စစ်ကောင်စီရဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရတဲ့ ရှေ့နေဒေါ်ရွက်နုအောင် ရရှိခဲ့တဲ့ နိုင်ငံတကာလူ့အခွင့်အရေးဆု “Ludovic Trarieux” ကို NUG ရဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက လက်ခံ ရယူပေးခဲ့ပါတယ်
ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံထားရတဲ့ ရှေ့နေဒေါ်ရွက်နုအောင် ကို အီတလီနိုင်ငံအခြေစိုက် IDHAE လူ့အခွင့်ရေးအဖွဲ့က ၂၀၂၄ ခုနှစ်အတွက် နိုင်ငံတကာလူ့အခွင့်အရေးဆု “Ludovic Trarieux” ကို ချီးမြှင့်ခဲ့တာပါ။
“ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်စစ်အုပ်စုကနေ မတရားဖမ်းဆီး အပြစ်ပေးမယ်ဆိုတာ သိပေမယ့် နိုင်ငံရေးအကျဉ်းသားတွေရဲ့ တရားရေးဆိုင်ရာ အခွင့်အရေးရရှိရေးကို သတ္တိရှိရှိကူညီဆောင်ရွက်ပေးတဲ့ သူမဟာ ဒီလူ့အခွင့်အရေးဆုနဲ့ ထိုက်တန်သူတစ်ဦး ဖြစ်ပါတယ်။ သူမပြောခဲ့ဖူးတဲ့စကားတစ်ခု ရှိပါတယ် “ကြားနာမှုမရှိပဲ ဘယ်သူမှစီရင်ပိုင်ခွင့်မရှိဘူး” ဆိုတဲ့စကားပါပဲ။ ဒီစကားအတိုင်းပဲ မတရားဖမ်းဆီးခံခဲ့ရသူတွေ တရားရေးဆိုင်ရာအခွင့်အရေးရဖို့ တက်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ် သူမကိုယ်တိုင်သာ ဒီအခမ်းအနားတက်ရောက်ပြီး စကားပြောကြားခွင့် ရရှိခဲ့မယ်ဆိုရင် ဒီဆုဟာ သူမထက် မြန်မာပြည်သူတွေရဲ့ဆုလို့ ပြောမယ်ထင်တယ် “ ဟု ဦးအောင်မျိုးမင်းက သူရဲ့ ဆိုရှယ်မီဒီယာမှာ ဖော်ပြရေးသားထားပါတယ်။
ဆုပေးပွဲအခမ်းနားကို အီတလီနိုင်ငံ၊ ရောမမြို့မှာကျင်းပခဲ့ပြီး IDHAE အဖွဲ့ရဲ့ ညီလာခံနောက်ဆုံးနေ့ဖြစ်တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
ဒေါ်ရွက်နုအောင်ဟာ လွတ်လပ်တဲ့တရားစီရင်ရေးပေါ်ထွန်းအောင် ကြိုးပမ်းလုပ်ဆောင်ခဲ့သလို နိုင်ငံရေး အကျဥ်းသားတွေရဲ့ တရားရေးဆိုင်ရာအခွင့်အရေးတွေရရှိဖို့ အားထုတ်ခဲ့တာကြောင့် ချီးကျူးဂုဏ်ပြုတဲ့ အနေနဲ့ ဆုပေးဖို့ရွေးချယ်ခဲ့တယ်လို့လည်း IDHAE အဖွဲ့က ပြောပါတယ်။
ဒေါ်ရွက်နုအောင်ဟာ မကြာသေးမီကမှ ကွယ်လွန်သွားတဲ့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေဖြစ်ပြီး ၂၀၂၂ ဧပြီလက ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီရဲ့ မတရားတဲ့ ဥပဒေတွေနဲ့ ထောင်သွင်းအကျဉ်းချခံထားရတာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

မော်လမြိုင်ကျွန်းမြို့ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အာဂတိလိုက်စားလို့ဆိုပြီး နယ်ပြောင်းရွှေ့ခံရ

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့က အကြမ်းဖက်စစ်တပ်လက်အောက်ခံ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ သီဟဇော်ကို အာဂတိလိုက်စားမှုနဲ့ ပုသိမ်တိုင်းရုံးမှာ ခေါ်စစ်ဆေးရာကနေ နိုဝင်ဘာ ၂ ရက်​မှာ မုံရွာမြို့ကို ပြောင်းရွှေ့လိုက်ကြောင်း စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

မန္တလေးတိုင်းရှိ NUG စိုးမိုး‌ကျေးရွာများမှ ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စိုးမိုး‌ကျေးရွာတွေမှာ ငလျင်ဒဏ်သင့် ပြည်သူတွေကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ NUG က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အင်းလေး PDF က တောင်ရိုး အမျိုးသားများ၏ (၁၆)ကြိမ်မြောက်အမျိုးသားနေ့ ဂုဏ်ပြုအခမ်းအနား ပြုလုပ်…

မတ်လ(၁)ရက်၊ တပေါင်းလဆန်း(၃)ရက် ဒီနေ့မှာ ကျရောက်တဲ့ တောင်ရိုး အမျိုးသားတွေရဲ့ (၁၆) ကြိမ်မြောက်အမျိုးသားနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၊အမှတ်(၁၀၀၉)တပ်ရင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တောင်ရိုးအမျိုးသားနေ့ ဂုဏ်ပြုအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းခြံ – တောင်သာလမ်းပိုင်းကို ညအချိန် အသုံးမပြုဖို့ မြင်းခြံ PDF သတိပေးထုတ်ပြန်

မန္တလေးတိုင်းထဲက မြင်းခြံ-တောင်သာလမ်းပိုင်းကို လာမယ့်မတ်လအကုန်ထိ ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း အလင်းရောင်မရှိချိန် အသုံးမပြုဖို့ မြင်းခြံခရိုင် PDF အမှတ် (၃)တပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။
Read More

ဖလမ်းမှာ တိုက်ပွဲတွေပြင်းထန်နေလို့ ပြည်သူတွေမြို့ထဲကို အဝင်အထွက်မလုပ်ဖို့ CNDF အသိပေး

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ စစ်ကောင်စီနဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မြို့အတွင်းအဝင်အထွက်ကို အများပြည်သူအနေနဲ့ လုံး၀မပြုလုပ်ဖို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က မနေ့က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ နဲ့ ဗျူဟာစစ်ကြောင်း (၁) ကို ကျည်ကာပစ္စည်းတွေ တပ်ဆင်ခဲ့…

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း၅၁၀၂ နဲ့ ဗျူဟာစစ်ကြောင်း (၁) ကို ကျည်ကာပစ္စည်းတွေ တပ်ဆင်ခြင်းအခမ်းအနား ရှေ့တန်းတနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။