မွန်ပြည်နယ်၊ ရေးမြို့မြောက်ပိုင်း၊ စံပြကျေးရွာထိပ်က စစ်ကောင်စီကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီရဲ့ မော့ကနင်အခြေစိုက် ခမရ ၅၈၈ တပ်က ဗိုလ်ကြီး လှိုင်မြင့်ထွန်းအပါဝင် ၁၂ ယောက်သေဆုံးခဲ့တယ်လို့ ရေးအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က​ မောင်းသတင်းဌာနကို ပြောပါတယ်။
အောက်တိုဘာ ၁၇ ရက်၊ မနက်အစောပိုင်းက ရေးမြို့နယ်၊ ဒုံဖီကျေးရွာအုပ်စု ၊ အမှတ် ၈ပြည်ထောင်စုလမ်းမကြီးပေါ်၊ စံပြရွာထိပ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ကင်းစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က မော့ကနင်အခြေစိုက် ခမရ ၅၈၈ တပ်က ဗိုလ်ကြီး လှိုင်မြင့်ထွန်းအပါအဝင် စစ်ကောင်စီတပ်သား ၁၂ ယောက် သေဆုံးပြီး ထွက်ပြေးသွားတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲ့ဒီတိုက်ပွဲထဲ ဒေါနစစ်ကြောင်း(၂) ရေးပြောက်ကျားတပ်ဖွဲ့က ရဲဘော်တစ်ယောက်နဲ့ အခြားရဲဘော် ၁ ယောက်လည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
” ဖြစ်စဉ်က မနက် ၅ နာရီကျော်လောက်မှာ ပတ်ကင်းဆင်းလာတဲ့ စကစ အဖွဲ့ နဲ့ ကျနော်တို့ အနောက်ပစ်ကူ အဖွဲ့ ထိုက်ညာ‌ တောင်ပံမှာဆုံပြီး ပစ်ခတ်မှု စကြတယ်ပေါ့။ နောက်ဆုံးသိရတဲ့သတင်းအရ ဗိုလ်ကြီးအဆင့် လှိုင်မြင့်ထွန်းအပါ ၁၂ ယောက် ကျပါတယ်။စခန်းသိမ်းတော့ မအောင်မြင်ခဲ့ပါဘူး ရန်သူ့လက်နက် ၂ လက်သာ ရခဲ့ပါတယ်။ ကျနော်တို့ရဲဘော် ၂ ယောက်လည်း အသက်ပေးလှူခဲ့ရပါတယ်။” လို့ ရေးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
အဲ့ဒီဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဆီက MA1နဲ့ MA2 သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့တယ်လို့လည်း အဆိုပါတပ်ဖွဲ့ဝင်က ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီက အဲ့ဒီကင်းစခန်းကို ခမရ ၅၈၈ တပ်ကနေ စစ်ကူအင်အားတွေ ထပ်မံဖြည့်ထားတယ်လို့လည်း သိရပါတယ်။
ပုံစာ – ရေးမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

မွန်ပြည်နယ်တဝိုက် စစ်ကောင်စီလက်အောက်ခံ အဖွဲ့စုံမှ အကြောင်းပြချက်မျိုးစုံဖြင့် ဆိုင်ကယ်ဖမ်းဆီးမှုများ လုပ်ဆောင်နေ

မွန်ပြည်နယ်က မြို့နယ်တွေမှာ ဆက်တိုက်ဆိုသလို လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုတွေကို စစ်ကောင်စီလက်အောက်ခံ အဖွဲ့စုံက လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

နယ်မြေရှင်းလင်းရေးစစ်ကြောင်းမှ စစ်ကော်မရှင်တပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံ စစ်ကော်မရှင်တပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဖြူးမြို့နယ်တွင် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး စစ်သား ၂ဦးသေဆုံး

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှာ အတုအယောင်ရွေးကောက်ပွဲအတွက် လုံခြုံရေးစစ်ဆေးတဲ့ စစ်သားတွေကို တိုက်ခိုက်ရာ စစ်သား (၂)ယောက်သေဆုံးပြီး ထိခိုက်သူတွေ ရှိခဲ့တယ်လို့ ဧရာဝတီအမှတ် (၃)တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဇန်နဝါရီလ (၂၃)ရက်၊ မနေ့ မနက်ပိုင်းက ဖြူးမြို့နယ်၊ ဇောင်းလျှားခုံကျေးရွှာဆီ ရှောင်တခင် ဝင်ရောက်ဝင်ရောက်စစ်ဆေးတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတက်ဖွဲ့ဝင်တွေက လက်ဦးမှုရယူပြီး တိုက်ခိုက်ခဲ့နိုင်တယ်လို့ သိရပါတယ်။
Read More

ထိန်းချုပ်ဒေသများအတွင်း ကျားဖြန့်လုပ်ငန်းများကို ကာကွယ်ပေးနေသည်ဟု သတင်းထွက်ပေါ်နေမှုအား TNLA ငြင်းဆို

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ဒေသတွေအတွင်း ကျားဖြန့်လုပ်ငန်းတွေကို အကာအကွယ်ပေးနေတယ်လို့ သတင်းထွက်ပေါ်နေမှုတွေအပေါ် TNLA က ဒီနေ့ ဩဂုတ်လ ၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆိုလိုက်ပါတယ်။
Read More

အင်းစိန် စီအိုင်ဒီရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၂ ယောက်သေပြီး ၁ ယောက်ဒဏ်ရာရ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က စီအိုင်ဒီ ရုံးအနောက်ပေါက်ဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ တာဝန်ကျရဲ ၂ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ Mother Son Yangon Force မြို့ပြ UG အဖွဲ့တာဝန်ခံ ဗိုလ်နိုင်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မန္တလေး ရွှေနန်းသုခရွှေဆိုင် ဓားပြတိုက်ခံရ၊ ပစ်ခတ်မှုဖြစ်ပွားပြီး လူထိခိုက်မှုများ ရှိ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ရွှေနန်းသုခရွှေဆိုင် ဓားပြတိုက်ခိုက်ခံရပြီး စစ်ကောင်စီနဲ့ ဓားပြတွေကြား ပစ်ခတ်မှုဖြစ်ပွားကာ လူထိခိုက်မှုတွေရှိခဲ့ကြောင်း Voice Of Mandalay နဲ့ ဒေသခံတွေဆီက သိရပါတယ်။