စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ကို ဒကစမှူး အောင်နိုင်ဦး ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတရားငွေညှစ်တောင်းခံရင်း ဖမ်းဆီးချုပ်နှောင်တာတွေလုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။

စက်တင်ဘာလ ၂၅ရက်နေ့က ကလေးမြို့၊  မော်လိုက်အကျဉ်းထောင်ကနေ ရက်စေ့ပြီး လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသား ကိုဇော်မင်းထက်ကို အကျဥ်းဦးစီးတာဝန်ခံတွေက မိသားစုဝင်တွေဆီ ချက်ချင်းမပို့ဆောင်ဘဲ ကလေးမြို့ရဲစခန်းဆီပို့ဆောင်ရင်း ရဲစခန်းကတဆင့် ကလေးမြို့ဒကစကို ပို့ဆောင်ချုပ်နှောင်ကာ မတရားအမှုဆင်ရင်း ငွေညှစ်တောင်းခံခဲ့တယ်လို့ သိရပါတယ်။

ကိုဇော်မင်းထက်ကို ဒကစထဲ တစ်ပတ်လောက်ချုပ်နှောင်ထားပြီးတော့ တိုင်ကြားတဲ့သူရှိတယ်ဆိုပြီး ပုဒ်မ ၅၀()နဲ့ ၅၂(က) တို့လို မတရားတဲ့ပုဒ်မတွေတပ်ပြီး ဖမ်းဆီးတယ်ပေါ့။ ကိုဇော်မင်းထက်ရှေ့က လွတ်လာတဲ့လူတွေလည်း ဒီလိုမျိုးတွေရှိပါတယ်။ သူတို့တောင်းတဲ့ငွေကြေး မပေးနိုင်ရင် မတရားပုဒ်မတွေတပ်ပြီး ပြန်ဖမ်းတယ်။ ထောင်ကိုပြန်ပို့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ဒီကိစ္စတွေကို ဒကစမှူး အောင်နိုင်ဦးဆိုသူက အဓိကဦးဆောင်လုပ်ကိုင်တာဖြစ်ကြောင်းနဲ့ အခုလိုမျိုး နိုင်ငံရေးအကျဥ်းသားတွေအပေါ်လုပ်ဆောင်ပြတာက နောက်လွတ်လာမယ့်သူတွေအတွက် ငွေကြေးမတတ်နိုင်ရင်တောင် ရအောင်ရှာခိုင်းတဲ့သတင်းစကားဖြစ်တယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ဘယ်လောက်ပဲ သတင်းစကားဖြစ်တယ်ပြောပြော၊ ဒီလိုလုပ်ရပ်တွေကမလုပ်သင့်တဲ့၊ ရုပ်ဆိုးအကျည်းတန်လွန်းတဲ့ လုပ်ရပ်တွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဥပဒေမဲ့နေတယ်ဆိုတာ လက်မခံချင်ဘဲ လက်ခံထားရပေမယ့် ဒါဟာအဆိုးဝါးဆုံး လူ့အခွင့်အရေးချိုးဖောက်မှုပါ။ ကျနော်တို့အဖွဲ့ တည်ထောင်ချိန်ကစလို့ ကိုဇော်မင်းထက်လိုဖြစ်စဥ်က ပထမဆုံးပါ။ အဲ့အရင်မှာတော့ ငွေကြေးပေးနိုင်လို့ လွတ်မြောက်သွားကြတာတွေ ရှိပါတယ်။ မပေးနိုင်သေးတဲ့အချိန်တွေမှာ ရက်နဲ့ချီပြီး ချုပ်နှောင်ခံခဲ့ရသူတွေ ရှိပါတယ်။လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

လက်ရှိမှာ ဒကစကနေ ထောင်ကိုမပို့ခင်စပ်ကြား ကလေးမြို့မရဲစခန်းမှာ ချုပ်နှောင်ခံထားရတဲ့ ကိုဇော်မင်းထက်ဟာ စစ်ကောင်စီရဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအရပါ သိသိသာသာဖိနှိပ်ခံနေရတယ်လို့လည်း သိရပါတယ်။

အခုလိုမြေပြင်မှာ ဖြစ်နေတဲ့ကိစ္စတွေအတွက် စစ်ကောင်စီက တချိန်ချိန်မှာ တာဝန်ယူရမှာဖြစ်ပါတယ်။ ဒီလိုမျိုး နိုင်ကျဥ်းတွေဆီက ငွေညှစ်ပြီး စီးပွားရေးဖန်တီးနေတဲ့ ဒကစမှူးအောင်နိုင်ဦး အပါအဝင် ကလေးမြို့မရဲစခန်းက စခန်းမှူးတွေနဲ့ အားလုံးကို အပြစ်ပေးနိုင်ရေး လုပ်ဆောင်သွားမှာပါ။ မလုပ်ဆောင်နိုင်သေးတဲ့ ကာလတစ်ခုမှာလည်း ပြည်သူတွေသိရှိအောင်ရယ် ကိုဇော်မင်းထက် ပြန်လည်လွတ်မြောက်လာအောင်ရယ် တတ်နိုင်သလောက်လုပ်သွားမှာပါလို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦး က မောင်းကိုပြောပါတယ်။

၂၀၂၀ ပြည့်နှစ်တုန်းက တွေ့ရတဲ့ ကလေးမြို့က မော်လိုက်အကျဉ်းထောင် (ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီရဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံး အပါအဝင် နေရာ ၄ ခုကို တစ်ချိန်ထဲမှာ ဝင်ရောက်တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ် တပ်စွဲထားတဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံး အပါအဝင် နေရာ ၄ ခုကို တစ်ချိန်ထဲမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီအထူး ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ကမ္မရဲစခန်းမှ လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် အမျိုးသားဖြစ်သူ သေဆုံးပြီး ဇနီးဖြစ်သူဒဏ်ရာရ

"ကမ္မမြို့ပေါ်ရဲစခန်းကနေ ပစ်တာ၊ ရပ်ကွက်ထဲကအိမ်ကိုကျတာ၊ သေဆုံးသွားတဲ့သူတွေက လင်မယား ၂ ယောက်လို့သိရတယ်၊ သေတဲ့သူက အမျိုးသား… ဒဏ်ရာရသူက သူ့ရဲ့ဇနီးလို့သိရတယ်၊ သူ့မိန်းမလည်း ဒဏ်ရာပြင်းထန်တယ်လို့ကြားတယ်" လို့ ကမ္မဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ် ။
Read More

မိုင်းဝီးမြို့တွင် အမျိုးသားတစ်ဦးသည် မြေမြှုပ်မိုင်းကို ဓားနှင့်ခုတ်မိသောကြောင့် ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းဝီးမြို့မှာ ဒေသခံ အမျိုးသားတစ်ယောက်က မြေမြှုပ်မိုင်းတစ်လုံးကို ဓားနဲ့​ခုတ်မိတာကြောင့် ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုဒုံတွင် အကြောဆေးထိုးမိသူ ၂၉ ဦး ‌ဆေးရုံတက်ရပြီး အဲဒီထဲက ၇၉ နှစ်အရွယ် အမျိုးသမီး ၁ ဦး အသက်ဆုံးရှုံး

မွန်ပြည်နယ်၊ မုဒုံမြို့၊ ဘလောက်ညောင်ဝိုင်းကျေးရွာမှာ ကျေးရွာတာဝန်ကျ သားဖွားဆရာမက အကြောဆေးထိုးပေးပြီးတဲ့နောက်မှာ လူ ၂၉ ယောက် အရေးပေါ် ဆေးရုံတင်လိုက်ရပြီး အဲဒီထဲမှာမှ အသက် ၇၉ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ကတော့ အသက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၇ ဦး ဒဏ်ရာရပြီး နေအိမ်အများအပြား ပျက်စီး

တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေရှိသလို နေအိမ်တွေလည်း ထိမှန်ပျက်စီးသွားတယ်လို့  ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ထံက သိရပါတယ်။
Read More

အရာတော်မှာ ကင်းလှည့်နေတဲ့ ပျူစောထီးတွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်၊ ပျူစောထီး ၁ ဦး သေဆုံး…

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာ ပျူစောထီးစခန်းတစ်ဝိုက် ကင်းလှည့်နေတဲ့ ပျူစောထီးတွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီး ၁ ယောက် သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်းအမှတ် ၁၉ - ရောင်နီဦးစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။