ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိန်းချုပ်သိမ်းပိုက်လိုက်ပြီး KIA နဲ့ တော်လှန်ရေးအင်အားစုတွေက မြို့အတွင်းကို ဝင်ရောက်နေရာယူနေပြီ ဖြစ်ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ပိုင်းလောက်မှာ ပန်ဝါမြို့တွင်းရှိ စစ်ကောင်စီတပ်စခန်းများနဲ့ နယ်ခြားစောင့်တပ်စခန်းများကို KIA တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မနေ့က ၁၈ ရက် ည ၉ နာရီအချိန်လောက်မှာတော့ ပန်ဝါမြို့ကို အပြီးသတ် တိုက်ခိုက်သိမ်း ပိုက်ရရှိခဲ့ခြင်းဖြစ်ပါတယ်။
ပန်ဝါမြို့အနီးက စစ်ကောင်စီစခန်းတွေကို ရက်သတ္တပတ် ၂ပတ်နီးလောက် KIA ကတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး မြို့အတွင်းက နောက်ဆုံး စစ်ကောင်စီစခန်းကို တိုက်ခိုက်ပြီး မြို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
ကျန်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ ထွက်ပြေးတိမ်းရှောင်မှုတွေရှိနေပြီး KIA ဘက်က နယ်မြေရှင်းလင်းမှုတွေ စတင်လုပ်ဆောင်နေပြီလို့လည်း သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် စခုန့်တိန်ယိမ်းထိန်းချုပ်ထားတဲ့ ပန်ဝါမြို့မှာ ဒေသခံ အများစုက ကြိုတင်စစ်ဘေးတိမ်းရှောင်သွားပြီဖြစ်သလို စစ်ကောင်စီကတော့ တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
KIA ဘက်ကတော့ ပန်ဝါမြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး အသေးစိတ်ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။
တရုတ်နိုင်ငံဘက်ကို ပန်ဝါဒေသကနေ တိမ်းရှောင်သွားတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ တရုတ်နိုင်ငံဘက်က ဝင်ရောက်ခွင့်မပြုလို့ ဒေသခံ အများစု အခက်အခဲတွေလည်း ဖြစ်ပေါ်လျက်ရှိပါတယ်။
0 Shares:
You May Also Like
Read More

စလင်းမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးလက်နက်ငယ်နှင့် မိုင်းအန္တရာယ်များ အသိပညာပေး

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စလင်းမြို့နယ် ပကဖ တာဝန်ခံများနှင့်ရဲဘော်များမှ ကျေးရွာတွေကို သွားရောက်ကာ လေကြောင်းအန္တရာယ်၊ လက်နက်ကြီးလက်နက်ငယ်အန္တရာယ်၊ မိုင်းအန္တရာယ်တွေနဲ့ပတ်သက်လို့ သတိထားရမယ့်အချက်တွေနဲ့ ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းတွေကို လမ်းကမ်းစာစောင်တွေ မျှဝေပေးခဲ့တယ်လို့ သိရပါတယ်။
Read More

သောင်ရင်းမြစ်ဘေး မူယူထာဒေသတွင် မူးယစ်ဆေးဝါး (WY) (၅၉၉)ထုပ်ကို ဖမ်းဆီးရမိကြောင်း KNU ထုတ်ပြန်

သောင်ရင်းမြစ်တစ်လျှောက် လုံခြုံရေးယူထားတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) က မူယူထာဒေသမှာ မူးယစ်ဆေးဝါး (WY) (၅၉၉)ထုပ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျန်းမာရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးဆောင်ပြီး Hydrocephalus ရောဂါရှင် ကလေးငယ်ကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန ၊ ဒုဝန်ကြီး ဒေါက်တာခင်မောင်လွင် ဦးဆောင်တဲ့ CDM ဆရာဝန်တွေက Hydrocephalus ရောဂါရှင်ကလေးငယ်ကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့တယ်လို့ ဒုဝန်ကြီးက လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။
Read More

ဆောထိမြို့နယ်တွင် စစ်အုပ်စု တရက်အတွင်း ၁၂ ကြိမ် လေကြောင်းတိုက်ခိုက်ကာ ပေါင် ၅၀၀ ဗုံး ၂၄ လုံး ကြဲချ၊ မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်ကို အကြမ်းဖက်စစ်တပ်က တရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ် ပြုလုပ်ခဲ့တာကြောင့် မိန်းကလေးငယ် ၁ယောက် သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။
Read More

Gender တန်းတူညီမျှရေးဌာနနဲ့ ဗဟိုကျန်းမာရေးဌာန​ရဲ့ ဌာနမှူးတွေနဲ့ တာဝန်ခံတွေကို တရားဝင်ကျမ်းသစ္စာဆို ခန့်အပ်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ​ရဲ့ Gender တန်းတူညီမျှရေးဌာနနဲ့ ဗဟိုကျန်းမာရေးဌာနစတဲ့ ဌာနနှစ်ခု​ရဲ့ ဌာနမှူး၊ ဒုတိယဌာနမှူးနဲ့ တာဝန်ခံတွေကို တရားဝင်ကျမ်းသစ္စာကျိန်ဆိုကာ ခန့်အပ်တဲ့ အခမ်းအနားကို ဒီဇင်ဘာလ (၁၅) ရက် မနေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ထုတ်ပြန်ပါတယ်။