မကွေးတိုင်း၊ စလင်းမြို့က စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ သုံးခုကို တော်လှန်ရေးအင်အားစုတွေက တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ()တပ်ရင်းက မောင်းကို အတည်ပြုပြောဆိုပါတယ်။

စလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲထားတဲ့ နေရာနှစ်ခုနဲ့ လင်ဇင်းရဲစခန်းကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပြီး  စစ်တပ်ဘက်က ထိခိုက်သေဆုံးဒဏ်ရာရသူတွေရှိတယ်လို့ ဆိုပါတယ်။

(ဓာတ်ပုံ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း)

အထူးသဖြင့် စစ်ကောင်စီက တပ်စွဲအထိုင်ချထားသော ဆုပ်လေဦးလမ်းဆုံအနီးရှိ ကင်းစခန်း၊သစ်ခေါက်တောင်ရွာတွင် တပ်စွဲထားတဲ့ကင်းစခန်းနဲ့ လင်းဇင်းရဲစခန်းတို့ကို  တာဝေးပစ် လက်နက်ကြီးအပါအဝင် လက်နက်ကြီး၊ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။

တိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ်()တပ်ရင်း၊မင်းဘူးခရိုင် အမှတ်()တပ်ရင်း၊စလင်း (ပကဖ)၊မင်းဘူးခရိုင် ပကဖ ဒရုန်းလက်ရုံးအဖွဲ့၊ဒေါင်းညီနောင် ပျောက်ကြားအဖွဲ့တို့မှလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း)
0 Shares:
You May Also Like
Read More

အမေရိကန်က တရုတ်နဲ့ အင်အားကြီး ယှဉ်ပြိုင်ဘက်ဖြစ်နေလို့ တော်လှန်ရေးအင်အားစုတွေကို ဒေါ်လာသန်းနဲ့ချီ ထောက်ပံ့ပေးနေတယ်လို့ စစ်ကောင်စီ စွပ်စွဲ

NUG အပါအဝင် တော်လှန်ရေး အင်အားစုတွေက နှစ်စဉ်ဒေါ်လာ သန်း ၂၀၀ နီးပါးလောက် ထောက်ပံ့ရရှိနေတာဖြစ်တယ်လို့ မြန်မာလူထုရဲ့ မိတ်ဆွေစစ် တရုတ်နိုင်ငံဆိုတဲ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီက စွပ်စွဲပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။
Read More

ဘုရားသုံးဆူမြို့မှာ တရုတ်နိုင်ငံကလာတဲ့ တရုတ်လူမျိုးတွေ စီးပွါးရေးချဲ့ထွင်မှုကြောင့် မြို့ခံတွေရဲ့ လူမှုစီးပွားဘဝ ထိခိုက်လာနေ

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ တရုတ်နိုင်ငံကနေ တရုတ်လူမျိုးတွေ အလုံးအရင်းနဲ့ လာရောက်နေထိုင်ပြီး စီးပွားရေးချဲ့ထွင်နေတာကြောင့် မြို့ခံတွေရဲ့ လူမှု၊စီးပွားဘဝ ထိခိုက်လာနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မဲဇလီ-ဆည်တော်ကြိုးတံတား စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်အုပ်စု အလောင်း ၄ လောင်းနှင့် လက်နက်ခဲယမ်းများ PDF သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ စစ်အုပ်စုတပ်စွဲထားတဲ့ မဲဇလီ-ဆည်တော်ကြိုးတံတား စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရင်း လက်နက်ခဲယမ်းတွေနဲ့ စစ်အုပ်စုအလောင်း ၄ လောင်း သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

KNU ဗဟိုမှာ ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပပြုလုပ်

၂၇၆၄ ခုနှစ်၊ သလေလဆန်း (၁)ရက် မနေ့က ကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ဂုဏ်ပြုခြင်း အခမ်းအနားတစ်ရပ်ကို ကရင်အမျိုးသားအစည်းအရုံး၊ ဗဟိုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ်စွဲထားသည့် မိုးဗြဲက ကတ်သလစ်ကျောင်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီဘက်က ၇ ဦး သေ

တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီပြည်၊ မိုးဗြဲဒေသမှာ စစ်ကောင်စီတပ်စွဲထားတဲ့ ကတ်သလစ် ဘုရားကျောင်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးပြီး သေနတ် ၅ လက်ရရှိခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က အသိပေးထုတ်ပြန်ပါတယ်။
Read More

လေးကေ့ကော်တိုက်ပွဲမှ စစ်မှုထမ်းတပ်သား ၃ ဦး လက်နက်နှင့်အတူ အလင်းဝင်၊ ရန်ကုန်ဗျူဟာစစ်​ကြောင်းထံ စစ်မှုထမ်း တပ်သား ၂ ဦး လက်နက်များဖြင့် အလင်းဝင်

ကရင်ပြည်နယ်၊ လေးကေ့ကော်တိုက်ပွဲအတွင်း စစ်မှုထမ်း တပ်သားသစ် ၃ ယောက်က လက်နက်တွေနဲ့အတူ ကော်ဘရာ စစ်ကြောင်းထံ အလင်းဝင်ရောက်ခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။