှင့် ပြန်လည်ဆုံဆည်းနိုင်ရန် ဖြူဖြူကျော်သိန်း ဆုတောင်း (ရုပ်/သံ)

ပြင်သစ်နိုင်ငံမှာ ပြုလုပ်တဲ့ နိုင်ငံပေါင်းစုံဆုတောင်းပွဲမှာ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပြီး လွတ်မြောက်ခြင်းနဲ့အတူ မိသားစုနဲ့ ပြန်လည်ဆုံဆည်းနိုင်စေဖို့ ဆုတောင်းပေးခဲ့ပါတယ်။
Read More

ကျောက်မဲမြို့အတွင်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ၂ ရက်ဆက်ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ နောင်ပိန်ရွာကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ယနေ့ဇူလိုင် ၂၆ ရက် နေ့လယ်ပိုင်းက ကျောက်မဲမြို့ နောင်ပိန်ရွာကို နောင်ချိုမြို့နယ်အတွင်း ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး ၈ လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။
Read More

မြိတ်မြို့ဘက်မှ တနင်္သာရီဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ရိက္ခာတင်ယာဉ်တွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း မြိတ်မြို့ဘက်မှ  တနင်္သာရီမြို့ဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ရိက္ခာ တင်ယာဉ် ၄ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရမ်းတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

လယ်ယာလုပ်ကိုင်သူတွေကို ရမ်းသမ်းပစ်ခတ်နေတဲ့ စစ်အုပ်စု ဗုံးကြဲခံရပြီး ၁ယောက်သေ၊ ၈ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း လယ်ယာလုပ်ကိုင်နေတဲ့ ပြည်သူတွေကို လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၂၄ ရက်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Dragon Urban Guerrilla အဖွဲ့ထံက သိရပါတယ်။
Read More

လားရှိုးမြို့အဝင် အနီးနားက ရိုးရာဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အဝင် အနီးနားမှာရှိတဲ့ ရိုးရာဆန်အရက်ချက်စက်ရုံကို ဒီနေ့ အောက်တိုဘာ ၂၃ ရက် မနက် ၈ နာရီခွဲဝန်းကျင်ခန့်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။