စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်စခန်းတွေကို ဆရာဒေါင်းဦးဆောင်မှုနဲ့ တော်လှန်ရေး ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး နေ့ရောညပါ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူတွေ ဆီက သိရပါတယ်။
အဲ့ဒီဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု့ကို ဆရာဒေါင်းဦးဆောင်တဲ့ ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေး၊Salingyi Special Task Force (SSTF)၊ ပုံတောင်တိုက်ဂါး PDF ၊ Eagle Wings Drone Force စတဲ့ တပ်ဖွဲ့ ၄ ဖွဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“သီတင်းကျွတ်ကာလ အထိမ်းအမှတ်နဲ့ အကြမ်းဖက်စစ်တပ်စခန်းတွေကို ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်၊ နေ့ရောညပါ တိုက်ခိုက်ခဲ့တာပါ၊ ပြည်သူတွေကို နေ့ရောညပါ အမျိုးမျိုး ဒုက္ခပေးနေတဲ့ အကြမ်းဖက်စစ်တပ်တွေကိုလည်းပြည်သူတွေခံနေရသလို သူတို့ကို ပြန်လည်ခံစားစေနိုင်ဖို့ လုပ်ဆောင်ခဲ့တာပါ” လို့ Eagle Wings Drone Force တာဝန်ခံ ကိုဇေယျာမင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
“အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပြည်သူတွေကို ဗုံးကြဲချတိုက်ခိုက်နေသလို စစ်တပ်အပေါ်လည်း ဒရုန်းစစ်ဆင်ရေးတွေ အင်တိုက်အားတိုက်နဲ့ ဆက်လက်လုပ်ဆောင်နေမှာပါ၊ အခုလက်ရှိဖော်ဆောင်တဲ့ မစ်ရှင်မှာဆိုရင်လည်း Fixed Wings ဒရုန်းအမျိုးအစား ၃ စီးပျက်စီးဆုံးရှုံးခဲ့ပါတယ်၊ နောက်ထပ်မစ်ရှင်တွေ ထပ်လုပ်ဆောင်ဖို့ရာအတွက် ပြည်သူတွေအနေနဲ့လည်း ပါဝင်လှူဒါန်းအားဖြည့်ပေးစေချင်တယ်” လို့ ဒရုန်းတာဝန်ခံ ကိုဇေယျာမင်းက ဆက်ပြောပါတယ်။
အောက်တိုဘာ ၁၈ ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်က ပုလဲမြို့နယ်၊ ဇီးဖြူကုန်း ပျူစောထီးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဗျူဟာကုန်းကို လာချပေးတဲ့ ရိက္ခာတွေကို Eagle Wings Drone Force တော်လှန်ရေးတပ်ဖွဲ့က ရရှိခဲ့ပါသေးတယ်။
ပုံစာ – အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့ပုံ
0 Shares:
You May Also Like
Read More

ပုဂံ-ညောင်ဦးလမ်းပေါ် အိမ်စီးကားတစ်စီးမှ ပျူ ၂ ဦးကို ဖမ်းမိ၊ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ၂ ဦးလုံး သေဆုံး

မန္တလေးတိုင်း၊ ပုဂံ-ညောင်ဦး လမ်းပိုင်းမှာ ရှောင်တခင် လမ်းပိုင်းစစ်ဆေးရေးလုပ်ဆောင်ချိန် အိမ်စီးကားနဲ့ လာတဲ့ ပျူစောထီး ၂ ယောက်ကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ Bagan Bo Cho PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စလင်း စစ်ဘေးရှောင်များကို စစ်ကော်မရှင် ဗုံးကြဲ၍ ၁ နှစ်အရွယ်ကလေးအပါ ၂ ဦး သေဆုံးပြီး မိခင်ဖြစ်သူ ဒဏ်ရာရ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့နေရာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်း ဒရုန်းဗုံးသီးကြဲချ ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ − ပအဖ ဆီက သိရပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ရေး မွန်ပြည်ဖက်ဒရယ်ကောင်စီနှင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစုတို့ ဘုံသဘောတူညီချက် ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေးအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) တို့ ဘုံသဘောတူညီချက်ကို ဒီနေ့မှာ ပူးတွဲ ထုတ်ပြန်ထားပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှု ရက်ဆက်ပြုလုပ်နေသည့် စစ်ကောင်စီကြောင့် ကောလင်းတွင် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ဒီကနေ့ (ဧပြီလ၁၃) သင်္ကြန်အကြိုနေ့မှာလည်း မြို့အရှေ့ခြမ်း၊ ညောင်ကုန်းကျေးရွာဆီ ဂျက်ဖိုက်တာနဲ့ လာရောက်တိုက်ခိုက်သွားတယ်လို့ Kawlin Info က ပြောပါတယ်။
Read More

စစ်ကိုင်းမြို့အတွင်းက ငလျင်ဘေးသင့် ပြည်သူတွေကို NUG ကယ်ဆယ်ရေးဆောင်ရွက်

ယမန်နေ့က လှုပ်ခတ်သွားတဲ့ ပြင်းအားမြင့် ငလျင်ဘေးဒဏ်သင့်ခဲ့တဲ့ စစ်ကိုင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပအဖ၊ ပကဖ၊ ပလဖ တို့ ပူးပေါင်းကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပြီလို့ သိရပါတယ်။
Read More

ရိက္ခာရှာထွက်သည့် ကန်နီရွာက စစ်အုပ်စုများ စောင့်ကြိုပစ်ခတ်ရာ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရိက္ခာရှာထွက်လာတဲ့ ကန်နီကျေးရွာရှိ စစ်တပ်စခန်းကို စစ်အုပ်စုတွေကြားဖြတ်တိုက်ခိုက်ခံရပြီး ပျူစောထီး ၁ ယောက်သေဆုံးကာ ရွာအတွင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။