အောက်တိုဘာ ၁၇ ရက် မနေ့က ကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) မှာ မြေပြင်တော်လှန်ရေးရဲဘော်တွေဆီကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သွားရောက်တွေ့ဆုံခဲ့ပြီး ရဲဘော်တွေကလည်း ပြည်ထောင်စုဝန်ကြီးချုပ်ကို  အလေးပြုခြင်းနဲ့ ဂါရဝပြုကန်တော့ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

(ဓာတ်ပုံ NUG)

0 Shares:
You May Also Like
Read More

တန့်ဆည်မြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်၊ ဗိုလ်အပါ ၈ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ဗိုလ်အပါအဝင် ၈ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အုတ်ဖိုမှာ ကင်းထောက်နေတဲ့ PDF တစ်ယောက် စစ်ကောင်စီတပ်တွေနဲ့ တိုးကာ အသတ်ခံရ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ရိုးမအစပ်မှာ စစ်ကောင်စီ စစ်ကြောင်းကို ကင်းထောက်နေတဲ့ PDF ရဲဘော် ၁ယောက် စစ်ကြောင်းနဲ့ တိုးကာ သတ်ဖြတ်ခံလိုက်ရတယ်လို့ သာယာဝတီခရိုင် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံံထံက သိရပါတယ်။
Read More

ချင်းကာကွယ်ရေးတပ် – အရှို ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဥ် ၆ သင်တန်းဆင်းပွဲ

ချင်းပြည်နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ် - အရှို ( CDF - Asho ) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၆ သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

သင်္ချိုင်းကုန်းထဲ ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုတွေ တိုက်ခိုက်ခံရပြီး ရဲနဲ့ပျူ ၆ယောက် သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ​ကြို့ပင်ကောက်မြို့နယ်မှာ သင်္ချိုင်းကုန်းထဲ ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုတွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ရဲ၂ယောက်နဲ့ ပျူစောထီး၄ယောက်သေဆုံးပြီး စစ်တပ်သတင်းပေး၁ယောက်ကိုလည်း ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Black Dragon GBK-PDF တပ်ခွဲမှူး ရိုးမနဂါးက မောင်းကို ပြောပါတယ်။
Read More

မလှိုင်မှာ ရှေ့တန်းပို့ခံရမှာကြောက်လို့ ထွက်ပြေးတဲ့ ရဲတွေကို စစ်ကောင်စီ လိုက်လံရှာဖွေနေ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့မှာ ရှေ့တန်းပို့ခံရမှာစိုးတာကြောင့် ရဲတပ်ဖွဲ့ဝင်တချို့ ထွက်ပြေးတိမ်းရှောင်နေပြီး စစ်ကောင်စီက လိုက်လံရှာဖွေနေကြောင်း မလှိုင်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

KK Park ကနေ ထွက်ပြေးလာတဲ့ အိန္ဒိယနိုင်ငံသား ၂၇၀ ထိုင်းကတဆင့် နေရပ်ပြန်

ပြီးခဲ့တဲ့လက KK Park စီးနင်းမှုအပြီးမှာ ထွက်ပြေးလာကြတဲ့ အိန္ဒိယနိုင်ငံသား စုစုပေါင်း ၂၇၀ ဦးကို ထိုင်းနိုင်ငံမှတဆင့် ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန (MEA) က နိုဝင်ဘာ ၇ ရက် သောကြာနေ့မှာ ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က အပတ်စဉ် သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့တာဖြစ်ပြီး ထိုင်းမှာပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသားတွေကို ကြာသပတေးနေ့က အထူးလေယာဉ်နှစ်စီးနဲ့ ပြန်ခေါ်ခဲ့ကြောင်း၊ လာမဲ့ရက်တွေထဲ နောက်ထပ်ပြန်လာမဲ့သူတွေလည်းရှိကြောင်း သိရပါတယ်။