မြန်မာနဲ့ တရုတ်နိုင်ငံတို့ဟာ ကမ္ဘာပေါ်မှာ အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံး နိုင်ငံတွေဖြစ်ကြောင်း လေ့လာမှုတစ်ခုက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

၂၀၂၁ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပိုမိုဆိုးရွားလာတဲ့ အင်တာနက်လွတ်လပ်ခွင့် အခြေအနေဟာ ဆယ်စုနှစ်တစ်ခုအတွင်း တရုတ်ရဲ့ အဆိုးရွားဆုံး အင်တာနက်လွတ်လပ်ခွင့်အခြေအနေကို လိုက်မီခဲ့တယ်လို့ အောက်တိုဘာလ ၁၅ ရက်က Freedom on the Net အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမေရိကန်လွှတ်တော်က ရန်ပုံငွေထောက်ပံ့ထားပေမယ့် အမှီအခိုကင်းစွာ လည်ပတ်နေတဲ့ ဒီမိုကရေစီလိုလားသူ Freedom House ရဲ့ အစီရင်ခံစာအရ ကမ္ဘာတဝှမ်း အင်တာနက်လွတ်လပ်ခွင့်ဟာ ၁၄ နှစ်ဆက်တိုက် ကျဆင်းသွားခဲ့ပြီး နိုင်ငံအများအပြားဟာလည်း လွတ်လပ်ခွင့် မြင့်တက်မလာဘဲ နိမ့်ကျသွားတယ်လို့ တွေ့ရှိရကြောင်း AFP သတင်းက ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တစ်ခုစာ ဒီမိုကရေစီအသွင်ပြောင်းလဲမှုဟာ စစ်အာဏာသိမ်းမှုနဲ့အတူ အဆုံးသတ်သွားချိန်ကစလို့ စစ်ကောင်စီဟာ စနစ်တကျဆင်ဆာဖြတ်တောက်ခြင်းနဲ့ အွန်လိုင်းပေါ်ကစကားတွေကို စောင့်ကြည့်တာတွေ လုပ်ဆောင်ပြီး သဘောထားကွဲလွဲမှုတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ သူတို့လက်ပါးစေတွေရဲ့လက်ချက်ကြောင့် အာဏာရှင်ဆန့်ကျင်ရေးဒီမိုကရေစီလိုလားသူတွေနဲ့ အရပ်သားပြည်သူ ၅၈၀၀ ကျော် သေဆုံးခဲ့ရပြီး လူပေါင်း ၂၇၅၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ အင်တာနက်ထိန်းချုပ်မှုတွေကို ကျော်လွှားဖို့ အသုံးပြုတဲ့ VPNs တွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ မေလမှာ ပိတ်ပင်ဖို့ စီမံချက်အသစ်တွေ ထုတ်ပြန်ခဲ့တဲ့တာကို Freedom House က ထောက်ပြခဲ့ပါတယ်။

အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့က နေပြည်တော်က အင်တာနက်ဆိုင်တစ်ခုရှေ့တွင် စောင့်စားနေသည့် လူများကို တွေ့ရစဉ် (ဓာတ်ပုံ STR)

တရုတ်နိုင်ငံမှာလည်း အာဏာရကွန်မြူနစ်ပါတီကို ခြိမ်းခြောက်မှုဖြစ်စေမယ့် အကြောင်းအရာတွေကို အမြစ်ပြတ်ချေမှုန်းဖို့ ကျယ်ပြန့်တဲ့ firewall ကြီးတစ်ခုကို တီထွင်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ အဲဒီအစီရင်ခံစာနဲ့ပတ်သက်လို့ ပေကျင်းကတော့ သူတို့ရဲ့ပြည်သူတွေဟာဥပဒေနဲ့အညီ အမျိုးမျိုးသောအခွင့်အရေးတွေနဲ့ လွတ်လပ်မှုတွေကို ခံစားနေကြရတယ်လို့ အခိုင်အမာ ပြောဆိုပါတယ်။

အစီရင်ခံစာလို့ ခေါ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒါဟာ လုံးဝ အခြေအမြစ်မရှိသလို ယုတ်ညံ့တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာလို့ ကျမ ထင်ပါတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပြောပါတယ်။

အိုက်စလန်နိုင်ငံဟာ အင်တာနက်လွတ်လပ်ခွင့် အမြင့်ဆုံးနိုင်ငံဖြစ်ပြီး အက်စ်တိုးနီးယား၊ ကနေဒါ၊ ချီလီနဲ့ ကော်စတာရီကာတို့က သူ့နောက်လိုက်ကြပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ အမှတ် ၁၀၀ မှာ ၇၆ နဲ့ တည်ငြိမ်နေပြီး အစိုးရရဲ့ စောင့်ကြည့်မှုအပေါ် အကာအကွယ်ကင်းမဲ့မှုနဲ့ပတ်သက်လို့ Freedom House အနေနဲ့ စိုးရိမ်မှုအသစ်တွေ တိုးလာနေပါတယ်။

တဆက်တည်းမှာပဲ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေမှာ ဉာဏ်ရည်တုကို အလွဲသုံးစားလုပ်မှုအပေါ် ဆန့်ကျင်တဲ့ အမေရိကန်ပြည်နယ် ၁၉ ခုထက်မနည်းရဲ့ လုပ်ဆောင်ချက်တွေကို သူက ထောက်ပြထားပါတယ်။

မူရင်း – Myanmar and China have lowest internet freedom, says study

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့နယ် စစ်ဘေးရှောင် ပြည်သူများအတွက် SSPP/SSA စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ကူညီခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြဝတီ-ဝေါ်လေ ကားလမ်းက စစ်ကောင်စီရဲ့ ကာကင်းစခန်း ၃ ခုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်၊ မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ကာကင်းစခန်း ၃ ခုကို ထပ်ပြီးသိမ်းပိုက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း ၂ (Venom Column) က ဒီနေ့မှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မင်းကင်းမြို့နယ်မှာ ပအဖ နဲ့ ပကဖ တွေ ပူးပေါင်းပြီး (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုပြုလုပ် (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ လူ့အခွင့်ရေးရာတာ၀န်ခံတို့ ဦးဆောင်ကာ မင်းကင်းမြို့နယ်၊ တပ်ရင်း- ၂၊ တပ်ခွဲ - ၁ က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်တပ်ထောက်ခံသူ ငါးမင်းဆွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ စစ်ကောင်စီ ထုတ်ပြန်

စစ်တပ်ထောက်ခံသူ ငါးမင်းဆွေကို  စစ်ကောင်စီက ပြင်းပြင်းထန်ထန် အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေကတဆင့် ထုတ်ပြန်ပါတယ်။
Read More

ကျားသစ်နက်စစ်ကြောင်း အပတ်စဉ်(၄) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

တောင်ပိုင်းစစ်ဒေသမှာ အခြေစိုက်ထားတဲ့ ကျားသစ်နက်စစ်ကြောင်းရဲ့ အပတ်စဥ် (၄) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပခဲ့ကြောင်း ဒီနေ့ဧပြီလ ၁၄ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့တိုက်ပွဲအတွင်း Loikaw Local PDF Alpha (2) တပ်ရင်း အမှတ်(၂) တပ်စုမှူး ကျဆုံး

ကရင်နီပြည်နယ် ၊ မိုးဗြဲမြို့တွင်းတိုက်ပွဲအတွင်း လွိုင်ကော်မြို့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း အမှတ်(၂) - Loikaw Local PDF Alpha (2) က တပ်စုမှူး ရဲဘော် ကျော်ထက်(ခ) ထက်ကြီး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။