အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းဟာ အီတလီနိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာနရဲ့ Deputy Director General , Principal Director for Asia, Oceania ed Antarctica. Directorate General for Globalization ဖြစ်သူ Ms. Alessandra Schiavo နဲ့ အခြားအစိုးရတာ၀န်ရှိသူတွေကို အီတလီနိုင်ငံ ၊ ရောမမြို့ရှိ နိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန ရုံးခန်းမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ NUG ရဲ့ သဘောထားကို ဆွေးနွေးခဲ့ရာမှာ ဝန်ကြီး ဦးအောင်မျိုးမင်းက အကြမ်းဖက်စစ်အုပ်စုဟာ ရွေးကောက်ပွဲကျင်းပခွင့်ရှိတဲ့ အာဏာ၊ လုပ်ပိုင်ခွင့် မရှိဘဲ အခုကြိုးပမ်းနေမှုဟာ အတုအယောင်ရွေးကောက်ပွဲသာဖြစ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလမ်းကြောင်းကို သွားနိုင်မှာမဟုတ်ဘူးလို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာမှုနဲ့အတူ တစ်ဖက်မှာလည်း အကြမ်းဖက်စစ်အုပ်စုရဲ့ နယ်မြေဆုံးရှုံးမှု၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ ယိုယွင်းပျက်စီးမှုအခြေအနေတွေကိုလည်း အပြန်အလှန်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
NUG ၀န်ကြီးက နိုင်ငံတကာအနေနဲ့ အခုထက်ပိုမိုအရေးယူဆောင်ရွက်မှုကို လိုအပ်နေပြီး အခြားကြီးမားတဲ့ ကမ္ဘာ့ဖြစ်ရပ်တွေကြောင့် မြန်မာ့အရေးကို မမေ့လျော့စေလိုဘဲ အာဆီယံအပါအဝင် တစ်ကမ္ဘာလုံးက အကြမ်းဖက်စစ်အုပ်စုကို မှန်ကန်ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပိုပြီး လုပ်ဆောင်သွားဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
အီတလီနိုင်ငံခြားရေးရာ တာ၀န်ရှိသူတွေဘက်ကလည်း အီတလီနိုင်ငံအနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးကို အမြဲတမ်း စိတ်ဝင်တစား စောင့်ကြည့်လေ့လာကာ လိုအပ်တဲ့ လုပ်ဆောင်ချက်တွေကို ဆောင်ရွက်နေပြီး ပိုမိုထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာစေဖိ​ြ့အတွက် အီတလီနိုင်ငံအနေနဲ့ရော ဥရောပသမဂ္ဂ အဖွဲ့၀င်နိုင်ငံတွေအနေနဲ့ပါ ဆက်လက် ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
အဲ့ဒီတွေ့ဆုံပွဲကို TALIA-BIRMANIA.INSIEME ရဲ့ General Secretary ဖြစ်သူ Mrs. Cecilia Brighi လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ကလေးမြို့နယ်တောင်ပိုင်းက ဆေးရုံ ၂ ရုံကို စစ်တပ် ၂ ရက်အတွင်း ဗုံးကြဲတိုက်ခိုက်၊ ကျန်းမာရေးစေတနာ့ဝန်ထမ်း ၅ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ ဆေးရုံ ၂ ရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ နှစ်ရက်အတွင်း ဗုံးကြဲတိုက်ခိုက်ရာ ကျန်းမာရေးစေတနာ့ ဝန်ထမ်း ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ People's Healthcare Network (Kalay) က ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ကြောင့် နေပြည်တော်တွင် စစ်ရုံးချုပ်အပါအဝင် ထိခိုက်ပျက်စီးမှုများပြား။ ဌာနဆိုင်ရာရုံးတချို့ကို ရန်ကုန်မှာ ပြောင်းလဲဖွင့်လှစ်မည်ဟု ဆို

မတ်လ ၂၈ ရက်နေ့မှာ ပြင်းထန်စွာလှုပ်ခတ်သွားခဲ့တဲ့ ငလျင်ကြောင့် နေပြည်တော်က စစ်ဘက်နဲ့ ဌာနဆိုင်ရာ အဆောက်အဦးတွေ အကြီးအကျယ် ပြိုကျပျက်စီးခဲ့တယ်လို့ သိရပြီး၊ အကြမ်းဖက်စစ်ကောင်စီက နေပြည်တော်ရှိ ဌာနဆိုင်ရာရုံးတချို့ကို ရန်ကုန်မြို့မှာ ပြောင်းရွေ့ဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့ နေပြည်တော်နဲ့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သတင်းရရှိပါတယ်။
Read More

လေယာဉ်ဗုံးထိမှန်ကျဆုံးခဲ့သည့် မိုးကုတ်ပကဖ ရဲဘော် (၂) ဦးအတွက် အမိန့်ပြန် အခမ်းအနား

အကြမ်းဖက်စစ်ကောင်စီရဲ့ လေယာဉ်ဗုံး ထိမှန်ကာ ကျဆုံးခဲ့တဲ့ ပကဖ ရဲဘော် (၂) ယောက်အတွက် မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပကဖက အမိန့်ပြန်တမ်းထုတ် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းငလျင်ကြီးအပြီး ၅ လနီးပါး ကြာမြင့်ချိန် Sky Villa ကွန်ဒိုမှ ရုပ်အလောင်း ၁ လောင်း တွေ့ရှိ…

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ စစ်ကိုင်းငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုမှ အလောင်း ၁ လောင်း ထပ်မံ တူးဖော်ရရှိကြောင်း စစ်ကော်မရှင်ရဲ့ မီးသတ်ဦးစီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်သား ၅ ဦး လက်နက် ၂ လက်နှင့်အတူ KNU တပ်မဟာ (၄) ထံအလင်းဝင်

အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးခံရပြီးနောက် စစ်သားစုဆောင်းရေးတပ်ထဲ အပို့ခံလိုက်ရတဲ့ စစ်ကောင်စီတပ်သား ၅ ယောက် လက်နက်နဲ့အတူ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) ဆီ အလင်းဝင်ရောက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘုန်းကြီးတစ်ပါးနဲ့ ပြည်သူ ၂ယောက်ကို သတ်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ရေစကြိုမှာ တိုက်ပွဲဖြစ်ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှု ရှိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။