ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ပါလီမန်များညီလာခံမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အဆိုကို တင်သွင်းနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အသိပေးထုတ်ပြန်လိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ပြုလုပ်နေတဲ့ (၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံရဲ့ အရေးကြီးအဆို တင်သွင်းတဲ့ကဏ္ဍမှာ မြန်မာ့အရေးကို ထည့်သွင်းတင်ပြနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ညီလာခံအတွင်း “Response by parliamentarians to the urgent plea by the UN Secretary-General to recommit to multilateralism for global peace, justice and sustainability” ခေါင်းစဉ်နဲ့ အရေးကြီး အဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။
နိုင်ငံတကာ ပါလီမန်များညီလာခံကို CRPH က မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တက်ရောက်စဉ် အခုလို မြန်မာ့အရေးအတွက် အဆိုတင်သွင်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
ညီလာခံကာလအတွင်း မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ညီလာခံအစည်းအဝေးများ၊ အမှုဆောင် ကောင်စီအစည်းအဝေးတွေနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်ခဲ့ပါသေးတယ်။
ဒါအပြင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က နိုင်ငံတကာပါလီမန်များအဖွဲ့ရဲ့ ဥက္ကဋ္ဌ အပါအဝင် ဥရောပနဲ့ အာရှနိုင်ငံတွေက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်းတွေ့ဆုံးပြီး မြန်မာ့အရေးအတွက် သတင်းစကားပါးနိုင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဘန်ကောက်က မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မယ်

ဘန်ကောက်က မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်သွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ခေါင်းဆောင် ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။
Read More

အင်းစိန် စီအိုင်ဒီရုံးကို အဝေးထိန်းမိုင်း​​​​​ဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က အမှတ် (၂) မှုခင်းရဲတပ်ဖွဲ့ (CID) ရုံးကို ပြင်းအားမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်မှုမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သွားခဲ့ကြောင်း R.U.C စစ်ကြောင်း တာဝန်ခံ ကိုရဲခေါင်က မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ထိုင်း – မြန်မာနယ်စပ် မြဝတီနှင့်ကော့ကရိတ်သို့ စစ်ကူအများအပြား ပို့ဆောင်နေ 

အကြမ်းဖက်စစ်တပ်ဟာ မွန်ပြည်နယ်၊ သထုံမြို့နယ်ကတဆင့် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနဲ့ ကော့ကရိတ်မြို့ကို စစ်ကူအင်အားတွေ အလုံးအရင်းနဲ့ ပို့ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မြင်းခြံခရိုင် အထူးလှုပ်ရှားစစ်ကြောင်းကို ခရိုင်အတွင်းလှုပ်ရှားနေသည့် တပ်ရင်းတပ်ဖွဲ့ ၈ခုဖြင့် စတင်ဖွဲ့စည်း

အကြမ်းဖက်စစ်အုပ်စု အထိနာစေမယ့် စစ်ဆင်ရေးတွေအတွက် မြင်းခြံခရိုင်အတွင်းက တပ်ရင်းတပ်ဖွဲ့ ၈ ခုပေါင်းပြီး မြင်းခြံခရိုင် အထူးလှုပ်ရှားစစ်ကြောင်းအဖြစ် စတင်ဖွဲ့စည်းလိုက်ကြောင်း အဲ့ဒီစစ်ကြောင်းမှာ ပါဝင်တဲ့ Myingyan Black Tiger (MBT) က အသိပေးထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာလ ၂၈ရက်နေ့ညပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ အဲ့ဒီအသိပေးချက်ထဲမှာ မြင်းခြံခရိုင်အတွင်းက ပြန့်ကျဲနေတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို စုစည်းပြီး စစ်အုပ်စုအထိနာစေမယ့် စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်ဖို့ "မြင်းခြံခရိုင် အထူးလှုပ်ရှားစစ်ကြောင်း" ကိုဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ဆိုထားတာပါ။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစုဆောင်းခံရသူ လူငယ် ၂ ဦး ဟုမ္မလင်းမြို့နယ် (ပကဖ) ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီကို စစ်မှုထမ်းစုဆောင်းခံရသူ ၂ ယောက် အလင်းဝင်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်မြစ်ကြောင်းအတွင်း စစ်ကောင်စီရဲ့ စက်လှေ RPG ထိမှန် မီးလောင်ပျက်စီး၊ အယောက် ၂၀ ကျော် သေပြီး ၃၀ ခန့် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ သရက်ချောင်းမြို့နယ်ကို စုန်ဆင်းသွားတဲ့ စစ်ကောင်စီရဲ့ စစ်တန်း‌ကေးစက်လှေတစ်စီးကို တိုက်ခိုက်ချေမှုန်းရာ ၂၀ ကျော် သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။