ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်နဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေကို အကြမ်းဖက်စစ်တပ်က Y12 လေယာဥ် ၂ စီးနဲ့ ပျံဝဲကာ ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာလ ၂၀ရက် ဒီနေ့ နေ့လည်ပိုင်းကတည်းက ပျံဝဲနေတာဖြစ်ပြီး မြဝတီမြို့အမှတ် ၅ ရပ်ကွက်ဘက်ဆိုရင် နိမ်နိမ့်လေး ပျံဝဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလေယာဥ်ကနေ ၂၇၅ တပ်ကိုလည်း လေထီးတွေနဲ့ ချတာတွေ့ရတယ်။ ဘာတွေချလဲဆိုတာတော့မသိရဘူး ။ အမှတ် ၅ရပ်ကွက် မြေနီကုန်းနားကိုလည်း လေထီးတွေနဲ့ ချနေတာတွေ့ရတယ်လို့ မြဝတီမြို့ ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ စွယ်တော်ကုန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားပြီးတဲ့နောက် အဲဒီနေရာအနီးတဝိုက်ကို လေယာဥ်နဲ့ ကင်းထောက်နေတာတွေလည်းရှိတယ်။ အခုတော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ စွယ်တော်ကုန်းဆိုတာက အကြမ်းဖက်စစ်တပ်က အဲဒီကုန်းပေါ်ကနေ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ အမြဲထုနေတဲ့နေရာလေ။ အခုလည်း လေယာဥ်တွေ ပျံဝဲနေပြန်ပြီလို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ကရင်ပြည်နယ်အတွင်းမှာ တော်လှန်ရေးအင်အားစုတွေရှိရာ နေရာတွေကို မြေပြင်ထိုးစစ်ဆင်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်တော့ဘဲ လေကြောင်းအားကိုး ခြိမ်းခြောက်တာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေကိုသာ လုပ်ဆောင်နိုင်တော့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီအမြစ်ပြတ်ရေး အခွင့်အခါကောင်းဖြစ်လို့ အားလုံးနဲ့ပူးပေါင်းပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်နေတယ်လို့ KIA အသိပေး

စစ်ကောင်စီကို တိုင်းပြည်မှာ လုံး၀မရှိစေမယ့် အမြစ်ပြတ်စစ်ဆင်ရေးကို ဖော်ဆောင်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေ အားလုံးနဲ့ လက်တွဲဖော်ဆောင်နေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောပါတယ်။
Read More

ရွှေဘိုခရိုင် PDF အမှတ် (၉) တပ်ရင်း၏ (၄) နှစ်ပြည့် အခမ်းအနား

အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ် (၁) စစ်ဒေသ ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ရွှေဘိုခရိုင်အမှတ် (၉) တပ်ရင်းရဲ့ တပ်တည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနားကို သြဂုတ် ၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ပဲခူး၊ ဧရာ၀တီနဲ့ မကွေးက စစ်စခန်းတွေကို AA တိုက်ခိုက်သိမ်းပိုက်

ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်းက စစ်ကောင်စီတပ်စခန်း ၃ခုကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကြားက စစ်ကောင်စီတပ်တချို့လည်း ဆုတ်ခွာထွက်ပြေးနေရတယ်လို့ AA က ဇန်နဝါရီလ ၂၇ ရက် ညပိုင်းမှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ကျဆုံး အာဇာနည်သူရဲကောင်းများ၏ မိသားစုဝင်များအား “ပြည်သူမှပြည်သူသို့” အစီအစဥ်ဖြင့် ထောက်ပံ့ ဂုဏ်ပြုပေးအပ်

အကြမ်းဖက်စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ့အာဇာနည် သူရဲကောင်းတွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ငွေနဲ့ ပစ္စည်းတွေ သွားရောက်ပေးအပ်ခဲ့ကြောင်း Natogyi PDF က ထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုရုံးပေါင်းစုံက စစ်အုပ်စုတွေကို MBTအဖွဲ့၊ ပြောက်ကျား သွားရောက်တိုက်ခိုက်၊ စစ်အုပ်စုဘက်က ၃ ယောက် သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ စစ်အုပ်စုတွေတပ်စွဲထားတဲ့ ရုံးပေါင်းစုံ (ရေစကြိုထွေအုပ်ရုံး) ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲထံက သိရပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်အုပ်စု အကြမ်းဖက်လုပ်ရပ်များကြောင့် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၅၀) ဦး သေဆုံး

နိုင်ငံတစ်ဝန်းမှာ ၂၀၂၅ ခုနှစ်အတွင်း အခုချိန်အထိ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေကြောင့် ပညာရေးကဏ္ဍက ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း အယောက် (၅၀) သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။