ရခိုင်ပြည်နယ်၊ ဂွမြို့မှာ အကြမ်းဖက်စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်လာနေပြီး ဧရာဝတီတိုင်းအစပ်ကပါ သေနတ်သံနဲ့ လက်နက်ကြီး ပစ်ခတ်သံတွေပါ ကြားနေရတယ်လို့ ဧရာဝတီတိုင်းနဲ့ ရခိုင်ရိုးမအစပ်မှာ နေထိုင်သူတွေဆီက သိရပါတယ်။
ရက္ခိုင့်တပ်တော် AA က ဂွမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်လာနေတာဖြစ်ပြီး တစ်ရက်ထက်တစ်ရက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေတယ်လို့ သိရပါတယ်။
“လက်နက်ကြီးသံတွေကတော့ အတိုင်းသားကြားနေရတယ်၊ သေနတ်သံတွေလည်းကြားနေရတယ်၊ ဧရာဝတီတိုင်းနဲ့ အရမ်းနီးလာနေတဲ့ပုံရှိတယ်၊ ပုသိမ်မြို့မှာရှိတဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်ကနေလည်း စစ်သားအင်အားအများအပြားကို ဂွမြို့ဘက် ၃ ရက်တခါလောက် ပို့ပေးနေတယ်၊ ဂွမြို့ဒေသမှာ စစ်သားအသေအပျောက်တွေ များနေတာလားမသိဘူး”လို့ ရွှေသောင်ယံကျေးရွာက ဒေသခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
ရွှေသောင်ယံနဲ့ ချောင်းသာက တစ်ဆက်တည်း ရှိနေတာဖြစ်ပြီး ကုန်းလမ်းရော၊ ရေလမ်းကပါ အလွယ်တကူ ဝင်ရောက်လာနိုင်တာကြောင့် ဧရာဝတီတိုင်းအတွင်းက ရခိုင်ပြည်နယ်နဲ့ တိုက်ပွဲတွေ ပြင်းထန်လာနေပြီး ဒေသအတွင်း တိုက်ပွဲတွေဖြစ်မှာကိုပါ စိုးရိမ်နေကြရတယ် လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။
ရခိုင်ပြည်နယ် တိုက်ပွဲတွေကြောင့် ဂွမြို့နယ်က ဒေသခံတွေ ဧရာဝတီတိုင်းအတွင်းထဲ စစ်ဘေးရှောင်လာရသူ အများအပြားရှိလာနေပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကလည်း ဂွမြို့နဲ့အနီးတဝိုက်က ကျေးရွာတွေကို လေကြောင်းအသုံးပြုကာ ဗုံးကြဲတာတွေ ရှိလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုံစာ – ရခိုင်ပြည်နယ်အတွင်း ဒဏ်ရာရ အကြမ်းဖက်စစ်သားကို သယ်ယူနေပုံ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

မကွေးတိုင်း ပကဖ ရဲ့ ပြည်သူ့ဆက်ဆံရေး ဆင့်ပွါးသင်တန်း… (ဓာတ်ပုံသတင်း)

မကွေးတိုင်lအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က နယ်မြေထိန်းချုပ်ထားတဲ့ လွတ်မြောက်ရာတစ်နေရာမှာ “ပြည်သူ့ဆက်ဆံရေး ဆင့်ပွါးသင်တန်း”ကို မကွေးတိုင်း ပကဖ က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အာဏာသိမ်းစစ်တပ် သက်သေ တစုံတရာ ပြသမှုမရှိဘဲ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းသည်ဟု စာထုတ်

အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်ပြီး ဖြစ်နိုင်တယ်ဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့နောက် ဒီအပေါ် မဟုတ်မမှန်ကြောင်း စစ်ကော်မရှင်က ငြင်းဆိုချက် ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူတွင် လက်နက်ချဖို့ ငြင်းဆန်သည့် ပျူစောထီးများ စီးနင်းတိုက်ခိုက်ခံရ၊ ၃ဦး သေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ သတိပေးချက်အတိုင်းလက်နက်ချအညံ့မခံတဲ့ ​ပျူစောထီးတွေကို သွားရောက်တိုက်ခိုက်ရာ ၃ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ Earthquake People's Defence Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မတ္တရာမှာ စစ်အုပ်စုတွေကို လက်လုပ်စိန်ပြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၂ ယောက်သေ…

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေကို လက်လုပ်စိန်ပြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၂ ယော​​က်သေဆုံးခဲ့တယ်လို့ Never Give Up Fox Force :NGUFF အဖွဲ့ဆီက သိရပါတယ်။
Read More

ဆားတောင်မြို့မှာ စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့မှာ ပြည်သူတွေဆီက ဆက်ကြေး ကောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Royal Falcon Guerilla Force (Sadaung Falcon) က ထုတ်ပြန်ပါတယ်။
Read More

အိုးဘိုထောင်တွင် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရထားသည့် အကျဉ်းသားများကို စစ်ကောင်စီ ဆေးကုခွင့် ကန့်သတ်ထား

ငလျင်ဒဏ်ကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ထားတဲ့ မန္တလေး အိုးဘိုထောင်က အကျဥ်းသား၊သူတွေကို စစ်ကောင်စီက ဆေးကုသခွင့် ကန့်သတ်ထား​ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းကို ပြောပါတယ်။