မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက မြို့ပေါ်တက်လာတဲ့ အရပ်သားကားတွေကို ချောဆွဲဖမ်းဆီးပြီး ပျူစောထီးကျေးရွာတွေဆီ အဲဒီကားတွေနဲ့ ရိက္ခာပို့ဆောင်တာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာ ၁၆ရက်နေ့ လောက်ကစလို့ ပခုက္ကူမြို့ကိုတက်လာတဲ့ စျေးဝယ်ကားတွေနဲ့ ခရီးသည်ကားတွေကို မြို့အဝင်ကနေ စောင့်ကြိုဖမ်းဆီးပြီး မြိုင်နဲ့ ပေါက်နယ်မှာရှိတဲ့ ပျူစောထီးကျေးရွာတွေအတွက် ရိက္ခာပို့ဆောင်ပေးဖို့ခြိမ်းခြောက်ရက်ချိန်းပေးပြီးပြန်လွှတ်လိုက်ကြောင်း သိရပါတယ်။

ပခုက္ကူကို တက်တဲ့  ကားတွေကို ဖမ်းပြီး အုံနာဘုတ်သိမ်း၊လိုင်စင်သိမ်းပြီး မြိုင်နယ် ပေါက်နယ်က ပျူရွာတွေကို ရိက္ခာပို့ပေးဖို့ ချောဆွဲတယ်ပေါ့။ အုံနာဘုတ်ရယ် လိုင်စင်ရယ် ပြန်ရချင်ရင် ပျူရွာကို လိုက်ရမယ်။ မလိုက်ရင် အုံနာဘုတ်နဲ့လိုင်စင်အဆုံးပဲ။ ဟိုနေ့က ကျနော်တို့က ကားဖမ်းခံရတာ အုံနာဘုတ်ရယ် လိုင်စင်ရယ်ထားခဲ့ရတယ်။ ကားနဲ့လူကိုတော့ အဲနေ့က ပြန်လွှတ်ပေးလိုက်တယ်။သူတို့ခေါ်တဲ့နေ့ ပြန်လာရမယ်ပေါ့။ ရွာကကားကတော့ မသွားတော့ဘူးတဲ့။ အုံနာဘုတ်နဲ့ လိုင်စင်ပဲ အဆုံးခံတော့မယ်တဲ့။ တက်တဲ့ကားတွေက ပေါက်နဲ့မြိုင်ကပါ။ တချို့ကားတွေကျ အသွားကတည်းကမိပြီး တချို့ကျအပြန်မှ မိတယ်။ ကားသမားတချို့ဆို ပြန်မလွှတ်တော့ဘဲ တစ်ခါတည်းခေါ်ထားတယ်။ တချို့ကျ လူပြန်ပြီး အုံနာဘုတ်နဲ့လိုင်စင်ထားခဲ့ရတယ်တဲ့လို့ ဖမ်းဆီးခံရတဲ့ ဒေသခံကားသမား၁ယောက်က မောင်းကို ပြောပါတယ်။

အောက်တိုဘာ ၁၉ရက်၊ မနေ့ကလည်း မြိုင်မြို့နယ်ထဲက သရက်ကွ ပျူစောထီးရွာဆီ သွားရောက်ပို့ဆောင်မယ့် ဆန်နဲ့ဆားအိတ်တွေပါလာတဲ့ Light Truck ကား၂စီးကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ အနောက်ပိုင်းဇုံက လမ်းခရီးတစ်နေရာမှာ ကြားဖြတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။

ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ က စစ်ကောင်စီတပ်သားတွေရဲ့အခုလို အရပ်သားကားတွေကိုခြိမ်းခြောက်ချောဆွဲမှုတွေ ကြမ်းနေတာကြောင့်မြိုင်နဲ့ပေါက်နယ်က ဒေသခံတွေအဖို့ ပခုက္ကူမြို့ဆီ တက်ရောက်ဆေးကုသဖို့အတွက်ကို အတော်လေးအခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။

အခုဆိုပခုက္ကူကို အရေးပေါ်ဆေးကုသွားချင်ရင် တောင်အရမ်းခက်ခဲနေပြီ။ ကလေးတွေသွေးလွန်တုပ်ကွေးဖြစ်နေကြတဲ့ ရွာတွေရှိတယ်။ ဒါပေမယ့် ကားတွေမသွားရဲတာနဲ့ပဲ တအားဒုက္ခဖြစ်နေကြတယ်ပေါ့။ နောက်ဆုံးဘုန်းကြီးကားနဲ့ သွားရင်တောင် လိုင်စင်မပါရင် အဝင်မခံတော့ဘူး။လို့လည်း ဒေသခံ၁ယောက်က မောင်းကို ပြောပါတယ်။

ပေါက်နဲ့ မြိုင်က ပျူစောထီးကျေးရွာတွေကို တော်လှန်ရေး အင်အားစုတွေဘက်က အဖက်ဖက်ကနေ ပိတ်ဆို့ဖြတ်တောက်ထားတဲ့အတွက် ရွာတော်တော်များများမှာ စားနပ်ရိက္ခာတွေ ပြတ်လပ်နေကြပြီး အရပ်သားတွေလည်း မကြာခဏဆိုသလို တော်လှန်ရေးတပ်တွေဆီ ထွက်ပြေးခိုလှုံနေကြပါတယ်။

ပျူစောထီးရွာတွေထဲ စားနပ်ရိက္ခာပြတ်တောက်နေကြတာနဲ့ ပတ်သက်လို့ သင်္ကန်းဝတ်ပေါက်ဘုန်းကြီးကလည်း မကြာခဏဆိုသလို စစ်ကောင်စီထံတင်ပြတောင်းဆိုလေ့ရှိပြီး အခုလိုအရပ်သားကားတွေကို ခြိမ်းခြောက်ချောဆွဲကာ ရိက္ခာပို့ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။

မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးရွာကို ရိက္ခာပို့ဆောင်ပေးသည့် ကားများကို မြိုင် PDF တွေက ဖမ်းဆီးရမိခဲ့စဉ် (ဓာတ်ပုံ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနောက်ပိုင်းဇုံ)
0 Shares:
You May Also Like
Read More

ဘော်စတွန်မှာ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း မြန်မာမိသားစုများနှင့် တွေ့ဆုံခဲ့

အမေရိကန်ပြည်ထောင်စု၊ ဘော်စတွန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက အမေရိကန်ရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့တယ်လို့  ပြည်သူ့ဂုဏ်ရည်အသင်း New England ထံက သိရပါတယ်။
Read More

ရေးမြို့က စစ်ကောင်စီခမရ (၅၈၃) ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့လို့ ဗိုလ်ကြီး ၁ ဦး သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့က စစ်ကောင်စီရဲံ ခမရ (၅၈၃) တပ်ရင်းကို  လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့လို့ ဗိုလ်ကြီး တစ်ဦးသေဆုံးခဲ့ရတယ်လို့ တောင်ပိုင်းစစ်ဒေသက မနေ့က ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။ 
Read More

ဖလမ်းမြို့ကို ချင်းညီနောင်နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိဟု ဆို

ချင်းပြည်နယ် ဖလမ်းမြို့က စစ်ကောင်စီ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ခလရ ၂၆၈ ကို ချင်းညီနောင်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ နဲ့ ဗျူဟာစစ်ကြောင်း (၁) ကို ကျည်ကာပစ္စည်းတွေ တပ်ဆင်ခဲ့…

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း၅၁၀၂ နဲ့ ဗျူဟာစစ်ကြောင်း (၁) ကို ကျည်ကာပစ္စည်းတွေ တပ်ဆင်ခြင်းအခမ်းအနား ရှေ့တန်းတနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းမြို့အတွင်းက ငလျင်ဘေးသင့် ပြည်သူတွေကို NUG ကယ်ဆယ်ရေးဆောင်ရွက်

ယမန်နေ့က လှုပ်ခတ်သွားတဲ့ ပြင်းအားမြင့် ငလျင်ဘေးဒဏ်သင့်ခဲ့တဲ့ စစ်ကိုင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပအဖ၊ ပကဖ၊ ပလဖ တို့ ပူးပေါင်းကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပြီလို့ သိရပါတယ်။
Read More

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် (၅၀) နှစ်ပြည့် ကချင်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနား ပြုလုပ် (ဓာတ်ပုံသတင်း)

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ (၅၀)နှစ်ပြည့် ကချင်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဩဂုတ်လ ၁၀ ရက်က ပြုလုပ်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။