မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကိုင်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီက စစ်​ကြောင်းဝင်ရင်း ကိုယ်ဝန်ဆောင်သည်အပါဝင် အမျိုးသမီး၂ယောက်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ အဖွဲ့ဝင် ၂ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ Cobra One အဖွဲ့တာဝန်ခံ ဗိုလ်မြွေဟောက်က မောင်းသ​တင်းဌာနကို ပြောပါတယ်။
အောက်တိုဘာ ၁၇ ရက် မနက်အစောပိုင်းက ပခုက္ကူမြို့နယ်၊ ကိုးပင်ကျေးရွာကနေ ထွက်ခွာလာတဲ့ အင်အား ၇၀ ပါအကြမ်းဖက်စစ်ကြောင်းဟာ ကိုင်းကျေးရွာကို ဝင်ရောက်စီးနင်းရင်း နယ်မြေခံပကဖ ၂ ယောက်နဲ့ အမျိုးသမီးတွေကို ရက်ရက်စက်စက်သတ်ဖြတ်သွားတာလို့ သိရပါတယ်။
” မနက်စောစော ၅ နာရီလောက်မှာ အလစ်အငိုက် ဝင်စီးတယ်လို့ ပြောရမယ်။ စစချင်း အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်သေးတယ်။ ပကဖရဲဘော် ၂ ယောက်ကတော့ ခုခံရင်းနဲ့ပဲ အသက်ပေးလိုက်ရတယ်။ တစ်ချိန်တည်းမှာပဲ အမျိုးသမီး ၂ ယောက်ကိုပါ သတ်သွားတယ်ပေါ့။ အဲ့မှာ တစ်ယောက်က အရပ်သူပါ။ နောက်တစ်ယောက်က ကိုယ်ဝန် ၆ လလောက်ရှိနေပြီ။ ပကဖ ရဲဘော်တစ်ယောက်ရဲ့ အမျိုးသမီးပါ။ အမျိုးသားဖြစ်သူကတော့ လွတ်သွားတယ်။ အသတ်ခံထားရတဲ့သူတွေရဲ့ခန္ဓာကိုယ်ပေါ်မှာ ဓားဒဏ်ရာတွေရော သေနတ်ဒဏ်ရာတွေရော စုံနေတာပါပဲ။ ရက်ရက်စက်စက်လုပ်သွားတာပါ။” လို့ Cobra One အဖွဲ့တာဝန်ခံ ဗိုလ်မြွေဟောက်က မောင်းသ​တင်းဌာနကို ပြောပါတယ်။
အဲ့ဒီလိုဝင်ရောက်စီးနင်းမှုထဲ ပကဖ ရဲဘော်တွေရဲ့ ပြန်လည်ခုခံမှုကြောင့် စစ်ကောင်စီတပ်က ရာထူးကြီးသူ ၁ ယောက်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကိုင်းကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထွက်ပြီးတာနဲ့ ၂ မိုင်အကွာမှာရှိတဲ့ အင်ပင်ရွာထဲ ဝင်ရောက်တပ်စွဲနေတဲ့အတွက် အဲ့ဒီနေ့ညပိုင်းမှာပဲ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Cobra One အဖွဲ့တာဝန်ခံ ဗိုလ်မြွေဟောက်က ပြောပါတယ်။
“စစ်ကြောင်းဝင်တယ်လို့ သတင်းကြားတယ်ဆိုတာနဲ့ ကျနော်တို့အဖွဲ့လည်း ချက်ခြင်းပဲ စစ်ကူပေးဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်က ပြည်သူတွေကိုပါ ဓားစာခံဖမ်းထားလို့ ထင်သလောက် မလွယ်လိုက်ဘူးပေါ့။ အဲ့တာကြောင့် ညပိုင်း ၉ နာရီလောက်မှာ သူတို့စစ်ကြောင်း ကိုင်းရွာဘက်ကို ပြန်ထွက်ဖို့ပြင်နေတဲ့အချိန်မှာ ရော့ကတ် ၇ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ” လို့ Cobra One အဖွဲ့တာဝန်ခံ ဗိုလ်မြွေဟောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Cobra One အဖွဲ့အနေနဲ့ လက်ရှိမှာ စစ်ကောင်စီတပ်စခန်းတွေဆီ ပိုပြီးဝေးဝေးနဲ့ ထိရောက်အောင် ပစ်နိုင်တဲ့ရော့ကတ်တွေကို ကိုယ်တိုင်ကိုယ်ကျ အဆင့်မြှင့်တင်ထုတ်လုပ်နေရာ ကုန်ကျစရိတ်မြင့်မားနေတာကြောင့် ပြည်သူတွေအနေနဲ့ ကူညီပေးကြဖို့ တိုက်တွန်းထားပါသေးတယ်။
ပုံစာ – အကြမ်းဖက်စစ်သားများ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

မင်းဘူးခရိုင် PDF အမှတ် ၅ တပ်ရင်းမှ ကျဆုံးရဲဘော်များကို ရည်စူးပြီး ဝါဆိုသင်္ကန်းကပ်လှူ ကုသိုလ်ပြု (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းက ဝါတွင်းကာလမှာ ကျဆုံးရဲဘော်တွေကို ရည်စူးပြီး ဝါဆိုသင်္ကန်းကပ်လှူ ကုသိုလ်ပြုခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အင်အားကြီးနိုင်ငံတစ်ခုတည်းအပေါ် မမှီခိုဘဲ မိတ်ဖက်များများ ထားရမည်ဟု မင်းအောင်လှိုင် ဆိုပြန်

အင်အားကြီး စူပါပါဝါ နိုင်ငံတစ်ခုတည်းအပေါ် မှီခိုမှုကို လျှော့ချဖို့ လိုအပ်ပြီး မိတ်ဖက်နိုင်ငံများများ ထားရှိရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ပုလဲမြို့က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁ယောက်ကို ချင်းတွင်းကာကွယ်ရေး အထူးတပ်ဖွဲ့ (CDF) ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ လဝကရုံးကနေ ကိုယ်လွတ်ရုန်းထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့(CDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မြိုင်မှာ စစ်အုပ်စုတပ်စွဲထားတဲ့ ကန်နီပျူရွာထဲ ဒရုန်းတွေနဲ့ ဗုံးသီးကြဲချ၊ မြေပြင်ကပါ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ပျူစောထီးရွာထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ဒရုန်းတွေနဲ့ သွားရောက်ဗုံးချရင်း မြေပြင်မှာပါ ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ကြောင်း ဗစ် တာ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်မှုထမ်းဖို့ မဲပေါက်ပြီး ထွက်ပြေးရင် နေအိမ်မီးရှို့မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးဟာ ကျေးရွာမှာရှိတဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ ခြိမ်းခြောက်ဖိအားပေးနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ က ထုတ်ပြန်လာပါတယ်။ 
Read More

အမေရိကန်ရောက် မြန်မာများ ပြန်လာပြီး မဲပေးရန် ဇော်မင်းထွန်း ပြော

အမေရိကန်နိုင်ငံအစိုးရရဲ့ မြန်မာနိုင်ငံသားတွေ‌‌ကိုပေးထားတဲ့ ယာယီခိုလှုံခွင့် (TPS) ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး စိုးရိမ်စရာမလိုဘဲ မြန်မာနိုင်ငံပြန်လာပြီးတော့ မဲပေးနိုင်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီနေ့ ပြောဆိုလိုက်ပါတယ်။